Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

sulatt

သိသင့်တယ်ထင်တာပဲလေ…

သိသင့်တယ်ထင်တာပဲလေ….
လက်တွင်ငါးညှီနံစွဲနေလျှင်…
သံပုရာရည်နှင့်ဆားကိုရောပြီးလက်ကိုပွတ်တိုက်ပါ။
ငါးညှီနံများတခဏအတွင်းပျောက်ကင်းသွားမည့်အပြင်
သင့်၏လက်ဖ၀ါးနှင့် လက်ချောင်းလေးများပါ ပိုမိုနူးညံ့
လှပလာပါလိမ့်မည်။

ပလက်စတစ်ခွက်များအနံဆိုးပျောက်လိုလျှင်…
ပလက်စတစ်ခွက်များသည်ကြာလျှင်ပေရေ၍
မလိုလားအပ်သောအနံဆိုးများစွဲကပ်တတ်သည်။
သဲဆပ်ပြာ၊သံမဏိချည်ခင်၊စသည်တို့ကိုမသုံးပါနှင့်။
ဆပ်ပြာမှုန့်ဖြူး ရေနွေးနှင့်ဆေးကြောပြီး အခြောက်ခံ
ထားပါ။ထို့နောက် သတင်းစာစက္ကူအဟောင်းများကို
လုံးချေပြီး ထိုးသိပ်၍ထည့်ထားပါ။နောက်နေ့နံနက်
တွင်အနံအသက်ပျောက်ကင်းနေပါလိမ့်မည်။
(မှတ်ချက်။ ။ သတင်းစာရိုက်ဆေးမည်းသည် အနံစုပ်သော
သတ္တိထူးရှိသည်။မဂ္ဂဇင်းရောင်စုံစာရွက်ကို မသုံးပါနှင့်
သတင်းစာစက္ကူ အဖြူအမည်းကိုသာသုံးပါ။)

ပေရေနေသောသတ္တုအိုးသန့်ရှင်းစေရန်နှင့်
အ၀ကျဉ်းသောပလင်းဆေးရန်အတွက်
ပေရေနေသော သတ္တုအိုး၊ခွက်၊ပန်းကန်ပြားများ
ကိုသန့်ရှင်းစေရန်၊ပြောင်လက်လာစေရန် တိုက်ချွတ်
ရသည်မှာပင်ပန်း၍ အဆင်မသင့်လျှင်လက်သည်းများ
ပဲ့ထွက်နိုင်ပါသည်။ရှောက်သီးခွံ၊သံပုရာခွံ၊ရှာလကာရည်
တို့ကို အိုးထဲထည့်၍ သတ္တုပစ္စည်းများနှင့်အတူပြုတ်လိုက်ပါ။
ခဏအတွင်း သန့်စင်ပျောင်လက်လာပါလိမ့်မည်။
ဟင်းအိုးချိုးကပ်၍လွယ်လွယ်ဆေးလို့မရလျှင်
မီးပျော့ပျော့တွင်ခဏတင်ထားပါ။လိပ်တက်လာလျှင်
ရှာလကာရည်နှင့် ရှောက်ခွံထည့်ပြီးတည်ပါ။ စင်သွားပါလိမ့်မည်။
အိုးများသံချေးတက်နေလျှင် ဆားထည့်၍ဆူအောင်တည်လိုက်ပါ။
အ၀ကျဉ်းသော ပုလင်းများေ်ဆးရခက်လျှင် မီးဖိုတွင်သုံးပြီးသား
ဘဲဥခွံ၊ ကြက်ဥခွံများကို လွှင့်မပစ်ပဲ သိမ်းထားပြီး ပုလင်းထဲသွင်း
ရေအနည်းငယ်ထည့်၍ ခပ်နာနာလှုပ်းပေးပါ။ ထိုနောက်ရေစင်အောင်
ဆေးလိုက်ပါ။ ကြည်လင်တောက်ပလာပါလိမ့်မည်။

Tags: သိရန်..မှတ်ရန်..လေ့လာရန်.

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Aung Comment by Aung on November 30, 2008 at 10:14pm
ဗဟုသုတတစ်ခုပေါ့.
လေတံခွန် Comment by လေတံခွန် on November 17, 2008 at 5:58pm
ကိုဂျေကဘုန်းကြီးဆို...ဘယ်မိန်းမကိုသွားပြောမှာလဲ
Phyo Naing Aung Comment by Phyo Naing Aung on November 11, 2008 at 11:20am
ကျေးဇူးပဲနော်။ ကျွန်တော်က ကိုယ်တိုင်မီးဖိုချောင်ဝင်နေရတာဆိုတော့ ခုလိုသိရတာ အကျိုးရှိလို့ တကယ်ကို ကျေးဇူးတင်မိပါတယ်။ နောက်လဲ ဒါမျိုးလေးတွေ ဆက်တင်ပေးပါနော် ........

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service