Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Harry

ကန္တာရခရမ်းပြာ ရစ်သမ်

ညသည် ..
ဝေသီပြာညို့နေ၏။

မြနှင်းတို့ကင်း၏။
မြူငွေ့တို့ရှင်း၏။
တိမ်စင်၏။
လမင်းသည် ...
ကြယ်စင်မှုန်တို့ဖြင့်ခင်းကျင်းအပ်သော
မဟူရာနု ကမ္ဗလာထက်တွင် ...
အိပ်မက်လျက်ရှိ၏။
ငါ့အတွက်မူကား
ထာဝရခရမ်းပြာရိပ်သမ်း၏။

ကန္တာရသည် ..
ရှိန်းရှိန်းပူ၏။
ရေခိုးတို့အပြည့်လွှမ်း၏။
သဲမှုန်တို့သည် အလွမ်းဖြင့်သာ အတိပြီး၏။
ကျောက်သားပကတိ တည်၏။
ထို ကန္တာရအလယ်တွင်
ရွက်ဖျင်တထည်ဖြင့်
ငါ ရှိ၏။
ငါ တည်နေ၏။
ငါ တည်ရှိနေ၏။
ပူကား မပူလောင်
အလွမ်းဖြင့်သာ အေးမြ၏။

ကုလားအုတ်ဖြူတို့ရွေ့လျား၏။
ကန္တာရဆတ်တို့ ရှောင်ပုန်း၏။
ကမာများ၏ မျက်ရည်ဖြင့်
ပုလဲများ ဖြစ်တည်၏။
ပင်လယ်ပြာသည်
ရံခါ "ဂေါရီ" နှယ်
ရံခါ "ကုမ္မာရီ" နှယ်
ရံခါ "မျက်မည်း" နှယ်
ရံခါ "မြောင်းတူး" နှယ်
အရောင်စုံ၏။
အသွေးကြွယ်၏။
မာယာတို့ဖြင့်ခြယ်သအပ်၏။
သို့တစေ
ရင်ခွင်အောက်တွင်
သိုဝှက်ထားသော
အတိုင်းမသိ ကြွယ်ဝမှုကိုပေးတတ်၏ ...
ကန္တာရဆတ်ချိုနှယ်တည်း။

အတွေးတို့သည်
နွေလေတိမ်နှယ်
မြောရွေ့၏
လွင့်ပါး၏
စေစား၏
ရင်တွင်
ဆူးတချောင်းဖြစ်ပေါ်၏။
အို ... နဂါးတို့ ...
မီးလျှံကိုသိမ်းပါလော့
လှိုင်းတံပိုးကို ဖြေပါလော့
အို ... သားချင်းတို့ ...
ညကို ရုပ်ပါလော့
အမျက်ကို ငြှိမ်းပါလော့
အရုဏ်သစ်ဖြစ်တည်စေ
ငှက်တို့ပျံစေ
လေညင်းတို့ လွင့်လွင့်ဝေ့၀ဲစေ
သံလွင်ရနံ့ ညှင်းညှင်းပျံ့စေ
အို ... မုဆိုးတို့
သင်တို့ကား
အမဲ သားငါး ရှားပါစေ။
ငါ၏ ခရမ်းပြာသည်
ကောင်းစွာ အိပ်စက်ပါစေ
ညက်ညင်စွာ နိုးထပါစေ
သိမ်မွေ့စွာ ဖြစ်တည်ပါစေ
ငြိမ့်ညောင်းစွာ လျှောက်လှမ်းပါစေ
နှုတ်မြိန်စွာ စား၍
အေးမြစွာ နားပါစေ
နှင်းဆီတို့ဖြင့်ကာရံပါစေ
ငါ၏ကာရန်တို့ဖြင့်လည်း
ထာဝရချမ်းမြေ့ပါစေ။

ငါ့အရိပ်သည်
လရောင်ရှိနေသမျှ
ဆက်လက်တည်ရှိနေမည်သာတည်း။

ညဉ့်ယံတွင် ...
လေတို့လည်းထန်စေ
ပန်းတို့ မိန်းမူးစေ
အဆိပ်ဖြင့်ယစ်စေ
အတိတ်သီးခါးများ ကြွေစေ
အလွမ်းငှက်များ အိပ်စက်စေ
မျက်ရည်တို့ အေးခဲစေသတည်း။
မျက်ရည်တို့ အေးခဲစေသတည်း။
မျက်ရည်တို့ အေးခဲစေသတည်း။

ကန္တာရညများသို့ ...

Tags: ခရမ်းပြာဝိုင်ကဗျာစု

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

မောင်မိုးသား Comment by မောင်မိုးသား on October 2, 2008 at 2:52am
friend..
so beautyful..

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service