ဆံကေသာနဲ့ပတ်သတ်လို့ပေါ့
ထိပ်ပြောင်နေတဲ့သူတွေဆံပင်ပေါက်လိုကသံပုရာစေ့ကို
ရေနှင့်ကြိတ်၍ နေ့စဉ်ဦးရေပြားကိုလိမ်းပေးပါ။ ဆံပင်သန်စေ
လိုလျှင် တညင်းရွက်ကိုပြုတ်၍ရလာသောအရည်အားခေါင်းလျှော်
ပေးပါ။ဆံပင်ဖြူများ ပြန်လည်နက်မှောင်လိုပါက ဒန္တသုခတစ်ပင်လုံး
၏ပြုတ်ရည်နှင့် မကြာခဏခေါင်းလျှော်ပေးပါ (သို့မဟုတ်) မန်ကျည်းစေ့
ကိုသွေး၍ဦးခေါင်းပြင်ကိုလိမ်းပေးပါ။ သောက်ဆေးသောက်လိုသူများ
အတွက်ကြိတ်မှန်ရွက်နှင့်နှမ်းနက်ဆတူအမှုန့်ပြုလုပ်၍တစ်လခန့်ပုံမှန်စားပါ။
နွားနို့သောက်ပေးပါ။ ကြောင်ရှာသီး၊ကြောင်ရှာရွက်၊ကြောင်ရှာပွင့်တို့ကိုစားပါ။
ဦးခေါင်းတွင်အမာရွတ်များရှိက ကြိတ်မှန်ရွက်၊ကွမ်းရွက်၊ပဉ္စကာနီသီး
တို့အား အတူသမအောင်ကြိတ်ကာအရည်ညှစ်ယူပါ။ အုန်းဆီ(သို့)နှမ်းဆီးစစ်စစ်
တို့နှင့်ရောကာလိမ်ပေးပါ။ထိပ်ပြောင်နေကဆံပင်ပြန်ပေါက်၏။ဆံပင်သန်စွမ်းစေ၏။
ဗေါက်များ၊သန်းများရှိကသေစေပြီးဆံပင်ကျွတ်ခြင်းကိုကာကွယ်စေသည်။
ဆံပင်များနူးညံ့ပျော့ပြောင်းစေလိုက ဆူးပန်းစေ့နှင့် ဆူးဖြူခေါက်တို့အား
ဆတူပြာချပါ။ပြီးနောက်အုန်းဆီနှင့်လိမ်းပေးပါ။
Tags: သိရန်..မှတ်ရန်..လေ့လာရန်..
Share
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network