"မိုးဖွဲည.."
နဲနဲလေး ငါ အသဲကွဲနေတယ်...
ဘာမှန်းမသိတော့တဲ့ မိုးဖွဲညတွေ
ငါ့ရင်ထဲမှာ ရွှာနေတယ်..
အုံမှိုင်းနေတဲ့ မိုးတိမ်တွေ
မီးမိုးတွေများ ရွှာမလား..ငါ မသိခဲ့
ပျော်ရွင်စရာများနဲ့ ဟိုးအရင်က အချိန်တွေ..
ငါ နှမြောမိတယ်..
အခု ငါဘယ်ကို ရောက်နေတာလဲ..
ကောင်းကင်နဲ့ မြေကြီးလဲမတည်မြဲပါဘူး..
ငါ့နှလုံးသားထဲက အားအင်ဆိုတာ ...
သူ့ ခြေထောက်အောက်က နှင်းဆီလိုပါပဲ..
ညနေကနေ ညဉ့်ထိ ဖွဲဖွဲလေးသာ ရွှာလိုက်ပါ...
ငါ ရင်ထဲမှာ ဖြေးဖြေးချင်း ပူလောင်နေချင်လို့ပါ..
အိမ်မက်ဆိုတာကလဲ ..လုံးဝ မလှတော့ဘူး..
နေညိုရင် အိမ်ပြန်ရမယ်...
ဒါ ငါ့အတွက်တော့.....
အလှဆုံးနဲ့ နောက်ဆုံး အိမ်မက်လေးပါပဲ...
(နေမိုးကြယ်)
Tags: naymoekyall@gmail.com
Share
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network