Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဟင်းရွက်သည်နှစ်ယောက်နေရာလုနေကြတယ်။ ပဲပြုတ်တစ်ဆယ်သားနဲ့ မိသားစု ငါးယောက်စားလောက်ပါ့မလား တွေးနေတဲ့ အိမ်ရှင်မ။ ကျေးဇူးရှင်လေးတွေ အတွက်လက်ဆောင်။ မလိမ်မိုးမလိမ္မာလေးတွေ လိမ္မာပါစေ စေတနာအပြည့်နဲ့ ကြိမ်လုံး။ ရဲဝင်လာလို့ ခိုးကူတွေ ကစဉ့်ကလျား။အလကားကြည့်ရတာ ပဲဆိုတဲ့ အထည်ဆိုင်ရှေ့က ကောင်မလေးတစ်သိုက်။ အလစ်ဝင်နှိက်ဖို့ချောင်းနေတဲ့ အကြံသမား တွေ။ မုန့်ဟင်းခါးနဲ့ တစ်ထောင်းထောင်း ဒီနေ့ရောင်းကောင်းပါ့မလားတဲ့။ လာသမျှလူ ဘာရှာသလဲမေးနေတဲ့ ဈေးသည်တွေ......

ညှီနံပျောက်ဖို့ မဆလာ။ မာနမျက်နှာနဲ့ ရတနာဆိုင်တွေ။ ကလေးတွေ သွားရည်ကျဖို့ အရုပ်သည်။ ညှော်နံတစ်ထောင်းထောင်းနဲ့ တစ် ချောင်း ကို ငါးဆယ် ကိုရီးယား အကြော်သည်။ စုတ်စုတ်ပြတ်ပြတ် နှပ်တလောင်းလောင်းနဲ့ အသုပ်သည်။ အရုပ်လိုချင်လို့ လူတကာ အ လယ် ပူဆာနေတဲ့ လူမမယ်ကလေးငယ်။ ဆောင့်ကြီးအောင့်ကြီး ရွှေဆွဲပြားတ၀င်းဝင်းနဲ့ ကြက်သားသည်၊၀က်သားသည်။ ပါးစပ်ကဆဲ ပေါင်ကဖြဲ လူကမဲမဲ နဲ့ ဆိတ်သားသည်။ သွေးချင်းချင်းရဲ ငရုတ်ကျည်ပွေ့ လက်ကဆွဲထားတာ ငါးသည်။

လက်ဝါးပြရင် လျှက်ဆားရမတဲ့။ လိုင်းကြေးပေးနိုင်လို့ သူဌေးစတိုင်လ်နဲ့ ကိုရီးယား အခွေဆိုင်။ ကလေးဆိုးများလို့ ဈေးဖိုးရသွားတဲ့ ကြိမ်လုံးသည်။ ဈေးရုံးမှပြန်ရောက် ဟင်းရွက်သည် နှစ်ယောက်......

Tags: စာစု

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service