Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ကျွန်တော် “သစ်စေ့” လေးရဲ့ဘ၀မှာ အကြီးကျယ်ဆုံး စိမ်ခေါ်မှုကတော့ ဒီမသိခြင်း ကောင်းကင် ၊လေထု ၊ မိုးရေ ၊
နေရောင်ခြည်တွေ ကြားမှာ ရှင်သန်ကြီးပြင်းဖို့ပါပဲ၊၊ရှေ့မှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ကျွန်တော်ဘာမှမသိနိုင်
သေးပါဘူး ၊၊

ကျွန်တော် “သစ်စေ့” လေးကို ဘယ်သူကမျှ အရေးတယူ လမ်းညွှန်မှုတွေမပေးခဲ့ပါဘူး ၊၊ကျွန်တော်ဖတ်ရှူမှတ်သားဖို့
အတွက် တရားကျမ်းစာဆိုတာတွေလည်း ဘာတစ်ခုမှမရှိခဲ့ပါဘူး ၊၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပြင်ပကိုထိုးထွက်နိုင်ဖို့
ရဲဝံ့တဲ့ စွန့်စားမှုတစ်ခု ကိုပြုလုပ်ရမှာပါ ၊၊ ဒီစွန့်စားမှုဟာသေးငယ်တဲ့ သာမာန်အရာတစ်ခုမဟုတ်ဘူးဆိုတာကိုတော့
ကျွန်တော် ကောင်းစွာနားလည်သဘောပေါက်ခဲ့ပါတယ်။ တိတိကျကျ ပြောရရင် သေခြင်းတရားတစ်ခုပါပဲ ၊၊ကျွန်တော်
“သစ်စေ့” လေး ဒီမြေကြီးအတွင်းမှာသေဆုံးမှ အဖူးအညှောက်လေးတွေ ကတစ်ဖြည်းဖြည်း စတင်ကြီးထွားနိုင်မှာလေ ၊၊

ဒီ အဖူးအညှောက်လေးမှ နှင်းဆီပန်း ၊ နေကြာပန်း ၊ဒါမှမဟုတ် တစ်ခြားပန်း အမျိုးအစား တစ်ခုခု ဖြစ်လာမှာပါ ၊၊
ပန်း နာမည်တွေဆိုတာက အရေးမကြီးပါဘူးလေ ၊၊ အဓိကကျတာ ပန်းပွင့်လာဖို့ပါပဲ၊၊ တစ်ခါတစ်ရံ ပန်းပွင့်ရိုင်းလေး
တစ်ပွင့်က အဖိုးတန်တဲ့နှင်းဆီတစ်ပွင့်လိုပဲ လှတတ်တာပဲ မဟုတ်လား၊၊ အမှန် တော့ သူတို့တွေအားလုံးဟာ ညီအကို
တွေပါပဲ ၊၊သူတို့တွေအားလုံး အတူတူ ဖူးပွင့်ပေးကြရ တယ်၊၊ သူတို့ တွေအားလုံး အတူတူကြီးထွား ပျော်ရွှင်ကြတယ် ၊၊
သူတို့အားလုံးမှာ ကိုယ်ပိုင်မျက်စိတွေ ရှိကြတယ်၊၊ သူတို့အားလုံးဟာ တူညီတဲ့ စွန့်စားမှုတွေ ၊ စိမ်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ကြရတာပဲလေ ၊၊

**********************************************************************

အမှန်စင်စစ် ဒါဟာ သေဆုံးခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းတစ်ခုပါ ၊၊ သေဆုံးသွားတဲ့ သစ်စေ့လေးမှ ပန်းပွင့်ပေါင်းများစွာ၊ အသီးပေါင်းများစွာ ၊ အစေ့ငယ်ပေါင်းများစွာကို ပြန်လည်မွေးဖွားပေးလိုက်တာပါ ၊၊သစ်စေ့ငယ်လေးတစ်စေ့ဟာ ကမ္ဘာ
မြေကြီးတစ်ခုလုံးကို စိမ်းလန်းအောင် ပြုလုပ်နိုင် စွမ်းတယ် ဆိုတာကိုပြောပြနေသလိုပါပဲ ၊၊ သစ်စေ့လေးတစ်စေ့မှ ဖြစ်တည်
လာတဲ့ သစ်ပင်လေးတစ်ပင်ဟာ သစ်စေ့ လေး ထောင်ပေါင်းများစွာ ၊ ထိုသစ်စေ့လေးတစ်ခုစီ မှ နောက်ထပ်နောက်ထပ်
သစ်စေ့လေးပေါင်း မြောက်မြားစွာကို လက်ဆင့်ကမ်းရင်းနဲ့ပေါ့၊၊ထိုမျှလောက် အလွန်တရာကြီးမားလှတဲ့ ဖန်တီးနိုင်စွမ်း၊
ဖြစ်နိုင်စွမ်းတွေအားလုံး သေးငယ်လှတဲ့ သစ်စေ့လေးတစ်စေ့မှာရှိပါတယ် ၊၊

သင်ဟာလည်း သက်ရှိ သစ်စေ့လေး တစ်စေ့ပါပဲ ၊၊ ဒါကို အမြဲအမှတ်ရနေဖို့လိုပါတယ် ၊၊ ၊၊

Tags: အတွေးအမြင်

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

ကိုရုပ်ဆိုး Comment by ကိုရုပ်ဆိုး on September 20, 2008 at 10:02am
ဗီဇမမှန်၊ မျိုးမသန်က
ဖူးတံငုံကင်း၊ အသီးဖျင်း၏ တဲ့။
စွမ်းအားတွေ အများကြီးရှိတယ့်
သက်ရှိ သစ်စေ့လေးတစ်စေ့ဖြစ်ဖို့
ကြိုးစားနေပါတယ်ဗျာ...။

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service