လရာသီ ချိန်စက်ဝန်းမှာလ
သတ္တမြောက် ဒီချိန်ခါ
ကောက်နှံပင် ထောင်ကာမတ်တာမို့
လ သန်တူ ပြောကာမှတ်တယ်
မြတ်သံဃာ ရှင်ရဟန်းတို့
ကိုးဆယ်ကြာ ဝါဆိုကြလေတော့
ရက်မြတ်ခါ ဒီချိန်ရောက်ရင်
ကျွတ်တဲ့သီတင်း။
ထိုနေ့ချိန် ခါသမယမှာ
တို့အရှင် မြတ်ဗုဒ္ဓရယ်က
မွေးမိခင် ကျေးဇူးဆပ်ရန်တဲ့
နတ်တို့ရွာ တာဝတိံမှာ
ဟောကြားတဲ့ အဘိဓမ္မာ
တွက်ရေသော် ခုနှစ်ကျမ်းကို
ပြီးလေသော် သင်္ကဿနဂိုရ်သို့
ရှိသုံးသွယ် ရတနာစောင်းတန်းများရယ်နဲ့
ဆင်းကြွတဲ့ အပြန်လမ်းမှာ
စောင့်မျှော်ကာ ဖူးကြိုကြလေတဲ့
သုံးဆယ့်ခြောက် ယူဇနာ
ပြည့်လို့လျှံ ပရိတ်သတ်အပေါင်းရယ်က
တုနှိုင်းဖွယ် ကျက်သရေနဲ့
ထူးမြတ်တဲ့ မြတ်အရှင်ကို
အားကျကာ ဆုပန်ကြတယ်
နောင်ပွင့်ဘုရား။
ဒီနေ့ဆိုရင် သာသနာတော်နှစ်(၂၅၅၂) ရှိပြီဆိုတော့ ကျွန်တော်တို့ရဲ့ တုနှိုင်းမဲ့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဓမ္မတရားတော်တွေတည့်တံ့လာခဲ့တာ နှစ်ပေါင်း ၂၅၀၀ကျော်ပါပြီ။ မြတ်ဗုဒ္ဓနဲ့ တကွ သာသနာတော်ကို ယခုလိုအဓွန့်ရှည် တည်တံ့စေနိုင်စေရန် စွမ်းဆောင်ခဲ့ကြသော သံဃာတော်အရှင် မြတ်များ၊ သံဃာအာဇာနည်များ၊ လူပုဂ္ဂိုလ်များ၊ မွေးမိခင်၊ ဖခင် ၊ ဘိုးဘိုး ၊ဘွားဘွား နှင့် ကျေးဇူးရှင်ဆရာ သခင်တို့အား ဒီကဗျာလေးနှင့် ဂါရဝပြု ကျေးဇူးဆပ်အပ်ပါသည်။
( ကောဇာသက္ကရာဇ်(၁၃၇၀)ခုနှစ်၊ သတင်းကျွတ်လပြည့်နေ့၊ ၁၄.၁၀.၂၀၀၈ (အင်္ဂါနေ့))
Tags:
Share
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network