
လွမ်းလှချည်လားလို့များ အပြစ်တင်ကြဦးမလားမသိဘူး။ ထပ်လွမ်းလိုက်ပြန်ပါပြီ ...
ဒါလည်း ရှင်မဟာရဋ္ဌသာရ ရဲ့ရေးနည်းပါပဲ။ ပဒုမ္မာကြာဆိုနည်းလင်္ကာ လို့ခေါ်ပါတယ်။ လွမ်း တလုံးတည်းကို ကြာဝတ်ဆံလို မူတည်ပြီး ပတ်ရေးထားတာပါ။ နှစ်ထပ်ကြော့၊ လေးထပ်ကြော့ စကြာတေးထပ်တွေလိုပါပဲ။ ဒါပေမယ့် ဒါကတော့ လင်္ကာရေးနည်းဆိုတော့ လေးလုံးစပ်နဲ့ပဲရေးထားတာပါ။ "လ" တလုံးတည်း တပိုဒ်ခြားစီသုံးထာကတော့ ပုလဲတတန့်သန္တာတတန့် သဘောမျိုးယူထားတာပါ။ ဒီလိုဖတ်လိုက်ပါခင်ဗျာ။
လွမ်းလင့်လေလေ၊ လွမ်းကာနေ၍၊
လွမ်းလှေလွန့်လူး၊ လွမ်းရေဦးတွင်၊
လွမ်းလူးလှိမ့်လှ၊ လွမ်းပိုညသည်၊
လွမ်းလျလေလျှံ၊ လွမ်းစေဖန်၏၊
လွမ်းလွန်လွန်းလျှင်၊ လွမ်းမိုးဆင်ကာ၊
လွမ်းလျင်လှိုက်လျှက်၊ လွမ်းလေသက်သည်၊
လွမ်းလက်လက်လတ်၊ လွမ်းမပြတ်ခင်၊
လွမ်းလျှပ်လက်လျှို၊ လွမ်း၍ငိုမည်၊
လွမ်းလိုလူးလူး၊ လွမ်းတေးကျူးသီ၊
လွမ်းလည်လိမ့်လှ၊ လွမ်းရောင်ပြကာ၊
လွမ်းလာလေလိမ့်၊ လွမ်းနှင်းစိမ့်အေး၊
လွမ်းလှိမ့်လူးလာ၊ လွမ်းကဗျာသီ၊
လွမ်းလျာလူးလှင့်၊ လွမ်းနယ်ဆင့်ကာ၊
လွမ်းလင့်လူးလွန့်လိမ့်လေလော။ ။
ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ
ဟယ်ရီ
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network