Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Harry

လွမ်းလှိုက်လျက်လေး

လွမ်းကာခွေ လွမ်းလေနော့ရင်ဖြင့်၊ လွမ်းကြွှေလျော့ လွမ်းတယ်၊
လွမ်းပေပေါ့ လွမ်းမပြယ်၊ လွမ်းတသွယ် လွမ်းလှ၊
လွမ်းကြွယ်လို့ လွမ်းကာရီ၊ လွမ်းရာသီ လွမ်းတိမ်ဆင်လ။
လွမ်းမိုးညို့ လွမ်းယောင်ဆင်၊ လွမ်းရင်ခွင် လွမ်းလျ၊
လွမ်းတ ကာ လွမ်းပိုည မှာဖြင့်၊ လွမ်းငိုရ လွမ်းသီ၊
လွမ်းလှီလို့ လွမ်းကာချို့၊ လွမ်းပါလို့ လွမ်းငွေ့ဝေရီ။
လွမ်းတေးဖွဲ့ လွမ်းကဗျာသီ၊ လွမ်းကာမှီ လွမ်းလေညှဉ်း၊
လွမ်းလေပြင်း လွမ်းစေတမ်းဖန်၊ လွမ်းခွေ လွမ်းကျန်၊
လွမ်းနေညို့ လွမ်းဝေးချန်တယ်၊ လွမ်းလေးလံ လွမ်းလှိုက်လျက်လေး။

လေးထပ်ကြော့စကြာတေးထပ်ပါ။ ဒီလိုလည်း ရေးလေ့ရှိပါတယ်။


ဟယ်ရီ

Tags: ကြယ်စင်လှိုင်းခတ်သံများ

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Harry Comment by Harry on September 5, 2008 at 4:09pm
လွမ်းတတ်တာချင်းအတူတူ တို့က ပိုလွမ်းတယ်ဗျို့ ..
MELODYMAUNG Comment by MELODYMAUNG on September 5, 2008 at 10:45am
ဝိုးးးးး မိုက်တယ်ဟ
ငါလည်း လွမ်းတာတွေများများလွမ်းဖူးပါရဲ့ ဒီလောက်မလွမ်းနိုင်ခဲ့ဘူးဗျို (ဒီအောက်က အတိုလေးနဲ့လွမ်းခဲ့တာ)
လွမ်းလွန်လွန်းပေမဲ့

လွမ်းချင်လွန်းတာတောင်မှ

လွမ်းခွင့်မရှိတဲ့ ဘ၀မို့

လွမ်းမျက်ရည်မိုးတွေသာ

ကြွေကျ..မြေခ…


လွမ်းမိုးတွေစွေ

လွမ်းနှင်းပွင့်တို့ဝေ

လွမ်းနွေရက်တို့တာရှည်

အဆင်မပြေ ဒီရာသီတွေနဲ့ပဲ

နေမရ..ဖြေမရ…

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service