Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Harry

နွေနှယ်နုန်းနုန်း နွမ်းနယ်နေ

ပျိုးပျိုးပြက်ပြက်၊ တခဲနက်နှင့်၊
လက်လက်လင်းလင်း၊ ရွှေအဆင်းသို့၊
ဝိုးဝင်းဝါဝင့်၊ ရုပ်လွှာတင့်သည်၊
မြမြင့်မိုးမှ၊ ကြယ်စင်ညတွင်၊
လင်းလှလျှပ်လက်၊ ပန်းနွယ်ခက်သို့၊
နံနက်နှင်းနု၊ လှရည်ဥရာ
ပြာပြာပျို့ပျို့၊ ကိုယ်ဟန်မို့နှင့်၊
ညို့ညက်ညှင်းညှင်း၊ နုသားဝင်းခြယ်၊
နေနတ်နွယ်နန်း၊ ဖြစ်တည်လွှမ်းသို့၊
မြင့်မြန်းမွှေးမြ၊ ပန်းအလှဆင်း၊
သီသင်းသံသာ၊ နှုတ်လွှာမှာလွင့်၊
ဖြိုးဖျာဖျောက်ဖျောက်၊ နှင်းရည်ပေါက်နှယ်၊
ဖွေဖေါက်ဖြေဖျော်၊ ချစ်ခွင့်ပေါ်နိုး၊
မှန်းမျှော်မိမင့်၊ လွမ်းတေးဆင့်ကာ၊
ရော်ရင့်ရက်ရှည်၊ ကြာလေလေဝေး၊
ထွေးထွေးထက်ထက်၊ ချစ်မြသက်သည်၊
လက်လက်လျှပ်လို၊ ဝေးရာကိုဖယ်၊
မုန်းမယ်မာန်မူ၊ ခွာရှောင်သူရေ၊
နွေနှယ်နုန်းနုန်း နွမ်းနယ်နေ။

ရှင်မဟာရဋ္ဌသာရ ရဲ့ ပုလဲတတန့်၊ သန္တာတတန့်ရေးနည်းပါ။ တပါဒခြားစီ အက္ခရာတလုံးတည်း သုံးပြီး စပ်သွားတာပါပဲ။ တချို့ကတော့ ဧကပုဒ်ရတု လို့လည်းပြောကြပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ရတုအနေနဲ့ရေးထားတာမဟုတ်ပါဘူးခင်ဗျာ။ လင်္ကာအနေနဲ့ပဲ ရေးထားတာပါ။
ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ
ဟယ်ရီ

Tags: ကြယ်စင်လှိုင်းခတ်သံများ

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service