Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Phoe Thu  Taw

လူငယ်နှင့်စိတ်လေခြင်း

လူငယ်နှင့်စိတ်လေခြင်း


လူငယ်နှင့်စိတ်လေခြင်း ဆိုသဖြင့် လူငယ်ထုတစ်ရပ်လုံးကို ပြောဆိုခြင်းမဟုတ်ပါ။ ကျွန်တော်နှင့်နီးစပ်သော လူငယ်များ စိတ်လေတက်သည့် အခါများကို ပြောလိုချင်းဖြစ်ပါသည်။ ထိုပြင် ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်ရံစိတ်လေလေနေတက်ပါသည်။ လူများဘာကြောင့် စိတ်လေရလဲဆိုလျှင် အဓိကအချက်မှာ မယ်မယ်ရရ လုပ်စရာအလုပ်တစ်ခုမရှိသောကြောင့်ဖြစ်ပါသည်။ မယ်မယ်ရအလုပ်ဆို၍ ကျောင်းသားကျောင်းတက်၊ ၀န်ထမ်း ရုံးသွား သည်များကိုပြောဆိုခြင်းမဟုတ်ပါ။ ဒီကိစ္စများက ပုံမှန်လုပ်ရိုးလုပ်စဉ်များ ဖြစ်ပါသည်။ ကျောင်းသားများလည်း ကျောင်းပုံမှန်တက်ပြီး တစ်ခါတစ်ရံ စိတ်လေချင် လေနေတက်ပါသည်။ ၀န်ထမ်းများလည်း ထိုနည်းလည်းကောင်း အလုပ်မှန်မှန်တက်နေသော်လည်း စိတ်လေချင် လေနေတက်ပါသည်။ ကျွန်တော်တို့ ဖြစ်ကြခြင်းမှာထိုအတိုင်းဖြစ်ပါသည်။

ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းများဆိုသည်မှာ ဒီစာကို ဖတ်မိသူများအနက် အချို့က သိကောင်းသိလိမ့်မည်။ ကျွန်တော်တို့ သူငယ်ချင်းများသည် သူ့အလုပ်အကိုင် သူ့အရည်အချင်းများ နှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေသူများ ဖြစ်သည်။ တစ်ချို့ဆိုလျှင် နယ်မှ နေ၍ လာရောက်လုပ်ကိုင်နေ သူများဖြစ်သည်။ သူတို့ သူတို့ အားလုံးတွင် ကိုယ်စီရည်မှန်းချက်များ ကိုယ်စီရှိကြသည်။ သို့သော် တခါတရံတွင် မယ်မယ်ရရ လုပ်ကိုင်စရာမရှိဖြစ်နေသောအခါ စိတ်ထဲတွင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်တက်ပါသည်။ အဆိုးဆုံးက စိတ်ပြေလက်ပျောက် ဘယ်ကိုသွားရမှန်းကို မသိအောင်ဖြစ်သွား တက်ပါသည်။ စောစောက ပြောခဲ့သည့် မယ်မယ်ရရဆိုသည်မှာ သူငယ်ချင်းများဆုံ၍ တစ်နေရာရာသွားခြင်း၊ တစ်ခုခု လုပ်ခြင်း၊ သို့မဟုတ် တစ်ခုခု အကြောင်းပြောချင်းများ လည်းပါပါသည်။ တစ်ခါတစ်ရံ အဲ့သည်လို အနေအထားများကို မဖြစ်သည့် အခါ စိတ်လေခြင်း အနေအထားသို့ ရောက်သွားပါသည်။

တစ်ရက်က ကျွန်တော်နှင့် သူငယ်ချင်း နှစ်ယောက် ထိုသို့ စိတ်လေသည့် အနေအထားကို ရောက်သွားပါသည်။ ကျွန်တော်တို့မှာ လုပ်စရာ ကိုင်စရာ အလုပ်ကလည်းမရှိ။ စိတ်ညစ်စရာ များကလည်း ရှိနေ။ ဒီကြားထဲ တွေ့နေသည့် သူငယ်ချင်း များကလည်း ပြန်သွားသောအခါ ကျွန်တော်တို့တွေ ရောင်တောင်တောင် ကျန်ခဲ့ပါသည်။ သုံးယောက်စလုံး ဘယ်ကိုမှန်းမသိသော ခြေလှမ်းများဖြင့် လျှောက်နေကြပါသည်။ တစ်ယောက်နှင့် တစ်ယောက်လည်း မပြောကြပါ။ နောက် တစ်ယောက်နှင့် တစ်ယောက်မေးသောအခါမှ မသိဘူးလေဟု့ ဖြေကြပါသည်။ အဲ့ဒါနဲ့ပဲ နီးစပ်ရာ ကုန်တိုက်ထဲဝင် လျှောက်ကြည့်၊ ပြီး နောက်ကုန်တိုက် တစ်ခုကိုသွားကြပါသည်။ နောက်ဝင်သည့် ကုန်တိုက်တွင် စာအုပ်အရောင်းဆိုင် ရှိပါသည်။

ထိုအခါကြမှ အဲ့ဒီစာအုပ်ဆိုင်ထဲ ၀င်ပြီး မွှေကြပါသည်။ စာအုပ်ဆိုင်ထဲ အချိန်အနည်းငယ် ရောက်သွားပီး သောအခါ စိတ်လေနေသည့် စိတ်များပျောက်သွားပါသည်။ ထို့နောက် စာအုပ်များကို လိုက်မြည်းပါသည်။ တစ်ယောက်နှင့် တစ်ယောက် ပြောကြဆိုကြ ဆွေးနွေးကြရင်းနဲ့ ပြန်လည်ပြီး နေရထိုင်ရတာကောင်းသွားပါသည်။

စာအုပ်ဆိုင်မှ စာအုပ်တစ်အုပ်ဝယ်လာခဲ့ပါသည်။ ထိုကုန်တိုက်မှ ထွက်လာပြီးသည့်နောက်ပိုင်း ကျွန်တော်တို့သူငယ်ချင်းများအားလုံး ပုံမှန်ပြန်ဖြစ်သွားပါသည်။ ထို့နောက် ကော်ဖီဆိုင်သွား ကော်ဖီလေးသောက် အေးဆေးစကားပြောကြသည်။ ထို့နောက် အင်တာနက်လေးဘာလေး သုံးဖြစ်ကြသည်။

ကျွန်တော်အဓိက ပြောလိုသည်မှာ ထိုသို့ မိမိကိုယ်တိုင် စိတ်လေသည့်အနေအထားနှင့် ကြုံလာသည့် အခါ စောစောကရေးခဲ့သလို ကုန်တိုက်များ သို့မဟုတ် စာအုပ်ဆိုင်များသို့ သွားလိုက်ပါ။ ထို့နောက် စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် စိတ်များကို ထိုစာအုပ်သို့မဟုတ် ကုန်ပစ္စည်းများစီသို့ လွှတ်ထားလိုက်ပါ။ ထိုအခါ အနည်းငယ်ကြာသောအခါ စိတ်များ နဂိုအနေအထားသို့ ပြန်ရောက်လာပါလိမ့်မည်။ စကားပြောစရာ သူငယ်ချင်းပါလာလျှင် သာ၍ပင်ကောင်းပါသေးသည်။ စာအုပ်စိတ်မ၀င်စားပါက သီချင်းခွေရောင်းသည့် ဆိုင်များတွင် စိတ်ပြေလက်ပျောက် သီချင်းရွေး၊ သီချင်းမြည်းရင်းနဲ့ လည်းစိတ်အနည်းပြေပြီး ကောင်းသွားနိုင်ပါသည်။ ထိုသို့အားဖြင့် စိတ်လေခြင်းများကို ဖျောက်နိုင်မည်ဟု့ မျှော်လင့်ပါသည်။

မှတ်ချက်။ ။ ရံဖန်ရံခါ စိတ်လေခြင်များကို ပြောလိုချင်းဖြစ်ပါသည်။ အမြဲတမ်းလိုလို စိတ်လေနေသော ကိစ္စများကို ကျွန်တော်လည်းမပြောတက်ပါ။ စိတ်ပညာကျွမ်းကျင်သူများကတော့ ပြောကောင်းပြောပါလိမ့်မည်။ အားလုံးကိုကျေးဇူးတင်ပါသည်။


ဖိုးသူတော်

၁၈.၈.၀၈ ( ၂၃ နာရီ ၅၂ မိနစ်)

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service