လောကကြီးကမာယာတွေနဲ့တဲ့
ပြောနေကြတယ်
လောကကမာယာတွေနဲ့လား
လူတွေကမာယာတွေနဲ့လား
ကိုယ့်ဘာသာမာယာများတာကို
လောကကိုဆွဲထည့်နေကြတယ်
လောကကြီးသနားပါတယ်
လောကဓံတဲ့
ကိုယ်ပြုတဲ့ကံ
ကိုယ့်ထံပြန်လာတာ
မသိကြဘူးလား
အော်......
လူတွေ လူတွေ
ပြောတတ်လိုက်ကြပုံများ
ပါးစပ်ပါတော့လည်း
ပြောချင်တာတွေပြော
လူဟာခွန်အားအကြီးဆုံးတဲ့
ကိုယ့်ဘာသာပဲသတ်မှတ်
အော်...
သနားဖို့ကောင်းလိုက်တာ
ကိုယ့်ဘာသာမာန်တွေတတ်
နောက်ဆုံးတော့လည်း
ကမ္ဘာမြေကြီးနဲ့တစ်သားတည်းဖြစ်သွားရတာပဲ...............
Tags:
Share
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network