ဘလော့ကိုပို့စ်အသစ်တော့တင်လိုက်အုံးမှဆိုပြီးအားရပါးရဝင်လိုက်ပါတယ်။ Problem Loading Page တဲ့။ သူကပြောလာတယ်။
ဒါနဲ့မဟုတ်သေးပါဘူး။ဖြစ်တတ်ပါတယ်ဆိုပြီးဆက်စမ်း......မရပါဘူး။အဲဒါနဲ့ပဲ ဂျီတော့မှာမက်ဆေ့ခ်ျတင်ထားလိုက်တယ်။
"ကယ်တော်မူကြပါအုံး ဘလော့လေးဝင်လို့မရတော့ဘူးလို့"
ကယ်မယ့်သူတွေပေါ်လာပါတယ်။သတင်းလာမေးကြတယ်။ဘယ်လိုဖြစ်တာလဲတဲ့။သိဘူးလေ။သူ့ဘာသူဖြစ်သွားတာပါပဲလို့...
ယောင်ခြောက်ဆယ်လေးဖြေလိုက်ရတယ်။နောက်ကိုဂစ်တာကြီးကလည်းမေးလာတယ်။သူလည်းဝင်လို့မရဘူးတဲ့။အဟဲ...အားတက်သွားတယ်။
တစ်ယောက်တည်းဖြစ်တာမဟုတ်လို့.. ဟိ :P ။ ကိုဝင်းမင်းဆန်းကြီးကတော့ကြိုးစားပြီးဝင်ပေးနေပါတယ်တဲ့......ပြောလာတယ်။
နောက်တော့သူလည်းပို့စ်တင်လို့မရတော့လို့တဲ့။ဓာတ်ကူးသွားတာလားမသိ။ Wordpress သုံးတဲ့လူတွေအကုန်ဖြစ်တယ်ထင်တယ်။
နောက်နေ့တော့ရမှာပဲလေဆိုပြီးနေလိုက်ပါတယ်။ဒီနေ့လည်းဘလော့ကိုဖွင့်ရော ကိုယ်တော်ချောက Problem Loading Page ပဲ။ဟင်းးးးးး......သက်ပြင်းချပြီးလက်မှိုင်ချနေရုံကလွဲလို့ဘာတတ်နိုင်အုံးမှာလည်း...
အော်......ဘလော့ကိုမမြင်ရတဲ့ဒုက္ခ
ချစ်သူကိုမမြင်ရတာထက်ဆိုးတယ်ဆိုရင်စိတ်များဆိုးမလားမသိ :P
ရှုး တိုး တိုး.. သွားမပြောနဲ့နော်။
ကဲ.....ဘလော့မှာပို့စ်အသစ်တင်လို့မရလို့ဒီမှာလာရေးလိုက်ပြီ။ဘာတတ်နိုင်သေးလဲ......ဟား ဟား
ဘာဖြစ်တယ်ဆိုတာသိသူများလည်းဖြေပေးကြပါအုံးနော်။
Tags:
Share
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network