စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၁၀၃ ပြည့် ရှမ်းနှစ်သစ်ကူးပွဲတော် ကတော့ 22.11.2008 ကအောင်မြင်စွာနဲ့ကျင်းပပြီးစီးသွားပါပြီ။ ရှမ်းပြည်မှာမွေးတဲ့ ကျွန်တော့်တို့ တောင်ပေါ်သားတွေ ဒီလို့ပွဲမျိုး ဘယ်အလွတ်ပေးပါ့မလဲဗျာ။ရောက်အောင်သွားခဲ့ပြီးနှစ်သစ်ကူးခဲ့တာပေါ့။ ရှမ်းအိုးစည်သံတွေလဲ မကြားရတာ ကြာပြီမလား။ ကိုထီး(ပီထီး)ရဲ့ "ရှမ်းစကားလည်းမကြားရတာကြာပြီ အမေ့သားလည်းလွမ်းလို့နေပြီ" ဆိုတဲ့ သီချင်းလေးတောင် ပြေးပြီးသတိရမိတယ်။ ပွဲမတိုင်ခင် သီချင်းတွေတိုက်၊ အကတွေတိုက်နေကတည်းက မအားမလပ်တဲ့ ကြားကနေ သွားကြည့်ဖြစ်သေးတယ်။ ရှမ်းမလေးတွေကလည်း ချောတယ်မလား.ဟဲဟဲ။
မနေ့က ပွဲတော်ကျင်းပရာ ခန်းမရောက်တာတော့ လက်မှတ်ပြပြီး ထိုင်ခုံနေရာအတွက် စတေကာတစ်ခုနဲ့ ရှမ်းရိုးရာ အစားအသောက်တွေယူပြီးနေရာယူလိုက်ကြတယ်။ရှမ်းရိုးရာအစားသောက်တွေကတော့ကောက်ညှင်းထမင်း၊ငါးအုန်း၊ရှမ်းဝက်အူချောင်းအစပ်၊
မုန်းညှင်းချဉ်သုပ်၊ နမ့်ဖြစ်ထောင်း နှင့် တို့စရာ၊ တို့ဟူးခြောက်ကြော် တွေရရှိပါတယ်။ ဒီပွဲကို အထူးဖိတ်ကြားထားတဲ့ ရှမ်းအဆိုတော် စိုင်းအောင်ထီးခမ်း နှင့် တင့်တင့်ထွန်းတို့ လာရောက်ဖျော်ဖြေသွားခဲ့ပါတယ်။ ရှမ်းပွဲတွေမှာ မပါမဖြစ် တိုးနယားအက၊ ကိန္နရီ ကိန္နရာ အက၊ ဓားသိုင်းအကတွေ နဲ့လည်းတင်ဆက်သွားခဲ့ပါတယ်။ စစ်စောင်ပနား ဝတ်စုံလေးတွေဝတ်ပြီး ရှမ်းမချောချောလေးတွေကလည်း နုးညံ့တဲ့ ကကွက်လေးတွေနဲ့တင်ဆက်သွာတယ်။ စိုင်းအောင်ထီးခမ်းက ရှမ်းသီချင်းတစ်ချို့နဲ့ သူ့အစ်ကို စိုင်းထီးဆိုင်ရဲ့သီချင်းတွေကို အလွမ်းပြေ သီဆို သွားလေရဲ့။ အဆိုတော် မတင့်ကတော့ သူ့ရဲ့နာမည်ကျော်သီချင်းတွေကို မြူးမြူးကြွကြွ သီဆိုသွားတဲ့အပြင် ရှမ်းဝတ်စုံလေးဝတ်ပြီး စိုင်းဆိုင်မော(လ်)ရဲ့ရှမ်းပဲပုတ်လေးကျွန်တော်သီချင်းနဲ့ကြွရောက်လာတဲ့ပရိတ်သတ်ကိုပျော်ရွှင်စေခဲ့ပါတယ်။နောက်ဆုံးမှာစိုင်းအောင်ထီးခမ်းက
လက်တီး သီချင်းကို သီဆိုပြီး စင်အောက်က ရှမ်းညီအစ်ကို မောင်နှမတွေအားလုံး စင်ပေါ်တက်ကလို့ ပျော်ပျာ်ရွှင်ရွှင်နဲ့ ပွဲသိမ်း ခဲ့ပါတယ်။
ဓာတ်ပုံတစ်ချို့ကိုဒီမှာကြည့်ပေးပါ။
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network