Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

နွေဦးကို ခစားဖို့ ကျေးငှက်တို့ 
တေးသီတယ်
မိုးကို ခစားဖို့  တိမ်တိုက်တို့ 
ငိုကြွေးတယ်
ဆောင်းကို ခစားဖို့  နှင်းစက်တို့ 
မြေခတယ်
လမင်းကို အမွှန်းတင်ဖို့ 
ကြယ်တွေက ၀န်းရံတယ်
ပန်းကလေးတွေ သရုပ်ပေါ်ဖို့ 
ပျားပတုန်းတို့  နားခိုတယ်
အချစ်တွေ မွေးဖွားဖို့ 
အကြင်နာ စကားတို့  ခွန်းချွေတယ်
အလျှံပယ်ပေါ့ ချစ်သူ
ကိုယ့်ရဲ့ အချစ်တွေ မင်းကိုသာ ရည်ရွယ်တယ်
ဒါဟာ အချစ်စစ် တစ်ခုသာ ဆိုရင်
ကိုယ် သေမင်းဆီကိုပဲ သုံးဘီးစီးပြီး သွားတော့မယ်
ဘိုင်း ဘိုင်း .....။

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

မင်းကျန်စစ် Comment by မင်းကျန်စစ် on August 14, 2008 at 11:26am
အောက်သုံးကြောင်းကိုတော့ ကန်ဆယ်လုပ်တယ်။ ကျန်တာ အားလုံးအမှန်တွေချည်း ရေးထားတာကိုများ လုပ်ရက်လိုက်တာ ငါ့ညီရား)
သြော်... မေးအုံးမယ်။ သုံးဘီးကားတွေ ဘယ်မြို့မှာ တွေ့နေသေးလို့လဲကွ။

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service