Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

တစ်ချို့ က မီးအိမ်ရှင်မလေးလို့ တင်စားကြတယ် တစ်ချို့ ကတော့ လမ်းပြကြယ်လေး ကျနော်ကတော့ ဆရာမလေးကို နှလုံးသားထဲက သံလိုက်အိမ်မြောင်လေးတစ်ခုလို့ ဖွင့်ဆိုမိတယ် ။ သူမရဲ့ တပည့်လေးတွေကို ဆုံးမသလို တစ်ခါခါ ဆရာမကြီးလေသံနဲ့  ကျနော့်ကို အော်ငေါက်တယ် ။ ဆောင်းတွင်းညနေခင်း ကျောင်းလွှတ်ချိန်တွေမှာ ကျောင်းရှေ့က အုတ်ခုံလေးမှာ ထိုင်စောင့်ရတာ ကျနော့်အတွက်တော့ ရင်ခုန်စွာနဲ့  စောင့်ဆိုင်းခြင်းတစ်ခုပါပဲ ။ ကျနော့်အတွက် ဆရာမလေးက ခြေဖျားကနေ ဆံနွယ်လေးတွေအထိ ကဗျာဆန်နေတာပါပဲ ။ ကာလာတွေကင်းတဲ့ ပါးပြင်က သနပ်ခါးလေးတွေကိုချစ်တယ် ၊ နက်မှောင်တဲ့ ကေသာထက်က ၀င့်ဝင့်ကြွားကြွားလေး ပြုံးပြနေတဲ့ ငွေရောင် ဖြူလွှလွှ ပန်းကလေးက ကျနော့်ကို မထိတထိနဲ့  လှောင်နေသလို၊ သူမရဲ့ အဖြူရောက်ရင်ဖုံးအင်္ကျီလေးထက်မှာတော့ ကျနော့်ပေးထားဖူးတဲ့ လက်ဆောင် ရင်ထိုးလေးတစ်ခု သိပ်ကြည်နူးဖို့ ကောင်းတာပဲ ။ဖြူဖြုသွယ်သွယ် ခြေချောင်းလေးတွေနဲ့  လိုက်ဖက်စွာ ကတ္တီပါဖိနပ်လေးက သခင်စေလိုရာအတိုင်း ရွေ့ လျားနေတယ် ။



စိတ်ကြည်လင်တဲ့ အချိန် ကျနော်က သူမကို “မ” လို့  နုနုညံ့ညံ့ခေါ်တတ်ပြီး စိတ်တိုင်းမကျတဲ့ အခါတွေမှာတော့ “မင်းနဲ့ ငါ” ဆိုတဲ့ အသုံးနှုန်းတွေ၊ အသံမာမာနဲ့  ပြောမိတယ်။ နားလည်မှုတွေနဲ့  သူမရဲ့ အချစ်က သိပ်ကိုမြတ်နိုးဖို့ကောင်းတာ မျက်ရည်စတွေနဲ့ 
“သိပ်ခလေး မဆန်နဲ့ ကွာ” ဆိုတဲ့ ဖျော့တော့တော့ အသံလေး ပြီးတော့ မျက်တောင်ကော့ကော့လေးတွေနဲ့  မျက်ရည်စတွေကို ပုတ်ထုတ်နေတယ်။ နောင်တတွေနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိသလို တစ်ချိန်တည်းမှာပဲ ကျနော့်ရင်ခွင်ထဲမှာ သူမကို ပွေ့ ဖက်ထားလိုက်မိတယ် အသံတိတ်စကားတွေနဲ့  တစ်ကိုယ်တည်း နောက်မဖြစ်စေရပါဘူးကွာ ဆိုတဲ့ ကတိတွေအထပ်ထပ်ပေါ့ ။ကျောင်းလွှတ်ချိန်တွေမှာ သူမရဲ့ ကျောင်းဆွဲခြင်းလေးကို စက်ဘီးခြင်းထဲထည့် စက်ဘီးပေါ်မှာ ကျနော်တို့ နှစ်ယောက်တည်းရှိတဲ့အခိုက် လောကကြီးမှာ အပျော်ဆုံးအချိန်တွေပဲ တစ်ခါခါ သူမရဲ့ ပါးပြင်လေးတွေနဲ့  ကျနော့်ကျောပြင်ကို ထိကပ်လိုက်တိုင်း ရင်ဘတ်ထဲမှာ ဗြောင်းဆန်းသွားတယ် မင်းငါ့ကို သိပ်မပြုစားပါနဲ့ ဆရာမလေးရယ် ငါ့ရင်ဘတ်ထဲက အချစ်ရေတိုင်ကီကြီး လျှံကျသွားလိမ့်မယ် ။

တကယ်တော့ အချစ်ဆိုတာ အချစ်တစ်ခုတည်းသက်သက်ရှိနေသင့်တာပါ သူ့ မှာ ငဲ့ညှာမှုတွေ၊ ထောက်ထားမှုတွေ ၊ အတ္တတွေ မာနတွေ ဘာဆိုဘာမှ မပါဝင်သင့်တဲ့ အဖြူထည်လေးတစ်ခုအဖြစ်ပဲရှိနေသင့်တယ် ။ ဒီအချစ်ဆိုတဲ့ အရောင်အစင်းကင်းတဲ့ အဖြူရောင် ပိတ်ကားကြီးတစ်ချပ်ပေါ်မှာ အတ္တဆေးစက်တွေ မာနရောင်တွေ နဲ့  စွန်းထင်းကုန်ပါပြီး ။ အေးစက်သွားတဲ့ ကော်ဖီတစ်ခွက်လို ၊ ဆားမပါတဲ့ ဟင်းတစ်ခွက်လို၊ အကြက်မှုန့် မပါနဲ့  ငါးပိရည်တစ်ခွက်လို ပေါ့ရွှတ်ရွှတ်နဲ့  အနံ့ အရသာတွေ ပျောက်ကွယ်သွားပြီး ရိုမီယို ၊ ဂျူးလီးယက်လို အချစ်ရာဇ၀င်မတွင်ခဲ့ပါဘူး ဒါပေမယ့် တိုးတိုးတိတ်တိတ်လေးနဲ့  နှစ်ကိုယ်ကြား အချစ်ရာဇ၀င်လေးတစ်ပုဒ်ကတော့ ကျနော်နဲ့  သူမသာ သိနိုင်မယ်ထင်တယ်။ ကွဲအက်ခဲ့ဖူးတဲ့ နှလုံးသားမှ ဒဏ်ရာလေးတစ်ခု အခုရက်ပိုင်း ချုပ်ရိုးတွေ ပြေနေတယ် ဆရာမလေးရယ် မင်းကိုအရမ်းလွမ်းနေတယ်ဆိုရင် ခုချိန် ယုံကြည်နိုင်အုံးမလားးး ။အသေချာကြီးကို ကျနော်လည်းသိနေတယ် သူမလည်း ကျောင်းစာအုပ်တွေကြားမှာ တစ်ခါခါ ခိုးငိုနေနေအုံးမယ်ဆိုတာ ။ပေါင်းဖက်ခွင့်မရတဲ့ ချစ်သူတွေထဲမှာ တို့ တွေလည်းပါခဲ့ရတယ်ဆိုတာ အိပ်မက်လေးသာဖြစ်ခဲ့လျှင်.......................။

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service