မြင်းစီးရုပ်အောက်ခံကျော်တုံးမှာ Petro Primo Catharina Secunda MDCCLXXXII ကို Latin လို Петру первому Екатерина вторая, лето 1782 ဆိုပြီးရေးထိုးထားပါတယ်။ ကျနော်တို့ မြင်းစီးရုပ်ကိုမြင်တုန်းက အဲဒီစာကို နားမလည်ပါဘူး။ ကတ်သရင်းဆိုတာဘာလဲပေါ့။ မြင်းစီးနေတာက အမျိုးသား။ Petro Primo ကိုမြင်လို့ ပီတာဘုရင်ကို ဆိုလိုတာလို့ သိပေမယ့် Catharina Secunda ဆိုတဲ့ ကတ်သရင်းကို နားမလည်နိုင်တာပါ။ ဂျာမန်အမျိုး ကတ်သရင်းဘုရင်မ(ရိုမန်နော့ဗ်အနွယ်ကို လက်ထပ်ထားသူ)က သူမနဲ့ ပီတာဘုရင်-၁ အဆက်အနွယ်ရှိတယ်ဆိုတာ ပြည်သူကိုပြောပြချင်လို့ အဲသလိုရေးထွင်းခဲ့တာပါတဲ့။
Saint Isaac's Cathedral အတွင်းဝင်ကြည့်ပြီးတဲ့အခါမှာ The Church of the Savior on Blood ကိုသွားကြပါတယ်။ အသွားလမ်းမှာတွေ့တဲ့ လှတယ်ထင်တဲ့တိုက်တန်းတွေ၊ လူလျှောက်လမ်းကိုလည်း ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ ဒီလိုလမ်းကလေးမှာ မဇနိလက်ကိုတွဲပြီး စကားလေးတပြောပြောနဲ့ လျှောက်လိုက်ရရင် ဘယ်လောက်ပျော်စရာကောင်းမလဲဗျာ။ အခုတော့ ယောက်ျားလေး သူငယ်ချင်း နောက်ထပ် ၃ ယောက်နဲ့ သုတ်သုတ်သုတ်သုတ် လမ်းလျှောက်ရတာ အဆင်မပြေလှပါဘူး။း)
The Church of the Savior on Blood
The Church of the Savior on Blood က Griboedov Canal ပေါ်မှာတည်ရှိတာပါ။ ၁၈၈၃ ခုနှစ် အလက်ဇန်းဒါ ၃ ရဲ့ လက်ထက်မှာ ဖခင်ဖြစ်သူ အလက်ဇန်းဒါ ၂ အတွက် ရည်စူးပြီး စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၀၇ ခုနှစ် နီကိုလိုင် ၂ လက်ထက်ရောက်မှ ပြီးစီးခဲ့ပါတယ်။ ဗိသုကာလက်ရာကတော့ မော်စကိုက Saint Basil's Cathedral နဲ့ (၁၅၅၅-၆၀) ဆင်တူပါတယ်။ မော်စကိုက Saint Basil's Cathedral က အရောင်စုံတောက်ပပြီး အဝေးကြည့်မှ စပြီးလှပေမယ့် The Church of the Savior on Blood က အဝေးက ကြည့်ရင် မှုန်မှိုင်းမှိုင်းနဲ့ အနီးရောက်လာလေ ပိုလှလာလေပါပဲ။ ယှဉ်ကြည့်ရအောင်လို့ မော်စကိုက Saint Basil's Cathedral ကိုလည်း တင်လိုက်ပါတယ်။
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network