The Prominent Online Society of Myanmar Blogger
''ညနေ''
သူမ။
ညနေချိန်...
ကျွန်တော့်ကမ္ဘာကို အလည်လာတယ်၊
သီချင်းတွေနဲ့ ချော့မသိပ်တတ်။
မနက်...
မရှိတာကို ပျောက်အောင်လုပ်ဖို့
ငါ့မှာ ခွန်အားမရှိ။
ကျွန်တော်က သူမအကြောင်း သီချင်းတွေရေးတယ်။
သူမက ကျွန်တော့်ခံစားချက်တွေကို နှစ်ခြိုက်စွာ ပြုံးတယ်။
ကျွန်တော်က သူမရဲ့ ဖြူသန့်သန့်မျက်နှာကို မြတ်နိုးစွာ ငေးမောဖူးတယ်။
သူမက ကျွန်တော့်ကို သိမ်မွေ့နူးညံ့တဲ့ ရယ်သံလေးနဲ့ တုန့်ပြန်တယ်။
ကျွန်တော်က သူမရဲ့ ပခုံးနုလေးကို နွေးနွေးထွေးထွေး သိုင်းဖက်ပြီး လျှောက်ခဲ့ဖူးတယ်။
သူမဆီက မွှေးလျဆွတ်ပျံနေတဲ့ ကိုယ်ရနံ့လေး တစ်ခု လက်ဆောင်ရခဲ့တယ်။
အပြန်လမ်းမှာ ကျွန်တော်က သူမရဲ့ ထမင်းဘူးလေးကို သယ်ပေးလေ့ရှိတယ်။
အဲဒီတော့ သူမရဲ့ ဖြောင့်စင်းဝင်းမွတ်တဲ့ လက်ကလေးတွေ စည်းချက်ညီညီ လွှဲနေတာကို ကြည့်ခွင့်ရတယ်။
ကျွန်တော်က သူမ ရဲ့ဖြောင်းစင်းနေတဲ့ ဆံနွယ်အလှကို ကဗျာရှည်တွေ သီကုံးဖြစ်ခဲ့တယ်။
သူမက ကျွန်တော့်ရဲ့ စိတ်ကူးဆန်းတွေကို မယုံနိုင်သလို ပြုံးပြတတ်တယ်။
ကျွန်တော်က သူမရဲ့ ပန်းနုရောင်ပြေးနေတဲ့ ခြေဖမိုးလေးကို တရှိုက်မက်မက်ကြည့်ဖူးတယ်။
သူမသာ အလှဆုံးဖိနပ်လေး ၀တ်လာရင် ကျွန်တော့်ကို မသိမသာပြတတ်လာတယ်။
ကျွန်တော်က သူမရဲ့ လက်အစုံကို ထွေးဆုပ်ရင်း အားပေးဖူးတယ်။
ထိုအခါ သူမရင်ထဲက ယုံကြည်ချက်တွေ ရင်ခုန်သံတွေ ကြားလိုက်ရတယ်။
ကျွန်တော်က သူမ ရဲ့ ညနေချိန်တွေကို အပျော်တွေမျှဝေ ကြည်နူးသာယာစေခဲ့တယ်။
သူမကလည်း ကျွန်တော့်ရဲ့ အိမ်အပြန်ကို ရယ်မောခြင်းနဲ့ အရောင် ပြောင်းစေခဲ့တယ်။
ဒီလိုနဲ့ပဲ...
ဆည်းဆာချိန်ရဲ့ လမ်းမထက်မှာ ကျွန်တော်တို့ နှစ်ယောက်တစ်အိပ်မက် မက်ခဲ့ကြဖူးတယ်။
(ဟန်သစ်ငြိမ်)
Tags:
© 2009 Created by MBS on Ning. Create a Ning Network!
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network