Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

အေးချမ်းတဲ့ တောရွာလေးတစ်ရွာမှာ မောင်ပြာသို ကိုမွေးခဲ့တယ် ၊ အေးချမ်းတဲ့နှင်းနဲ့  ပြာသိုလမှာ မအေးချမ်းစွာနဲ့  ပြာသိုရောက်လာခဲ့ပါပြီး ထိုညက အဖေက ကိုင်းထဲက သခွားခြံမှာ ညသွားစောင့်အိပ်တယ် ဒီနှစ် သခွားတွေ အထွက်များတော့ ပြာသိုတို့  မိသားစုအတွက် ချောင်လည်မှာလေ တိရိစ္ဆာရန်နဲ့  သူခိုးရန်ကလည်း ကြောက်ရသေးတယ် ဒါကြောင့် အဖေက ကိုင်းထဲက တဲအိမ်လေးမှာ တစ်ယောက်တည်း ညသွားစောင့်အိပ်တယ်။ ပြာသို့ ကိုယ်ဝန်နဲ့  အမေ အသက်ကကြီး အရုပ်ကလေးတွေလို စုပြုန်နေတဲ့ သားသမီးတွေ မွေးပြီးတာတောင် ပြာသို့ ကို ဒီလောကထဲရောက်အောင် ဘာလို့  ခေါ်လာသေးသလဲ အမေရာ တကယ်ဆို လူ့ ဘ၀ ဒီလောက်ကြမ်းတမ်းမယ်ထင်ရင် ပြာသို အမေ့ဝမ်းထဲ ရောက်မလာပါဘူး။ တောရွာဓလေ့ မွေးကာနီးအမျိုးသမီးတွေအတွက် နက်စ်မ တွေ မလိုဘူး အကောင်းစားဆေးဝါးတွေကြိုတင်ပြင်ဆင်မှုတွေ မရှိခဲ့ဘူး ။ပြာသို့ ကို မွေးဖွားခါနီ အမေက ခြံထွက်စနွန်းတစ်ချို့ နဲ့  လုံချည်ဟောင်းတစ်ချို့ သာ အမေ ပြင်ဆင်ထားခဲ့တယ်။

အဲ့ဒီညက အမေ့ဝမ်းထဲမှာ ပြာသိုလေးက အပြင်လောကကို ရောက်ဖူးချင်လှပါပြီးဆိုပြီး ရုန်ကန်နေလေရဲ့ လက်သည်က တစ်ခြားရွာက ကိုယ်ဝန်သည်တစ်ယောက် မွေးဖို့ သွားနေတယ် ။ နာကျင်မှုတွေနဲ့  မိခင်မေတ္တာတွေ အပြည့်နဲ့  အသက်ကိုလောင်းကြေးထပ် လက်သည်မပါပဲ အမေက ပြာသို့ ကိုသူတစ်ယောက်တည်းမွေးခဲ့တာလို့  ပြန်ပြောပြတိုင်း အမေ့ကို သနားတဲ့စိတ် ၊ လေးစားမိတဲ့စိတ်တွေနဲ့  ပြာသို့ ရဲ့ အနှိုင်းမဲ့ မိခင်ကို ချစ်မြတ်နိုးမိတယ် တကယ်ဆို လောကထဲကိုကြမ်းကြမ်းတမ်းတမ်းရောက်လာပြီး မွေးခဲ့တဲ့ ကောင်က ဘ၀ကြမ်းကြမ်းတွေကိုလည်း စိတ်ဓာတ်ခိုင်ခိုင်နဲ့ ကျော်ဖြတ်ဖို့  ကောင်းတယ်မဟုတ်လား အခုတော့ ..............................။ပြာသို လောဘ မကြီးခဲ့ပါဘူး သူများတွေ ၀တ်ချင်သလို ပြာသိုလေးလည်း ၀တ်ချင်ခဲ့တာ သူတို့ စားသလို စားချင်ခဲ့တာပါ ။လူမှန်းသိတတ်စထဲက ဘ၀ကြမ်းကြမ်းတွေက သူ့ ကိုစိန်ခေါ်နေပြီးး။

ပြာသိုဒီနေ့  ကျောင်းစတတ်မယ့်နေ့  ဆရာဝန်ကြီးလုပ်မှာလား စစ်ဗိုလ်ကြီးလုပ်မှာလားလို့  မေးတိုင်း ပြာသိုလေးအမြဲဖြေခဲ့တာ ကျောင်းဆရာတစ်ဦးလုပ်မယ်ဆိုတာပါပဲ ။မူလတန်းကျောင်းသားဘ၀ အစ်ကို ၀တ်လို့ အရောင်တွေ လွင့်ပျယ်နေတဲ့ ကျောင်းဘောင်းဘီလေးက ပြာသို့ အတွက်ပေါ့ လွယ်အိတ်လေးကတော့ တစ်ခါခါ အဖေ မြို့ကိုတက်ရင် လွယ်နေကျ အိတ်ကလေး ပြာသို သိပ်ကြိုက်တဲ့ အပြာရောင်အိတ်ကလေးမှာ အမွှေးဖွားဖွားလေးတွေနဲ့  မရှက်တတ်ခဲ့ဘူး ဟောင်းနေပေမယ့်။ ဖိနပ်လေးကပြတ်သွားပေမယ့် ၀ယ်ပေးမယ်ပြောလိုက် မ၀ယ်ပေးနိုင်လိုက်ဖြစ်နေတဲ့ အမေ့ဝမ်းနည်းမျက်နှာကိုသူက မသိနားမလည်ခင်ထဲက အလွတ်ရခဲ့တာ ကျောင်းစာအုပ်လေးလား အဖေ ပြာသို့ အတွက် ၀ါးချမ်းလေးတွေနဲ့ ညှပ် မိုးတွင်းဘက် ငါးမျှားတဲ့အချိန်သုံးတဲ့ အပ်ချည်လုံးအကြီးစားနဲ့  ချုပ်ပြီးသုံးရတဲ့ ကျောင်းစာအုပ်လေးတွေပါ။ ကျောင်းမှာ ဆန်ပြုတ်တိုက်အုံးမယ်တဲ့ ပိုက်ဆံထည့်ရအုံးမယ် အမေ့ဆီကတောင်းနေတာလည်း ၃ ရက်ရှိပြီး မတောင်းချင်တော့ဘူး ပြာသို အမေ့ကိုလည်း သနားလှပြီး ဘယ်တတ်နိုင်မလဲ ဆန်ပြုတ်တိုက်မယ့် နေ့ ကျောင်းမသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ။

အလယ်တန်းကျောင်းသားဘ၀ ပြာသိုက ဘ၀နာခဲ့တာပါ ဒါကြောင့် အဆင့်တစ်မရခဲ့ပေမယ့် ပြာသို ဘယ်တော့မှ စာမေးပွဲမကျခဲ့သလို ရွာက ကျောင်းကလေးမှာ စာတော်တဲ့သူတွေထဲ ပါခဲ့တာပေါ့ ။ ထောက်ပံ့ကြေးဆု လျှောက်ကြမလားတဲ့ ဆရာမအသံနဲ့ အတူ ကျောင်းသား ၆ ဦးလက်ညှိုထောင်းလိုက်ကြတဲ့ အဲ့ထဲမှာ ပြာသိုလည်းပါတာပေါ့ ထောက်ပံ့ကြေးဆုရရင် အမေ့ဆီက သူတောင်းစရာမလိုတော့ဘူးလေ ခက်တာက လိုတာ ၅ ဦးထဲ အခု လက်ညှိုးထောင်နေတာက ၆ ဦးဖြစ်နေတယ် ။တစ်တန်းလုံးတိတ်ဆိတ်နေတယ် အဲ့ဒီအချိန်မှာ ပြာသို့ ဘေးက သူငယ်ချင်းက “ဆရာမ ..ပြာသို့ ကိုရွေးပါ သူအမေ့က ဒီနှစ်နေလည်းမကောင်း သူတို့ မောင်နှမတွေကလည်းအများကြီး စာအုပ်တစ်အုပ်ထဲမှာ ဘာသာစုံးပေါင်းရေးနေတာ ကြည့်ကြည့်ဆရာမ ” ဆိုပြီး အဖေချုပ်ပေးထားတဲ့ ၀ါးခြမ်းညှပ် ကျောင်းစာအုပ်လေးကို ဆရာမကို လှမ်းပေးလိုက်တယ် ။ အဲ့ဒီတုန်းက ပြာသို့ ဘ၀မှာ ၀မ်းအနည်းဆုံးတွေနေ့ တွေထဲက တစ်နေ့ ပါ တစ်တန်းလုံးက သူ့ ကိုကြည့်နေကြတာ သနားတဲ့ မျက်လုံးတွေနဲ့  ပြီးတော့ လက်ထောင်ထားကြတဲ့ အတန်းဖော်လေးတွေ အားလုံးလည်း မတိုင်ပင်ပဲ လက်ကလေးတွေပြန်ရုတ်လိုက်ကြတယ် ။ဝမ်းနည်းလိုက်တာ အဲ့ဒီနေ့ က ပြာသို ကျောင်းလွယ် အိတ်ကို ကိုင်ပြီး အတန်းထဲက ပြေးထွက်ခဲ့တယ် ပြီးတော့ အမေအိမ်ကိုမနားတမ်းပြေးပြီး ပြာသို ရှိုက်ကြီးတငင်ငိုခဲ့တယ် အမေက ဘာမေးခွန်းတစ်ခုမှ မမေးပဲ ပြာသို့  ခေါင်းကိုပွတ်သပ်နေတာပေါ့ မော့ကြည့်လိုက်တဲ့ အခိုက် အမေ့ပါးပြင်မှာမျက်ရည်စတွေနဲ့ .........................။

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service