ဟင်းရွက်သည်နှစ်ယောက်နေရာလုနေကြတယ်။ ပဲပြုတ်တစ်ဆယ်သားနဲ့ မိသားစု ငါးယောက်စားလောက်ပါ့မလား တွေးနေတဲ့ အိမ်ရှင်မ။ ကျေးဇူးရှင်လေးတွေ အတွက်လက်ဆောင်။ မလိမ်မိုးမလိမ္မာလေးတွေ လိမ္မာပါစေ စေတနာအပြည့်နဲ့ ကြိမ်လုံး။ ရဲဝင်လာလို့ ခိုးကူတွေ ကစဉ့်ကလျား။အလကားကြည့်ရတာ ပဲဆိုတဲ့ အထည်ဆိုင်ရှေ့က ကောင်မလေးတစ်သိုက်။ အလစ်ဝင်နှိက်ဖို့ချောင်းနေတဲ့ အကြံသမား တွေ။ မုန့်ဟင်းခါးနဲ့ တစ်ထောင်းထောင်း ဒီနေ့ရောင်းကောင်းပါ့မလားတဲ့။ လာသမျှလူ ဘာရှာသလဲမေးနေတဲ့ ဈေးသည်တွေ......
ညှီနံပျောက်ဖို့ မဆလာ။ မာနမျက်နှာနဲ့ ရတနာဆိုင်တွေ။ ကလေးတွေ သွားရ…
Continue
Added by AungMyoHan on August 13, 2008 at 10:52am —
No Comments
ကြိုက်မရှက်တဲ့
ဝန်ခံပါတယ်
မင်းမျက်ဝန်း ၊ မင်းအပြုံး
မင်းအကြင်နာ ၊ မင်းအနမ်း
ငါစွဲလန်းလွမ်းလို့
ငါမရှက်နိုင်တော့ပါဘူး..............
ငိုက်မရှက်တဲ့
ဝန်ခံပါတယ်
မင်းစကား မင်းအမူအရာ
အားလုံးမှာ
ငါအငိုက်မိခဲ့သူမို့
ငါမရှက်နိုင်တော့ပါဘူး................
ငတ်မရှက်တဲ့
ငါဝန်ခံပါတယ်
မင်းအကြင်နာ မင်းအချစ်
မင်းရဲ့ဂရုစိုက်မှုတွေကို
ငါငတ်မွတ်တောင့်တစွာ
လိုအပ်နေတာမို့
ငါမရှက်နိုင်တော့ပါဘူး...............
Continue
Added by AungMyoHan on August 12, 2008 at 5:02pm —
No Comments