Blog Day တဲ့
မလေးက
ဒီလိုလေး ရေးခိုင်းတယ်…
Blog Day ဆိုမှ
Blog ဆိုတာဘာလဲ
Blog မှာဘာတွေရေးနေကြလဲ
“ငါ” ဖွဖွလေးတွေးကြည့်တယ် ….၊
Blog ဆိုတာဟာ….
IT နည်းပညာတွေ မျှဝေပေးနေတဲ့
ITဖတ်စာအုပ်တစ်အုပ်…..ဖြစ်ချင်ဖြစ်မယ်……
သိတဲ့လူတွေပြောတဲ့အတိုင်း
မသိတဲ့လူတွေက …
HTML တွေကို edit လုပ်နေကြမယ်…….၊
Blog ဆိုတာဟာ….
စာရေးဆရာ ကဗျာဆရာတွေအတွက်
လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်ချင်ဖြစ်မယ်…..
ကဗျာတွေသီ စာတွေဆီလို့ …
လှလှပပလေး ရေးဖွဲ့ နေကြမယ် ……၊
Blog ဆိုတာဟာ…
စားကောင်းသောက်ဖွယ်တွေချက်ပြုတ်…..
မီးဖိုချောင်တစ်ခု…..ဖြစ်ချင်ဖြစ်မယ်….
ချက်ပြုတ်နည်းတွေ ဝေငှ
ဟင်းချက်နည်းစာအုပ်တွေတောင် လက်မှိုင်ချရမယ်…..၊
Blog ဆိုတာဟာ….
ခရီးသွားမှတ်တမ်းလေးတစ်ခု …. ဖြစ်ချင်ဖြစ်မယ်….
ဓါတ်ပုံပြခန်းလေးတစ်ခု …..ဖြစ်ချင်ဖြစ်မယ်…..
မိသားစုကမ္ဘာလေးတစ်ခု ……ဖြစ်ချင်ဖြစ်မယ်…..
Blog ဆိုတာ ……ဖြစ်ချင်ရာဖြစ်မယ် …..
ရောချင်ရာတွေရောထားတဲ့
အသုတ်စုံဗန်းလေးတစ်ဗန်းဖြစ်နေလိမ့်မယ်…..၊
ငါ့အတွက်တော့
လေးမ အတွက်တော့
Blog ဆိုတာဟာ….
( ဗိသုကာဆန်ဆန်ပြောရရင်)
အပေါက်လေးတစ်ပေါက်ပါပဲ…..၊
ငါ ၀င်ချင်ဝင်မယ်….
ထွက်ချင် ထားခဲ့မယ်….
တစ်ခုပဲ ငါစိုးရိမ်တယ်….
ဝင်လာတုန်းက ပေါ့ပေါ့လေးပဲ
ပြန်အထွက်မှာ သံယောဇဉ်တွေနဲ့  လေးနေမှာစိုးတယ်……၊
Blog အပေါက်လေးကနေ
သူတို့ အတွေးတွေ ၀င်လာတယ်….
ငါ့အတွေးတွေထွက်သွားကြတယ် …
တစ်ခုဘဲ ငါစိုးရိမ်တယ်….
သူတို့ အတွေးတွေနဲ့  ငါနွေးထွေးခဲ့ပါတယ်….
ငါ့အရေးတွေနဲ့  သူတို့ အေးခဲသွားမှာစိုးတယ်…..၊
Blog ဆိုတာဟာ…
ငါစိုက်ပျိုးခဲ့တဲ့ သစ်ပင်တစ်ပင်လဲဖြစ်ခဲ့ပါတယ်…..
နှစ်ရှည်လား…..နှစ်တိုလား….
ဘယ်လိုသစ်ပင်လဲ…..ငါမသိပါဘူး….
ဒါပေမယ့် ….သစ်ပင်တော့သစ်ပင်ပါပဲ…..
ဒီလိုနဲ့ 
ဒီလိုနဲ့ 
….
August ဆိုတဲ့….
လတစ်လကို
Blog သစ်ပင် နဲ့ စလို့ 
Blog ကဗျာနဲ့  နုတ်ဆက်လိုက်ပါတယ်….. ။ ။
Myanmar blogger တွေအတွက် August 31 တွေ မှန်မှန်လည်ပတ်နိုင်ပါစေ..
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network