Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

လွန်ခဲ့သော(၁၀)နှစ်က ညနေခင်းတစ်ခု .....။

အနာဂတ်အိမ်မက်တွေ ကိုယ်စီရှိတဲ့ မိန်းမသားနှစ်ဦး လက်တွဲပြီးလမ်းလျှောက်လာကြတယ်။ သူတို့ဦးတည်နေတာက မြို့လေးအစွန်က ဝါးတံတားလေးဆီ ....။

ကလေးမလေးက မိခင်ဖြစ်သူလက်ကို ကျစ်ကျစ်ပါအောင် တွဲဆုပ်ထားရင်း သူဝတ်ထားတဲ့ ပိုင်ဟွေ့အကျီ င်္ အသစ်ကလေး လေထဲမှာ တဖျတ်ဖျတ်ခါနေတာကို သဘောကျနေတယ်။ တစ်ကယ်ဆို အဲနေ့က သူမရဲ့ (၈) နှစ်ပြည့်မွေးနေ့။

သူငယ်ချင်းတွေ တိုင်ပင်ပြီးပေးထားတဲ့ ပိုက်ဆံအိတ် ရောင်စုံ ၊ ဒီဇိုင်းစုံ လေးတွေ ထဲက တစ်ခုကို သူမလက်ထဲမှာ ကိုင်ထားတယ်။ လေးထောင့် ၊ တြိဂံ ၊ အပြား ... ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ အရောင်စုံ မွေးနေ့လက်ဆောင် ပိုက်ဆံအိတ်ကလေးတွေကို သူမသိပ်ချစ်တာ။ အိမ်ကမထွက်ခင် မိခင်ဆီက ခွင့်တောင်းပြီး ကျပ်တန်လေးတစ်ချို့ကို ပိုက်ဆံအိတ် အစိမ်းရောင်လေးထဲမှာထည့်ထားခဲ့သေးတယ်။ အဲနေ့ကစပြီး ညနေဘက်လမ်းလျှောက်ထွက်တိုင်း သူမလက်ထဲမှာ အိတ်ရောင်စုံလေးတွေ အလှည့်ကျပါတတ်တော့တာပဲ။

သူမ အမှတ်တမဲ့ မိခင်ကို မော့ကြည့်လိုက်တဲ့အချိန်မှာ မိခင်ကလည်း သူမကို ငုံ့ကြည့်နေခဲ့တယ်။ မိခင်ရဲ့ ရီဝေဝေမျက်ဝန်းတစ်စုံက သူမကို ဒွိဟဖြစ်စေခဲ့တယ်။ သူမမွေးနေ့ပွဲမှာ မိခင်မပျော်ဘူးထင်ပါရဲ့ .....။ သူမမွေးနေ့ပွဲလေးမှာ ပျော်ရွှင်နေတာကို ကြည့်ပြီး ကြည်နူးပီတိဖြစ်ရသလို သူမလေးအနာဂတ်အတွက် ပင်ပန်းရုန်းကန်ရဦးမဲ့ ဘဝပေးအခြေအနေကို ကြိုတွေးနေတဲ့ မိခင်ဆီက မျက်ဝန်းမှိုင်းမှိုင်းတွေကို သူမရဲ့ မတက်တခက် ဥာဏ်လေးက လိုက်မမီသေးခဲ့ဘူး။

ကောင်းကင်မှာ လေယာဉ်တစ်စီးပျံသွားသံ ကြားရတယ်။ သူတို့နှစ်ဦးလုံး အလျင်အမြန်မော့ကြည့်လိုက်ပေမဲ့ လေယာဉ်ကို ခပ်ဝါးဝါးပဲ မြင်ရတော့တယ်။ မွေးနေ့မတိုင်ခင်ညမှာ သမီးဖြစ်သူကို လိုချင်တဲ့လက်ဆောင်တစ်ခုတောင်းဖို့ ပြောတုန်းက သမီးလေးတောင်းခဲ့တဲ့မွေးနေ့လက်ဆောင်ကို ပြန်ကြားယောင်ပြီး မိခင်ရဲ့ ရင်ဘတ်မှာ ဆို့နင့်တက်လာတယ်။ အဲအချိန် သမီးဖြစ်သူ ရင်ထဲက နောင်တစ်ချိန် ငါလေယာဉ်စီးဖူးရမယ် ဆိုတဲ့ ကြုံးဝါးသံသေးသေးလေးကိုတော့ သူမဘယ်ကြားမိလိုက်မလဲ .....။

မစ်(စ်)သွန်းသွန်း

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service