လူသားတိုင်း ကိုယ့်ရဲ့အသက်ကိုတန်ဖိုးထားကြသူပါ။
သွားလာကြရင်း ပြသနာတွေလည်းမဖြစ်ချင်ကြဘူးလေ။
ဒါပေမဲ့၊ ဒီနေ့တွေ့ကြုံနေရတဲ့ အဖြစ်တွေကတော့ လုံးဝကို မဖြစ်သင့်တဲ့ အရာပါဘဲ။
လိုင်းကားမောင်းတဲ့လူတချို့ဟာ ကိုယ့်အတွက် ငွေလေး ငါးရာလောက် ရဖို့အရေးကို
ခရီးသည်တွေရဲ့ အသက် ကိုမငဲ့ကွက်ဘဲအပြိုင်အဆိုင် မောင်းနှင်နေတာက အလွန်စိတ်ပျက်စရာ
ကောင်းပါတယ်။ တစ်ခုခုဖြစ်သွားခဲ့ရင် ခရီးသည်တွေဘဲအများဆုံးနာကြင်ထိခိုက်ဒါဏ်ရာရမှာပါ။
တကယ်လို့များ သူတို့ရဲ့သားသမီးတွေသာခရီးသည်အဖြစ်နဲ့ လိုက်ပါစီးနင်းခဲ့မယ်ဆိုရင် ဆိုတဲ့ အတွေးမျိုး
ကားမောင်းသူတွေဆီမှာရှိခဲ့မယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲဗျာ ။ ။ ။
Tags:
Share
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network