Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ထူးပ

ဆန်းသစ်တီထွင်သော ကြော်ငြာများ - ၁

ကုန်ပစ္စည်းများကို ရောင်းအားတက်စေရန် လူသိများစေရန် ယုံကြည်မှုရှိစေရန် ထူးခြားချက်ကို ပေါ်လွင်စေရန် စသည့် ရည်ရွယ်ချက်မျိုးစုံဖြင့် လူစည်ကားရာနေရာများတွင် design မျိုးစုံ၊ ပုံသဏ္ဍန်အမျိုးမျိုးဖြင့် အမြင်ကို စွဲဆောင်နေကြသည်။ ကားမှတ်တိုင်၊ မီးပှိုင့်၊ ကုန်တိုက်မျက်နှာစာ၊ မီးရထားဘူတာ၊ တံတား စသည့်နေရာအနှံ့တွင်၊ ဆိုင်းဘုတ် အကြီးစား၊ အသေးမှအစ လက်ကမ်းစာစောင်အဆုံး ပုံစံအမျိုးမျိုးဖြင့် ကြော်ငြာနေတာကို မြင်တွေ့ရတာ ကြာလာတော့ မြင်သူကို ငြီးငွေ့လာစေသည်။ လူအများကို သိပ်စွဲဆောင်မှု မရှိတော့၊ ဒီတော့ ကြော်ငြာလုပ်ငန်းလုပ်သူတွေကလည်း တီထွင်ဆန်းသစ်သော မြင်သူအသစ် မှတ်မိစေအောင် အတွေးအခေါ်ပါသော ပုံစံမျိုးကို ပြောင်းသုံးလာသည်။ Creative Advertisement သည် Creative Idea ဖြစ်သည်။

New York city, USA ရေနွေးငွေ့ထွက်နေသော မြေအောက်ပိုက်လိုင်းနေရာမှ လူထွက်ပေါက်အဖုံး နေရာလေးကို တီထွင်ထားသော စိတ်ကူးကောင်းလေးက မြင်သူတိုင်း တစ်ခါတည်း စွဲငြိမှတ်မိသွားစေပါတယ်။ တက်မက်စရာ အငွေ့တစ်ထောင်းထောင်းနဲ့ ပူပူနွေးနွေးကော်ဖီတစ်ခွက်ဘေးမှာ ရေးထားတဲ့ စာလေးကလည်း ဒီမြို့ရဲ့ထင်ရှားတဲ့ တင်စားမှုကိုလည်း ဖော်ပြလိုက်တာပါ။

"Hey, City That Never Sleeps. Wake up.” from Folgers.



နောက်တစ်ခုကတော့ Amsterdam, Netherlands က Heineken Beer ကြော်ငြာထားတာပါ။ သင်လက်လှမ်း၍ ယူလိုက်တာက အမြဲတမ်း Heineken Beer ပါပဲပေါ့။


ဒီပုံကတော့ Buenos Aires, Argentina မြို့က Unicenter Shopping Mall မှာ Valentine’s Day ကျင်းပတဲ့အချိန်အခါမှာ ပြင်ဆင်ထားပုံလေးပါ။ အရမ်းကို romantic ဆန်တဲ့ ရိုးစင်းတဲ့ အတွေးလေးက လာရောက်တဲ့ စုံတွဲတွေကို စွဲဆောင်ထားပါတယ်။


Berlin, Germany မှ အလုပ်ခန့်အပ်ရှာဖွေပေးသောကုမ္ပဏီက အသင့်ရောင်းသော စက်များအတွင်း အလုပ်လုပ်နေသောလူတို့၏ ပုံကိုသရုပ်ဖော်၍ သူတို့ပေးသည့် message လေးကတော့ ‘Life is too short for the wrong job’ ပါတဲ့။

သူတို့ပေးတဲ့ သတင်းလေးတွေ သုံးစွဲသူ ပြည်သူတွေ တစ်ခါတည်းနှင့် သဘောပေါက်စေရန် ထိထိမိမိနှင့် ဆန်းသစ်ထားတဲ့ အတွေးအခေါ်များကို သဘောကျမိပါရဲ့။

Tags: advertisements

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service