BGP soft-reconfiguration ဆိုတဲ့ config ရှိနေမှ clear ip bpg *
soft ဆိုတဲ့ command သုံးလို့ရပါမယ်။
soft ဆိုတာမပါရင် BGP session တစ်ခုလုံး reset ဖြစ်သွားပါမယ်။ တကယ့် နက်ဝပ်ကြီးတွေမှာ အဲလိုလုပ်လိုက် customer ဆီက claim ချက်ချင်းရောက်လာမှာ သေချာပါတယ်။ :P
ဒါကြောင့် ကျနော် တို့ကတော့ ရှိသမျှ circuit အားလုံး soft-reconfiguration inbound command ကိုထည့်ထားပါတယ်။
ဒီလို ကြိုပြီး configure လုပ်ထားရင်
router bgp 65001 neighbor 10.1.1.2 remote-as 65002
neighbor 10.1.1.2 soft-reconfiguration inbound
ဒီလိုလုပ်လို့ရပါတယ်။
clear ip bgp * soft
တချို့လဲ soft မထဲ့မိပဲ လုပ်မိသူတွေရှိပါတယ်။ custom ကို ပြန်တောင်းပန်ရတာနဲ့ ပိုအလုပ်ရှုပ်သွားကြပါတယ်။
ကျနော်ကတော့ soft မရိုက်ခင် enter နှိပ်မိမှာစိုးလို့ texteditor မှာ ရေးပြီးမှ copy paste လုပ်ပါတယ်။
မာ့ခ်
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network