Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

My Native Land

မွေးနေ့ပွဲလေးတစ်ခု (သို့) Taunggyi 114th Anniversary

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့ရဲ့ မြို့တည်နှစ် (၁၁၄)နှစ်မြောက် မွေးနေ့ပွဲလေးကို ခြင်္သေ့ကျွန်းလေးမှာ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပြီ။ မြို့တည်တဲ့ မွေးနေ့က စက်တင်ဘာ(၁၅)ရက်နေ့ ဖြစ်သော်လည်း အခြေအနေအရ ရက်အနည်းငယ် နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့ပေ တောင်ကြီးမိသားစု(စင်္ကာပူ)ရဲ့ကြိုးပမ်းမှုနဲ့ မနေ့က(၀၅.၁၀.၂၀၀၈) မှာပြီးသွားခဲ့တာပါ။ဒီပွဲလေးဟာ စင်္ကာပူရောက် တောင်ကြီးသူ၊ တောင်ကြီးသားတို့ရဲ့ သမိုင်းမှတ်တမ်းဝင်မဲ့ အောင်မြင်မှုပန်းတိုင်တစ်ခု လို့ပြောရင်လည်း မှားမယ် မထင်ဘူး။ မွေးရပ်မြေကို ချစ်ခင်ခြင်းနဲ့ စည်းလုံးညီညွတ်ခြင်း ကိုပြသနိုင်ခဲ့တာလို့လည်း ပြောလို့ရတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂)ပေ၊ဧရိယာအကျယ်အဝန်း (၄၂၀.၈၄) စတုရန်းမိုင်၊ အရှေ့အနောက် အကျယ်ဆုံးမိုင် ၂၀၊ တောင်မြောက် အကျယ်ဆုံး ၂၉မိုင်ရှိတဲ့ ဒယ်အိုးပုံ တောင်ကလပ် မြို့လေးဟာ ဗြိတိသျှကိုလိုနီလက်ထက် လွန်ခဲ့တဲ့ (၁၁၄)နှစ်ကတည်းက စတင်အခြေပြုခဲ့တာပါ။ မူလ ရှမ်းဘာသာ "တွံတီး" ကနေပြောင်းလဲလာတဲ့ တောင်ကြီးမြို့ဆိုတာ ယနေ့အားလုံးသိကြတဲ့ ချစ်စရာဒီမြို့ လေးပေါ့။ ရာသီဥတုအေးမြခြင်း၊ သန့်ရှင်းသပ်ရပ်ခြင်း၊ တောင်ကြီးသူ၊ တောင်ကြီးသား တို့ရဲ့ပွင့်လင်းရိုးသား ဖော်ရွေခြင်း၊ ပြိုင်စံမရှိရိုးရာမီးပုံးပျံပွဲတော်ရှိခြင်း၊ ပတ်ဝန်းကျင်လည်ပတ်စရာ အင်းလေး၊ ပင်းဒယ၊ မွေ တော်ကက္ကူဘုရားများရှိခြင်း စတဲ့အချက်တွေက မြို့ရဲ့ဂုဏ်ပုဒ်ကို ဖော်ကျူးနေတယ်လို့ ကျွန်တော် အတတ်ပြောရဲပါတယ်။
အပြည့်စုံဖတ်ရန်

Tags: anniversary, song, taunggyi

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Nyi Downway Comment by Nyi Downway on October 8, 2008 at 1:34pm
လာလည်သွားတယ် . . . ရှမ်းပဲပုဒ်ရေ . . .

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service