Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ထူးပ

Typhoon Ketsana ပြီးနောက်... Parma, Melor နှင့် Eighteen (ယာယီ)

မိုးလေ၀သ ခန့်မှန်းချက်အနေဖြင့် စက်တင်ဘာလကုန်ဆိုရင် မုတ်သုန်လေ မြန်မာနိုင်ငံမှ အပြီးထွက်ခွာမယ်လို့ သိထားခဲ့ပါတယ်။ မုတ်သုန်လေဆုတ်ပြီဆိုရင် မိုးနည်းပြီလို့ ထင်ခဲ့မိသည်။ သို့ပေမယ့် ပြီးခဲ့သည့်၂၉ ရက် အင်္ဂါနေ့က မိုးသည်းထန်လိုက်တော့ ရန်ကုန်မြို့တခွင် ရေတွေလျှံကုန်ပြီး လမ်းတွေမှာ ကားတွေကျပ်ကုန်ပါတယ်။ ရွာတုန်းကလည်း ရေပါ၊ ရွာချိန်ကလည်း ကြာ ဆိုတော့ ဘာပြောကောင်းမလဲ၊ မြေနိမ့်ပိုင်းမှာဆောက်တဲ့ နေအိမ်တွေမှာ ရေတွေလျှံကုန်၊ ရေမြောင်းတွေလည်း လျှံ၊ တစ်ချို့အိမ်ထဲထိ ရေတွေဝင်၊ တစ်ချို့အိမ်တွေလည်း ခြံစည်းရိုး အုတ်တံတိုင်းပါ ပြိုလဲတဲ့အထိကို ဖြစ်ခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံ တစ်ခုတည်းလာဆိုတော့ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက Typhoon Ketsana ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ ရေလျှံ၍ အိမ်တွေရေမြှုပ်ပြီး ဒုက္ခရောက်ခဲ့လို့ ကယ်ဆယ်ရေးအစီအစဉ်တွေပါ လုပ်ခဲ့ရပါတယ်။ ထိုမုန်တိုင်းကြောင့် လူဦးရေ ၂သန်းခန့် မုန်တိုင်းဒဏ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ယနေ့အထိ သေဆုံးသူပေါင်း ၃၀၀ ခန့်ရှိနေပါပြီ။ Philippines က ၂၄၆ ဦး၊ Vietnam က ၃၈ ဦး နှင့် Cambodia မှာ ၉ ဦး ရှိနေပါတယ်။ ဒီထက်လည်း စာရင်းတိုးလာဘို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ထို Ketsana မုန်တိုင်းသည် ဗီယက်နမ်ကုန်းတွင်းပိုင်းကို လွန်ခဲ့သည့် ရက်အတွင်းက ၀င်ရောက်သွားခဲ့ပြီး မိုးရေချိန် ၁၃ လက်မအထိ ရွာသွန်းခဲ့ပါတယ်။ ဒါဟာလည်း နှစ်၄၀ အတွင်း စံချိန်တင်တဲ့ မိုးရွာသွန်းမှုပါတဲ့။ ဒီမုန်တိုင်းဒဏ်ကြောင့် အဓိက ဆိုးရွားစွာ ခံစားခဲ့ရသည့် နိုင်ငံမှာ Philippines ဖြစ်သည်။ မြို့တော်မနီလာ၏ ၈၀% အထိ ရေနစ်မြုပ်ခဲ့ရသည်။ ယခုထိအသေအပျောက်စာရင်းတိုးလာတုန်း ရေကြီးမှုဒဏ်ကို ခံရတဲ့ နေရာများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေတုန်းပဲဖြစ်သည်။
သဘာဝတရားက လူတွေ လုပ်တာမဟုတ်ဘူး ဆိုပေမယ့် လူသားတွေရဲ့ အပြုအမူတွေ ကြောင့် ပြောင်းလဲလာတာကို သိသာစေပါတယ်။ Philippines အနီးတစ်ဝိုက်မှာ နောက်ထပ် မုန်တိုင်း ၃ လုံးရှိနေသေးပါတယ်လို့ မုန်တိုင်းသတင်းထုတ်ပေးနေပြန်တဲ့
Tropical Storm Risk ကသတင်းထုတ်ပြန်ထားပါတယ်။ သိချင်သူများ Tropical Storm Risk တွင်သွားရောက် လေ့လာနိုင်ပါတယ်။ နေ့တိုင်းသွားမကြည့်နိုင်ပါကလည်း ဒီနေရာမှာ သွားရောက် Register လုပ်၍ မုန်တိုင်းသတင်းများကို မပြတ် သတင်းရယူနိုင်ပါတယ်။ မုန်တိုင်းရဲ့အဆင့်သတ်မှတ်ချက်၊ လေတိုက်နှုန်း၊ နဲ့ လာမယ့် ၁၂နာရီ၊ ၂၄နာရီ မှ စ၍ လာမယ့် ၁၂၀နာရီအထိ မုန်တိုင်းရဲ့ အားပြင်းမှုကို ခန့်မှန်းပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက် က မုန်တိုင်းအဆင့်စဖြစ်မှ အမည်ပေးသတ်မှတ်၍ စတင်သတင်း ပေးမည်ဖြစ်သည်။
ဒါကတော့ Tropical Storm Risk (TSR)က
Typhoon PARMA: Current Data ကို ထုတ်ပြန်ထားတဲ့ ပုံစံပါ။

Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
1 Oct, 0:00 0 hrs 11.8 N 131.1 E 130 kts 4 Click Here Click Here Click Here
FORECAST DATA
Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
1 Oct, 12:00 12 hrs 13.1 N 128.6 E 135 kts 4 To 12 hrs To 12 hrs Click Here
2 Oct, 0:00 24 hrs 14.5 N 126.4 E 140 kts 5 To 24 hrs To 24 hrs Click Here
2 Oct, 12:00 36 hrs 15.6 N 125.1 E 140 kts 5 To 36 hrs To 36 hrs Click Here
3 Oct, 0:00 48 hrs 16.7 N 123.7 E 145 kts 5 To 48 hrs To 48 hrs Click Here
4 Oct, 0:00 72 hrs 17.6 N 122.8 E 125 kts 4 To 72 hrs To 72 hrs Click Here
5 Oct, 0:00 96 hrs 18.8 N 121.6 E 120 kts 4 To 96 hrs To 96 hrs N/A
6 Oct, 0:00 120 hrs 20.1 N 121.0 E 120 kts 4 To 120 hrs To 120 hrs N/A
PAST DATA
Current Update 1 Oct, 2009 0:00 Prior Wind Affected Areas TS and Cat 1 Winds
PAST AND FORECAST TRACK

Storm Tracker Map

မုန်တိုင်းမဖြစ်ခင် လေဖိအားနည်း အစပျိုးချိန်မှစ၍ သိလိုပါက Navy/NRL Monterey Marine Metrology မှာသွားရောက်ကြည့်ရှု့၍ သိနိုင်ပါတယ်။ သူ့ရဲ့ထူးခြားမှုက လေဖိအားနည်း ရပ်ဝန်းများကစ၍ သတင်းယူနိုင်ပြီး မုန်တိုင်းဖြစ်နေပုံကို ဂြိုလ်တုမှတစ်ဆင့် တစ်နာရီတစ်ခါ ရိုက်ကူးထားသည့် ဓါတ်ပုံနှင့်တစ်ကွ မြင်တွေ့ရမှာပါ။ အောက်တွင် ယခုနောက်ဆုံး ဖြစ်ပေါ်နေသော PARMA အမည်ရှိ မုန်တိုင်းကို မြင်တွေ့ရပုံပါ။
Latest ATCF Track: smwp192009.09100100.gif smwp192009.09100100.gif thumbnail

Latest vis/geo/1km_zoom/20091001.0630
sm20091001.0630.gms6.x.vis1km_high.19WPARMA.130kts-926mb-124N-1296E.100pc.jpg thumbnail
ဒီလိုမိုးလေ၀သသတင်း၊ မုန်တိုင်းသတင်းများဖြစ်တဲ့ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေတယ်၊ ဘာဖြစ်ဦးမလဲ ဆိုတာကို သူများသွားမေးစရာမလိုတော့ပါ။ အများသူငါပြောတဲ့သတင်း ဟုတ်မဟုတ်ဆိုတာလည်း ကိုယ်တိုင်လေ့လာ၍ ချင့်ချိန်နိုင်ပါက မလိုအပ်ဘဲ ထိပ်လန့်စရာမလို အန္တရာယ်ကိုလည်း ကြိုတင်သိ၍ ကာကွယ်မှု ပြုလုပ်နိုင်မည်မို့ အကျိုးပြုစေမယ့် ဗဟုသုတနေရာလေးကို သတင်း ပေးလိုက်ပါတယ်။

Tags: weather

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service