ကမ္ဘာကြီးတစ်နေ့တစ်ခြားပူနွေးလာနေပြီတဲ့။ အမြဲတွေ့တွေ့နေရတဲ့သတင်း။ သိပံပညာရှင် တွေ၊ နိုင်ငံရေးသမားတွေ၊ ခေတ်ပညာတတ်လူတန်းစားတွေကိုခေါင်းကိုက်အလုပ်ရှုပ်စေတဲ့ပြဿနာကြီးတစ်ရပ်လည်းဖြစ်တယ်။ဒီပြဿနာကိုတစ်ဦးတစ်ယောက်က
မိုးပျံအောင်တော်ပါစေဦး၊ သူရဲကောင်းလုပ်ပြီး အများအကျိုးဖြေရှင်းပေးလိုတဲ့စိတ်ရှိပါစေဦး ပြေလည်သွားမဲ့အမျိုးလည်းမဟုတ်ဘူး။ တတ်သိပညာရှင်တွေလမ်းညွှန်ထားတဲ့အတိုင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုကမ္ဘာပေါ်မှာရှိတဲ့လူသားအားလုံးကပူးပေါင်းပါဝင် ဖြေရှင်း မှသာပြေလည်စေမယ့်ပြဿနာ ဖြစ်သလိုတကယ်လည်းခက်ခဲ့တဲ့ ကမ္ဘာလုံးလွှမ်းခြုံမှုဆိုင်ရာ ပြဿနာ ကြီးဖြစ်နေတယ်။ ဒါဆို. ကျွန်တော်တို့တတွေလည်း ကျွန်တော်တို့ ချစ်တဲ့ဒီကမ္ဘာမြေကြီးအတွက် ပူးပေါင်းပါဝင်ဖို့ မလိုအပ်ပေဘူးလား။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်မှုမှတ်တိုင်တစ်ခုဖြစ်တဲ့အဖွဲ့ဝင်နိုင်ငံများထဲမှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအကောင်းဆုံးမြို့ကြီး(၁၀)မြို့ဆုပေးပွဲကိုအရှေ့တောင်အာရှနိုင်ငံများအဖွဲ့(ASEAN)ကအောက်တိုဘာ(၈)ရက်က ဗီယက်နမ်နိုင်ငံမှာကျင်းပပြီးစီးခဲ့ပါတယ်။ဆုပေးရခြင်းရဲ့ရည်ရွယ်ချက်မှာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ဒေသတွင်းမြို့များ တွင်အကောင်းဆုံးနည်းလမ်းများ၊အဆင့်မြင့်စံချိန်စံညွှန်းများနှင့်ထိန်းသိမ်းကြရေးအတွက်အားပေးလှုံဆော်ရန်ဖြစ်သည်။ထိုဆုကိုမြန်မာ နိုင်ငံမှရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးမြို့မှလည်းဆွတ်ခူးရရှိခဲ့ပါသည်။တောင်ပေါ်သားတို့ရဲ့မြို့တော်ချယ်ရီမြို့လေးယခုထက်သာ ယာ လှပ ပါစေကြောင်း...........


Related Posts:
Taunggyi 114th Anniversary
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
မှတ်ချက်။ ။ သတင်းကို
Weekly Eleven News မှရယူသည်။
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network