Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Phoe Thu  Taw

လွတ်လပ်သောကိုယ်ပိုင်မီဒီယာ (သို့မဟုတ်) ဘလော့ဂ်

လွတ်လပ်သောကိုယ်ပိုင်မီဒီယာ (သို့မဟုတ်) ဘလော့ဂ်

ဘလော့ဂ်ရေးသားခြင်းသည် သတင်းမီဒီယာဂျာနယ်သတင်းစာများလို ရေးသားသူ၊ တည်းဖြတ်သူ၊ နှင့် ထုတ်ဝေသူဟူ၍ ခွဲခြားထားခြင်းမရှိသော အမျိုးအစားဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော ဘလော့ဂ်ရေးသား သူသည် သူတင်ပြလိုသော သတင်းအချက်အလက်၊ နည်းပညာ၊ အနုပညာ အစရှိသဖြင့် စိတ်ကူးရည်မှန်းရာကို လွတ်လပ်စွာ ကိုယ်တိုင်တည်းဖြတ် တင်ပြနိုင်ပါသည်။ ထို့ပြင် ဘလော့ဂ်ရေးသားသူအများစုသည် လူသိထင်ရှားသူများ မဟုတ်ကြသဖြင့် သူလိုကိုယ်လို လူထုအတွင်းမှ လူများဖြစ်သောကြောင့် လူထုနှင့် နီးစပ်သော သတင်းများရရှိနိုင်ပါသည်။
သတင်းတစ်ခုကို ရေးသားဖော်ပြရာတွင် သတင်းကို သတင်းအဖြစ် အမှန်အတိုင်း ဖော်ပြခြင်းသည် သဘာဝ အကျဆုံးဖြစ်သည်။ ပုံနှိပ်ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်များနှင့် အသံလွှင့်ထုတ်လွင့်သော ရေဒီယို တယ်လီဗေးရှင်းများသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများ၏ စီစစ်ခြင်းကိုခံယူရပြီး လက်ရှိပေါ်လစီများ နှင့်ညှိစွန်းသည်ဟု ယူဆလျှင်လည်း ဖြုတ်သင့်တန်ဖြုတ်၍ ပယ်သင့်တန်ပယ် ကြရပါသည်။
ဘလော့ဂ်များကတော့ ကိုယ်သိ၊ကိုယ်ကြား၊ ကိုယ်မြင်ထားသည်များကို ကိုယ့်ဟာကို တည်းဖြတ်၍ အကောင်းဆုံးကို တင်ပြနိုင်ပါသည်။ သို့သော် ကိုယ်တင်ပြထားသော သတင်းသည် ကိုယ့်မှာ တာဝနှ်ရှိပါသည်။ နည်းနည်းသိသည့် သတင်းကို များများကား၍ ရေးလိုက်မိလျှင် မလိုလားအပ်သော ပြဿနာများ စာဖတ်သူများဆီ ရောက်သွားနိုင်ပါသည်။ ထို့ကြောင့် ကိုယ့်ဟာကို စိတ်ကြိုက်တည်းဖြတ်ရေးသားသည် ဆိုသော်လည်း သတိပြုသင့်ပါသည်။
ယနေ့အချိန်တွင် အင်တာနက် အသုံးပြုမှုမှာ အနည်းငယ်ကျယ်ပြန့်လာသည်နှင့်အမျှ ဘလော့ဂ်တစ်ခု ဖန်တီး၍ ဘလော့ဂ်ရေးသားသူများမှာလည်း အများအပြား ပေါ်ထွက်လာပါသည်။ ဘလော့ဂ်ရေးသားသူ အများစုသည် ကိုယ်သန်ရာ သန်ရာ ကဗျာ၊ စာပေ၊ ဂီတ၊ အတွေးအခေါ်၊ နည်းပညာ မျိုးစုံ၊ သရော်စာ၊ ပုတ်ခက်စာ၊ နိုင်ငံရေး၊ သတင်း အစရှိသဖြင့် အမျိုးအစားစုံ လျှင်လှပါသည်။ သို့သော် ပတ်ဝန်းကျင် သတင်းများ နှင့် ပတ်သက်၍ ရေးသားဖော်ပြခြင်းကတော့ အနည်းငယ်သာ ရှိပါသည်။ လက်တလော ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ရေးသားဖော်ပြခြင်းသည်လည်း သတင်းဖြစ်ပါသည်။ ဥပမာ အားဖြင့် ဘဏ်သို့ ငွေသွင်းငွေလွှဲ သွားလုပ်သည်ကို ဘဏ်ဝန်ထမ်းများက အချိန်ကြာ ရစ်နေခြင်းမျိုး၊ ပိုက်ဆံပေးမှ အဆင်ပြေသွား ခြင်းမျိုးသည်လည်း သတင်းအဖြစ်ရေးနိုင်သည်။ နာမည်ရှိ လူသိရှင်ကြားကြော်ငြာထားသော ကွန်ပျူတာ အရောင်းဆိုင်ကြီးမှ လက်တော့ပ်လေးသွားရောင်းခြင်းကို မတရားဈေးနှိင်၍ သူတို့၏ ကုန်ပစ္စည်းများကို လည်းကြော်ငြာထားသည့် အတိုင်းမရောင်းခြင်းသည်လည်း သတင်းများဖြစ်သည်။
ထိုအကြောင်းအရာများကို မည်သည့်မီဒီယာ သို့မဟုတ် သတင်းစာဂျာနယ်များက မှ အရေးတယူ ဖော်ပြခြင်းမရှိပါ။ သို့သော် ဘလော့ဂ်များကတော့ လွတ်လပ်စွာ ဖော်ပြပြောဆိုနိုင်ပါသည်။ ဘလော့ဂ်များသည် လူတစ်ယောက်၏ နေ့စဉ်အွန်လိုင်းမှတ်တမ်းဟု့ဆိုသော်လည်း သေချာသပ်ရပ်လှပစွာရေးထားလျှင် ဖတ်၍ကောင်းသော စာတစ်ခုဖြစ်နိုင်သည်။ ထို့ပြင် သူ၏မှတ်တမ်းထဲတွင် သူလက်တက်လော ရင်ဆိုင်ကြုံတွေရသည့် အနေအထားများပါလာ နိုင်ပါသည်။ ထိုသည်ပင်လျှင် စာဖတ်သူအတွက် သတင်းဖြစ်လျှင် ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ဘလော့ဂ်ရေးသားခြင်းသည် လွတ်လပ်သော ကိုယ်ပိုင်မီဒီယာ တစ်ခုကို တည်ထောင်၍ ဘလော့ဂ်ရေးသူ အချင်းချင်းကြားနှင့် စာဖတ်သူများကြားအား ဖြစ်ရပ်မှန်များနှင့် အလွန်နီးစပ်သော သေသပ်သော သတင်းများကို ပေးပို့နိုင်သော အစွမ်းထက်လက်နက် တစ်ခုဖြစ်ပါသည်။

ဖိုးသူတော် ( ၁၆.၀၈.၀၈)
၁၁ : ၄၅ မိနစ်

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Lin Htet Comment by Lin Htet on August 18, 2008 at 9:15am
အဲဒီကိစ္စပဲ အခု အငြင်းပွားနေရတာ
Soe Min Comment by Soe Min on August 16, 2008 at 8:46pm
မှန်လိုက်လေဗျာ။

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service