
ကျနော်နှင့် ၅၂၈ များ အရမ်းကို အေးချမ်းပြီး တစ်ဦးနဲ့ တစ်ဦးဖေးမမှု စာနာနားလည်မှုတွေနဲ့  အမေ့ရဲ့ ၀မ်းထဲကနေ အတူတူမွေးလာကြတဲ့ ကျနော့်ရဲ့ ၅၂၈ မေတ္တာတရား အစ်ကို အစ်မတွေပါပဲ ။ ကျနော့်အတွက်တော့ သူတို့ မှာ အနစ်နာခံဖို့  ပေးဆပ်ဖို့ အတွက် အမြဲအဆင်သင့် ဖြစ်နေတက်တယ် ဆီပြန်နေတဲ့ ပုဇွန်ထုပ် ဟင်းဆီပြန်တစ်ခွက်မဟုတ်ဘူး ဒါပေမယ့် အစ်မတွေချက်ကျွေးတဲ့ မျှစ်တာလပေါ့ လေးပဲဖြစ်ဖြစ် ၊ ကင်စွန်းရွက်ကြော်လေးပဲဖြစ်ဖြစ် အရသာရှိတယ် ၀တ်တာများလို့  အရောင်စင်းမရှိတော့ပေမယ့် သူတို့ လျှော်ပေးတဲ့ အကျီင်္လေးက ကျနော့်အတွက်တော့ အကောင်းစားတံဆိပ် တွေထက် တန်ဖိုးရှိတယ် အခု အားလုံးနဲ့  ဝေးတဲ့နေရာမှာ တစ်ယောက်တည်းနေရမှ သူတို့ ရဲ့ စေတနာမေတ္တာကို နားလည်ပြီး သတိရတမ်းတမိတယ် ၅၂၈ တွေက များတော့ ဒီပို့ စ်လေးတော်တော် ရှည်မယ်ထင်တယ် အားလုံးပဲ စိတ်ရှည်ရှည်ထားပြီးဖတ်ပေးကြပါအုံးခင်ဗျာ ။
(၁)
မကြီး....................
ဒီလောကကြီးမှာ ကျနော်တို့  မောင်နှမတွေ အတွက် အမေ ၂ ယောက်လို့ ဆိုနိုင်ပါတယ် ဘာကြောင့်လည်းဆိုတော့ မကြီးက ကျနော့်တို့ အတွက် မိခင်တစ်ယောက်ပါပဲ မိသားစုအရေးကို သူတစ်ယောက်တည်းဖြေရှင်းတဲ့အခါတွေ၊ မိဘတွေမသိအောင် မောင်ညီမတွေ အရေးဖြေရှင်းပေးတက်တာတွေကို မျက်လုံးထဲမြင်ခဲ့ရတာတွေက မကြီးက ကျနော်အတွက် စံပြလူသားတစ်ဦးပါပဲ အငယ်ထဲက မိသားစုများတော့ ပညာရေးလည်း ရေးတက်ဖတ်တက် အိမ်မှုကိစ္စ နဲ့  မောင် ညီမတွေကိုထိန်း ဆိုးတဲ့သူကို ရိုက်နှက်ဆုံးမတက်သလို အငယ်ဆုံးကျနော့်ကိုလည်း ထိုနည်းတူစွာပါပဲ ကောက်စိုက်ချိန်ရောက်ရင် ကောက်စိုက်သွား ပြန်လာရင် မိဘတွေအတွက်နဲ့  မောင်နှမတွေအတွက် သူ့ ကောက်စိုက်ခထဲက တစ်ယောက်မကျန်ဝယ်ခဲ့ပေးတက်တယ် ။ အဲ့လို ကျနော်တို့ မောင်နှမတွေ သိပ်ချစ်တဲ့ မကြီးကို လုသွားတာကတော့ ဟိုး အထက်နဲ့  အောက်ဘာမှမဆိုင်တဲ့ လက်သွက်တဲ့ အညာသားပေါ့ ( အညာသားတွေသွက်တာကတော့ မပြောချင်တော့ဘူး :P) ကျနော့် အစ်မ အိမ်ထောင်ပြုသွားမယ်ဆိုတာထင်တောင်မထင်မိဘူးး အဲ့ညက အိမ်မှာ ခွေးတွေဟောင် အဖေက ဒုတ်ကြီးတစ်ချောင်းကိုင်ပြီး အစ်မကိုလိုက်ရိုက်နေတာ (ဟီးဟီး ပြန်စဉ်းစားကြည့် ရယ်ချင်စရာ) အိမ်ရှေ့မှာ မျက်နှာငယ်လေးနဲ့  ထိုင်နေတာကတော့ ကျနော်တစ်ခါမှမမြင်ဖူးတဲ့ ကျနော့်ရဲ့ ယောက်ဖတော်ကြီး ကိုရွှေအညာသားပေါ့ဗျာ ကျနော့် အစ်မ ဖြူဖြူဖွေးဖွေးလေးကို ကျီးကန်းကြီးတစ်ကောင်ချီသွားပြီးဆိုတာ သိလိုက်ပြီးး ဒါပေမယ့် စိတ်ကောင်းရှိပြီး ရိုးသားတယ်ဆိုတာ အားလုံးက လက်ခံကြပါတယ် ။ အခုချိန်ထိလည်း သူ့ စိတ်နဲ့ မတည့်ရင် မောင် ညီမတွေကို ခလေးလိုရိုက်ပြီးဆုံးမတက်တယ် မိသားစု အရေး မောင် ညီမတွေ အရေးဆို ဘယ်တော့မှ မျက်နှာမညှိုးပဲ ဖြေရှင်းပေးတက်တဲ့ မကြီးကတော့ ကျနော့်ဘ၀ ရဲ့ စံပြလူသားတစ်ယောက်ပါ ။
(၂)
အစ်ကို.........
သူကတော့ မိသားစုထဲမှာ ရုပ်အဆိုးဆုံးပေါ့း) အဖေရဲ့ ကိုယ်ပွားအလား အားကိုးရတဲ့ သူတစ်ယောက် ကျောင်းစာလည်းစိတ်မ၀င်စား ခြံအလုပ်ပဲစိတ်ဝင်စားတက်တယ်။ ချိန်းပွဲတွေ လုပ်ပြီး ခဏခဏ ထိုးပွဲကျင်းပတက်လွန်းလို့  အမေ့ အရိုက်ကိုလည်း အမြဲ ခံထိတယ်။ တစ်ခါခါ သူထိုးခဲ့လို့  အားမရ မင်းညီ နဲ့  ငါ့ညီ ထိုးမလားလို့  သူများက စိန်ခေါ်ခဲ့ရင် ကျနော့်ကိုလာပြန်ခေါ်ပြီး “ ငါ့ညီ ဟိုကောင်နဲ့  သွားဖိုက်ရအောင်လာ ” ၊ “အား အစ်ကို.. အမေနဲ့ တိုင်မှာနော် သားမထိုးဘူးး” လို့  ငြင်းပေမယ့် မနိုင်ရင် ကိုက်သာကိုက်လို့ အကြံပေးတက်တယ် ။ ဟီးး ကျနော်ကလည်း အကိုက်ကတော့ သန်တယ် ကိုယ်မနိုင်တော့ဘူးထင်ရင်တော့ မိတဲ့နေရာကို ကိုက်ပစ်လိုက်တာပဲး) ဘာဖြစ်လဲနော့် မိုက်တိုင်ဆန်းတောင် ဟိုလီဖီး နာရွက်ကိုက်သေးတာပဲး) ငိုသွားရင် ဘာပဲဖြစ်ဖြစ်ကိုယ်နိုင်ပြီး လာတိုင်ရင် ကျနော်အစား သူပဲအရိုက်ခံထိ ( အငယ်ဆုံးဆိုတော့ အမေက မရိုက် ) ၊ဖားရှာ ငါးရှာတော်ပြီး ငှက်ပစ်လည်းတော်တယ် ရွာမှာ အိုင်ပက်လို့ ရှိရင် ကျနော်တို့  ညီအစ်ကို ပလိုင်းတစ်လုံးနဲ့  ထွက်သွား ကျနော်က ငါးကောက် သူကဖမ်း ပြန်လာရင် ပလိုင်းတစ်လုံးအပြည့်ပဲ ။ အခုတော့ အစ်ကိုက ကရင်ဦးလေးကြီးတစ်ယောက်လို ကွမ်းစားလို့  သွားတွေကရဲ အလုပ်ကကြမ်းနဲ့  တစ်ခါခါ အရက်အိုးထဲ ခေါင်းနစ်မတက်သောက်တတ်တဲ့ ခပ်စွာစွာ လူတစ်ယောက်အဖြစ်ရွာမှာတော့ သတင်းမွှေးတာပေါ့ ကျန်သေးတယ် သူကျနော့်ကို ခေါ်တဲ့နာမည်က “ထော်လန် ” တဲ့ ဘာလို့ ခေါ်တာလဲဆိုတာ ခုထိမသိဘူးး) ။
(၃)
မလတ်.... ....
သူက မောင်နှမတွေထဲမှာ အကြောက်တ်ဆုံး အနစ်နာအခံဆုံး ၊ထမင်းချက် ဟင်းချက် နဲ့ အလျှော်ဖွတ်ကလွဲပြီး ဘာမှလည်းမတတ် ဈေးရောင်းလည်းမရ သူများတစ်ခုခု ပြောရင် ငိုပြီးတော့ပဲ ပြန်လာတတ်တယ် ရန်လည်းမဖြစ်ရဲ ။ ဒါကြောင့် ကျနော်က သူ့ ကိုအချစ်ဆုံး ၊သူကလည်း ကျနော့်ကို အချစ်ဆုံး ကျနော့် ကျောင်းစာအုပ်လေးတွေကို မျက်နှာဖုံး လှလှလေးတွေ တပ်ပေး စာအုပ်တွေ ပွနေရင် စီပေး ညစ်ပတ်ပေရေနေအောင် ဆော့ထားတဲ့ အ၀တ်စားတွေကို မပြောင်မချင်း လျှော်ပေးတတ်တယ် ခုချိန်ထိလည်း သူလျှော်ပေးတဲ့ အ၀တ်စားကို ကျနော် အ၀တ်ချင်ဆုံးပါပဲ ။ နေမကောင်းဖြစ်ရင် အနားက မခွာတော့ဘူး ကျနော်ငိုရင် သူလည်း လိုက်ငိုတယ် မကြီး ကျနော့်ကို ရိုက်မယ်ဆို သူက အမြဲရှေ့ကကာပေးတတ်တယ် သိပ်ချစ်ဖို့ ကောင်းတဲ့ ကျနော့် အစ်မ ဒီတစ်ယောက်ကိုလည်း သွက်လှတဲ့ ယောက်ဖကြီးတို့ အထက်အညာက တစ်ယောက်က လိုချင်ပါတယ်ဆိုပြီး အမေ့ဆီက လာတောင်းသွားပြန်ကေား) ( အားကြီးသတ်ချင်တယ် အညာသားတွေကို :D ) အဆင်ပြေပြေနဲ့  သူ အခုတော့ ချစ်စရာမီးမီးလေး ၂ ယောက် နဲ့  ဘ၀ကိုအေးအေးချမ်းချမ်း နေထိုင်နေပြီး အိမ်ရှင်မကောင်းတစ်ယောက်အဖြစ်နဲ့ ပေါ့ အငယ်က ခေါ်ခဲ့သလို ခုချိန်ထိ ကျနော့်ကို ခေါ်တာ “ခလေး ” တဲ့ ။
(၄)
အစ်မ.... ....
သူကတော့ အသားမဲမဲ ဆံပင်ကောက်ကောက် ဘယ်သူနဲ့ မှမတူတဲ့ ပုံစံလေးပါ။အမေကတစ်ခါခါ သူ့ ကိုမခံချင်အောင် အမှိုက်ပုံထဲကကောက်ခဲ့တာလို့ စတတ်တယ်။ အထက်အောက်ဆိုတဲ့ အတိုင်း တစ်ချက်မှမတည့် အမြဲရန်ဖြစ်နေကော။ ထမင်းဝိုင်းမှာ အစ်ကို အစ်မတွေ ကျနော့် ပန်ကန်ထဲ ဟင်းထည့်ပေးရင် စိတ်ကောက်ပြီး မီးဖိုချောင်ထဲ တစ်ယောက်တည်းသွားစားနေလိုက်တယ် ။ အဲ့လိုပဲ သူ့ အတွက် အမေက အ၀တ်စားလှလှ ၀ယ်ပေးရင် ကျနော်ကစိတ်ကောက်ပြီး သွားဖွက်ထားလိုက်တယ် ၀တ်ခါနီမတွေ့ လို့ ငိုမှ “ အစ်မ...ငါတွေ့ ထားတယ် နင့်အကျီ် ငါ့မုန့် ဖိုးပေးရင် သွားယူပေးမယ်” အဲ့လိုအဲ့လို မသင်ပဲတက်တဲ့ အတက်ဆန်းတွေနဲ့  ညစ်ပတ်တက်တဲ့ ကျနော့်ကို အမေ့က “ကြောင်ချီး”လို့  အမြဲခေါ်တယ် ကျနော် သွားဖွက်ထားတာ အမေတွေ့ တာကိုး :P ကျောင်းမှာ နင့်ကို သူများလာရန်စ ရင် ငါ့လာခေါ်လို့ မှာတက်ပြီး သူ့ ကျောင်းရာဇ၀င်မှာ စာတော်ပေမယ့် ရန်ဖြစ်လို့ ဆိုပြီး ခဏခဏ ကျောင်းရုံးခန်းရောက်တတ်တယ် ။ တစ်ခါက“ အစ်မ...သူတို့  မောင်နှမ ငါ့ကိုရန်လာစနေတယ်ဆိုပြီး ငိုမဲ့မဲ့ နဲ့ လာပြန်တိုင်ဖူးတယ် ” ငါ့မောင်ကို ဘယ်သူအနိုင်ကျင့်တာလည်းဆိုပြီး ၂ ယောက်တစ်ယောက် နိုင်အောင် နပန်းလုံးခဲ့တဲ့ အစ်မကတော့ ကျောင်းမှာကော ရွာထဲမှာပဲ စွာလန်တေးလေး အဖြစ်နာမည်ကြီးခဲ့တယ် ။အခု ရွာမှာ အိမ်ဆိုင်လေးဖွင့် ဘယ်ဘက်က သားသားလေးတစ်ယောက် ညာဘက်က မီးမီးလေးတစ်ယောက် ဗိုက်ထဲမှာ ဗူဖေါင်းလေးက တစ်လုံးနဲ့  အဒေါ်ကြီးစတိုင်လ်ဖြစ်နေတယ်း) ။သူ့ အမျိုးသားကတော့ အညာသားမဟုတ်ပါဘူးခင်ဗျာ ။
မောင်နှမတွေကြားမှာ အမှတ်တရတွေကတော့အများကြီးပါ အဆင်မပြေမှုတွေ ရှိရင် အကြာကြီးစိတ်မဆိုးတက်ကြပဲ တိုင်တိုင်ပင်ပင်နဲ့ ဖြေရှင်းတက်ကြတယ် စိတ်တိုရင် ပန်းကန်းပစ်ခွဲဖို့ ပဲတက်တဲ့ ကျနော်ကတော့ အခုတော့ တဖန် ၀ဋ်ပြန်လည်သလို ဘယ်သူ့ ဘယ်သူ ကိုမှ စိတ်မတိုတက်အောင် လောကကြီးက သင်ပေးလိုက်ကော ။ ကျနော့်အတွက် မှတ်မှတ်ရရ မိသားစု အမှတ်တရလေးကတော့ ကျနော်ရှင်ပြုတဲ့ အချိန်ပဲ အရမ်းကိုပျော်ခဲ့တာ အစ်မတွေက လှလှပပလေးဝတ် ပျော်စရာကြီး ပြန်စဉ်းစား အခုတောင် ကိုရင်ဝတ်ချင်စိတ်ပေါက်တယ် ။ ကျနော်က အငယ်လေးထဲက လွဲတက်တာဗျ ကိုရင်လေး ဆွမ်းခံကြွတော့ အနောက်ဆုံးပေါ့ ဆွမ်းလောင်းတော့ အိမ်က မိသားစုတွေအများကြီး နောက်ဆုံးကျနော့်ကို ထမင်းတွေကော ဟင်းတွေကော အများကြီးလောင်းပေးတာပေါ့ အဲ့မှာ အပျော်တွေလွန်ပြီး မော့တော့ မော့တော့ နဲ့  မကြီးကို ရယ်ပြလိုက်တာ အရှေ့ကကျွဲချီးပုံကြီးကို ခလုတ်တိုက်လဲကျတာ ကိုရင်လေးလည်း နဖူးလည်းကွဲ ဒူးလည်းပြဲနဲ့  ငိုလိုက်ရတာ ပြောမနေနဲ့ တော့ အခုကျတော့ စဉ်းစားတိုင်း အသံထွက်အောင်ရယ်မိတယ်ဗျာ နွေးထွေးတဲ့ ၅၂၈ မေတ္တာတွေက စံနှုန်းနည်းတယ်ဆိုပေမယ့် ပြောပြောနေကြတဲ့ ၁၅၀၀ ဆိုတာထပ် အများကြီး အေးချမ်းပါတယ် ။ အစ်ကို အစ်မတွေ အများကြီးမွေးပေးတဲ့ အဖေ နဲ့  အမေ့ကို ထာဝရ ကျေးဇူးး ။
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network