Myanmar Blogger Society

The Prominent Online Society of Myanmar Blogger


အပေါ်ကိုခဏလောက် မော့ကြည့်လိုက်စမ်း ကောင်းကင်ကြီး အပြာရောင်သမ်းနေတယ်..
ပင်လယ်ပြင်ကိုတစ်ချက်လောက် ကြည့်လိုက်စမ်း
ရေပြင်ကြီး အပြာရောင်သမ်းနေတယ်..
စတမ်းဖိုဒ်တံတားပေါ်ကို ကြည့်လိုက်စမ်း
သူတို့အားလုံး အပြာရောင်သမ်းနေကြတယ်..
ငါ့ရင်ထဲကိုလည်း မင်းကြည့်လိုက်စမ်း
ဟော.. မင်းမျက်လုံးတွေ အပြာရောင်သမ်းလာပြီ..
ကယ်.. အခုသိပြီမလား ငါ့နှလုံးသားမှာ
အပြာရောင်အလံတစ်ချောင်း ထိုးစိုက်ထားတယ်ဆိုတာ...။

(ကိုရင်နော်)



ဟုတ်ပ ကိုရင်ရေ.. အပြာရောင်တွေနော်.. နင့်အသား ဓါးနဲ့ နည်းနည်းလောက် လှီးကြည့်ပါလား ဘာအရောင်လဲလို့ .. ဟွန်းး..
မသိရင်မှတ်ထား.. ပုံကိုသေချာကြည့်..
နင့်မျက်လုံးတွေ နီလာပြီ..
အဲ့ဒါ မန်ယူတဲ့..
အနီရောင် အနီရောင်..

(ခင်လေးငယ်)

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Kaung Kin Ko Comment by Kaung Kin Ko on September 17, 2008 at 1:22pm
ကဗျာဆန်လှချည်လားဗျ ကိုရင်နော်ရ။ မိုက်တယ်
chan myae Comment by chan myae on August 23, 2008 at 10:30am
ရဲ ရဲ နီ စွေး ဗမာ့သွေး ဆိုပေမယ့်
မိခင်မေတ္တာကြောင့် ခန္တာကိုယ်က နို့ချိုထွက်သလို ...
စိတ်စွမ်းအား ကြောင့် လက်မက နို့ချိုထွက်သလို ...
ကျွန်တော်တို့ နှလုံးသည်းပွတ်မှ ထွက်သော သွေးတို့သည် ပြာစေသတည်း ...
အောင်မြင်ခံ့ညားသောအသံတို့သည် ကေသရာဇာခြင်္သေ့ကဲ့သို့ ဟိန်းစေသတည်း ...
:D :P ဘာရယ်မဟုတ်ဘူး လာနောက်သွားပါတယ် CHELSEA is CHELSEA !
ကိုရင်နော်ရေ ကျွန်တော်လဲ အိမ်မှာ ဒီလိုပဲ ဗျ .....

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service