Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

လေဟာနယ်ထဲ
လမ်းလျှောက်ထွက်နေရသလို
ရင်ဘတ်ထဲမှာ ဟာတာတာကြီးး
လခမထုတ်သေးတဲ့အချိန်
အကြွေးတောင်း ခံရသလို
ရင်ဘတ်ထဲမှာ ဟာတာတာကြီးး
ချစ်သူကောင်မလေးက ချစ်တယ်လို့  အဖြေပေးမယ့်နေ့ 
သွားကာနီး ခြေထောက်သံဆူးသွားသလို
ရင်ဘတ်ထဲမှာ ဟာတာတာကြီးး
ဆေးလိပ် ခိုးသောက်မိတဲ့ ( ၈) တန်းကျောင်းသားလေးတစ်ယောက်
လူမိသွားသလို
ရင်ဘတ်ထဲမှာ ဟာတာတာကြီးး
မိန်းမက ဆန်ဖိုးမပေးနိုင်လို့  ရန်ဖြစ်နေတဲ့အချိန်
ဖဲကြွေးလာတောင်းတဲ့သူနဲ့ တွေ့ ရသလို
ရင်ဘတ်ထဲမှာဟာတာတာကြီးး
ဂုဏ်ထူးလိုချင်တဲ့ကျောင်းသားတစ်ယောက်
အောင်းစာရင်းမှာ နာမည်အနေက်က ဘာအက္ခာရာမှ မပါသလို
ရင်ဘတ်ထဲမှာ ဟာတာတာကြီးးး
ကြည့်နေကျ ကိုးရီးယား အချစ်ဇတ်လမ်းတွဲ
ဇတ်သိမ်းမှာ မင်းသားနဲ့  မင်းသမီး မပေါင်းရပဲ
ဇတ်သိမ်းသွားသလို
ရင်ဘတ်ထဲမှာ ဟာတာတာကြီးးး

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service