Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဘလူးဖီးနစ်

သမိုင်းစာမျက်နှာအသစ်တွေကို လူတိုင်း ပါဝင်ရေးသားစေချင်

သမိုင်းဆိုတာ ကျွန်တော်နားလည်သလောက် ဒိုင်းနမစ်သဘောကို ဆောင်ပါတယ်။ အချိန်နဲ့ လိုက်ပြီး ပြောင်းလဲ နေတတ်တဲ့ သဘောပါ။ စက္ကန့်တိုင်းမှာ သမိုင်းကြောင်းတွေ ပြောင်းလဲ နေတတ်ပါတယ်။ အဲလို ပြောင်းလဲ နေတဲ့ သမိုင်းတွေကို အရင်ကလို နှစ်ရှည်လများ ပြုစုနေရမယ်ဆိုရင် အဲဒီ သမိုင်းပေါ်ထွက်လာတဲ့ အချိန်မှာ အချက်အလက်တွေက ဟောင်းနွမ်းသွားပါလိမ့်မယ်။ နည်းပညာတွေ၊ ယဉ်ကျေးမှုတွေ၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေ အားလုံး ဒီသဘောကို ဆောင်ပါတယ်။ ဒါကြောင့် ပြောင်းလဲ နေတဲ့ သမိုင်းတွေကို အချိန်နဲ့ တစ်ပြေးညီ မှတ်တမ်းပြုစုနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပညာရှင်များသာမက သာမာန်လူတန်းစားအားလုံးက မိမိတို့ နားလည်သလို သမိုင်းကို ဝိုင်းဝန်း ပုံဖေါ်ကြဖို့ပဲ ဖြစ်ပါတယ်။
အဲဒီလို ပုံဖေါ်ရာမှာ အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။ တမင်တကာ ဖြစ်စေ၊ မသိလို့ ဖြစ်စေ အချက်အလက် အမှားတွေကို ထည့်သွင်းမယ့်သူတွေ ကို တွေ့ကြုံကြရပါမယ်။ ဘက်လိုက်တဲ့ အရေးအသားများလဲ ရှိလာနိုင်ပါတယ်။ အဲဒီလို အခက်အခဲကို transparent လုပ်ခြင်း၊ တနည်းအားဖြင့် လူတိုင်းကို ပြင်ဆင်ရေးသားခွင့် တန်းတူပေးခြင်း အားဖြင့် ကာကွယ်ထားရှိနိုင်ပါတယ်။ အကျိုးသက်ရောက်မှုအနေနဲ့ တစ်စုံတစ်ယောက်က ဘက်လိုက်တဲ့ အရေးအသားများ စတင်ရေးသားလာမယ်ဆိုရင် သတိထားမိတဲ့ အခြား ရေးသားသူများမှ ပြင်ဆင် တည့်မတ်ခြင်းကို ချက်ခြင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကယ်လို့ တစ်ဘက်နှင့် တစ်ဘက် အလုအယက်ပြင်ဆင်ခြင်းဖြင့် edit war ဖြစ်ပွားလာခဲ့လျှင် အက်ဒမင် များမှ ကိုင်တွယ် ဖြေရှင်းပေးရမှာဖြစ်ပါတယ်။
ဟာကွက်ပျော့ကွက်တွေ ရှိနေသေးပေမယ့် လောလောဆယ် ဒီစံနစ်ဟာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးလို့ ကျွန်တော် ယူဆမိပါတယ်။ လူတိုင်းမှာ ထိန်းချုပ်ခံရမှု အနည်းဆုံးနဲ့ အလွတ်လပ်ဆုံး ရေးသားနိုင်တဲ့ အခွင့်အရေး တန်းတူ ရှိပါတယ်။ ဒီစံနစ်ကို ကျင့်သုံးဖို့ ဝင်ရောက်ရေးသားသူများ၊ အက်ဒမင်များဟာ လူ့ကျင့်ဝတ်ကို ကောင်းစွာလိုက်နာပြီး မိမိတို့ရေးသားတဲ့ အကြောင်းအရာကို အချိန်ပေးလေ့လာထားတဲ့ သူမျိုး ဖြစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ မိမိကိုယ်ရေးကိုယ်တာ ခံစားချက်ကို တင်ပြဖို့ထက် နောင်လာနောက်သားတွေကို အချက်အလက်မှန်မှန် နဲ့ အကျိုးရှိတဲ့ သမိုင်းဆိုင်ရာ အထောက်အထား၊ စာပေယဉ်ကျေးမှု အမွေအနှစ်များ ချန်ထားနိုင်ခဲ့ဖို့က လိုရင်းဖြစ်ပါတယ်။ အဲဒီအချက်ဟာ မြန်မာ အများစုမှာ အားနည်းပါတယ်။ ဒါကြောင့် စာရေးတဲ့ နေရာမှာ အထူး သတိပြုပြီး ရေးသားစေချင်ပါတယ်။
အထက်ပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖေါ်ဖို့ ဝီကီ စံနစ်များကို စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဝီကီမြန်မာ ဟာ အခုဆိုရင် ဆောင်းပါးရေး တစ်ထောင်ပြည့်ဖို့ အနည်းငယ်ပဲ လိုပါတော့တယ်။ စာဖတ်သူအနေနဲ့ စိတ်ပါဝင်စားမယ်ဆိုရင် သမိုင်းစာမျက်နှာ အလွတ်တွေက သင့်ကို စောင့်ကြိုနေတယ်လို့ ပြောချင်ပါတယ်။ သင်ကိုယ်တိုင် သမိုင်းတစ်ခု ရဲ့ အစိတ်အပိုင်းတွေကို ဝင်ရောက်ရေးသားဖို့ အချိန်ရောက်နေပါပြီ။ သူများတွေ ရေးတဲ့ သမိုင်းတွေက အချက်အလက်မစုံ၊ အမှားအယွင်းတွေများလို့ စိတ်ပျက်နေသလား ? ။ ဝီကီမြန်မာမှာ ကိုယ်တိုင်ပါဝင် ပြင်ဆင်ရေးသားခြင်းဖြင့် သမိုင်းအသစ်ကို မှတ်တမ်း တင်လိုက်ကြရအောင်လား ခင်ဗျာ။

ဘလူးဖီးနစ်

Tags: moe, ဝီကီမြန်မာ, မြန်မာဝီကီ

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

ခွန်နှင်းစက်သွေး Comment by ခွန်နှင်းစက်သွေး on September 29, 2008 at 4:35pm
ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် ကြားဖူးတာတော့ သမိုင်းဆရာတွေဆိုတာ နားမကြားသည့်လူနှယ် မေးသူမရှိဘဲ အဖြေပေးနေတဲ့လူတွေပဲတဲ့။ ဒါကတော့ ကြားဖူးတာပါဗျား ။ သမိုင်းမသိရင် အ တယ်တဲ့။ ကောင်းတယ် ရေမယ်

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service