ညသည် ..
ဝေသီပြာညို့နေ၏။
မြနှင်းတို့ကင်း၏။
မြူငွေ့တို့ရှင်း၏။
တိမ်စင်၏။
လမင်းသည် ...
ကြယ်စင်မှုန်တို့ဖြင့်ခင်းကျင်းအပ်သော
မဟူရာနု ကမ္ဗလာထက်တွင် ...
အိပ်မက်လျက်ရှိ၏။
ငါ့အတွက်မူကား
ထာဝရခရမ်းပြာရိပ်သမ်း၏။
ကန္တာရသည် ..
ရှိန်းရှိန်းပူ၏။
ရေခိုးတို့အပြည့်လွှမ်း၏။
သဲမှုန်တို့သည် အလွမ်းဖြင့်သာ အတိပြီး၏။
ကျောက်သားပကတိ တည်၏။
ထို ကန္တာရအလယ်တွင်
ရွက်ဖျင်တထည်ဖြင့်
ငါ ရှိ၏။
ငါ တည်နေ၏။
ငါ တည်ရှိနေ၏။
ပူကား မပူလောင်
အလွမ်းဖြင့်သာ အေးမြ၏။
ကုလားအုတ်ဖြူတို့ရွေ့လျား၏။
ကန္တာရဆတ်တို့ ရှောင်ပုန်း၏။
ကမာများ၏ မျက်ရည်ဖြင့်
ပုလဲ…
Continue
Added by Harry on September 13, 2008 at 7:19pm —
1 Comment

လွမ်းလှချည်လားလို့များ အပြစ်တင်ကြဦးမလားမသိဘူး။ ထပ်လွမ်းလိုက်ပြန်ပါပြီ ...
ဒါလည်း ရှင်မဟာရဋ္ဌသာရ ရဲ့ရေးနည်းပါပဲ။ ပဒုမ္မာကြာဆိုနည်းလင်္ကာ လို့ခေါ်ပါတယ်။ လွမ်း တလုံးတည်းကို ကြာဝတ်ဆံလို မူတည်ပြီး ပတ်ရေးထားတာပါ။ နှစ်ထပ်ကြော့၊ လေးထပ်ကြော့ စကြာတေးထပ်တွေလိုပါပဲ။ ဒါပေမယ့် ဒါကတော့ လင်္ကာရေးနည်းဆ…
Continue
Added by Harry on September 6, 2008 at 7:26pm —
3 Comments
ပျိုးပျိုးပြက်ပြက်၊ တခဲနက်နှင့်၊
လက်လက်လင်းလင်း၊ ရွှေအဆင်းသို့၊
ဝိုးဝင်းဝါဝင့်၊ ရုပ်လွှာတင့်သည်၊
မြမြင့်မိုးမှ၊ ကြယ်စင်ညတွင်၊
လင်းလှလျှပ်လက်၊ ပန်းနွယ်ခက်သို့၊
နံနက်နှင်းနု၊ လှရည်ဥရာ
ပြာပြာပျို့ပျို့၊ ကိုယ်ဟန်မို့နှင့်၊
ညို့ညက်ညှင်းညှင်း၊ နုသားဝင်းခြယ်၊
နေနတ်နွယ်နန်း၊ ဖြစ်တည်လွှမ်းသို့၊
မြင့်မြန်းမွှေးမြ၊ ပန်းအလှဆင်း၊
သီသင်းသံသာ၊ နှုတ်လွှာမှာလွင့်၊
ဖြိုးဖျာဖျောက်ဖျောက်၊ နှင်းရည်ပေါက်နှယ်၊
ဖွေဖေါက်ဖြေဖျော်၊ ချစ်ခွင့်ပေါ်နိုး၊
မှန်းမျှော်မိမင့်၊ လွမ်းတေးဆင့်ကာ၊
ရော်ရင့်ရက်ရှည်၊ ကြာလေလေဝေး၊
ထွေးထွေးထက်ထက်၊…
Continue
Added by Harry on September 6, 2008 at 7:24pm —
No Comments
လွမ်းကာခွေ
လွမ်းလေနော့ရင်ဖြင့်၊
လွမ်းကြွှေလျော့
လွမ်းတယ်၊
လွမ်းပေပေါ့
လွမ်းမပြယ်၊
လွမ်းတသွယ်
လွမ်းလှ၊
လွမ်းကြွယ်လို့
လွမ်းကာရီ၊
လွမ်းရာသီ
လွမ်းတိမ်ဆင်လ။
လွမ်းမိုးညို့
လွမ်းယောင်ဆင်၊
လွမ်းရင်ခွင်
လွမ်းလျ၊
လွမ်းတ ကာ
လွမ်းပိုည မှာဖြင့်၊
လွမ်းငိုရ
လွမ်းသီ၊
လွမ်းလှီလို့
လွမ်းကာချို့၊
လွမ်းပါလို့
လွမ်းငွေ့ဝေရီ။
လွမ်းတေးဖွဲ့
လွမ…
Continue
Added by Harry on September 3, 2008 at 9:55pm —
2 Comments
ညဥ့်ယံတန်ဆောင် ...
လရောင်လိမ်းကျံ၊ ကြယ်စင်ပန်၍၊
တိမ်ခြံရံလျက်၊ ငွေ့နှင်းယှက်ကာ၊
လင်းလက်မွှေးမြ ဖြူစင်စေ။
နေ့မှာမသွေ ...
နေခြည်နုနု၊ ရွှေရည်ဥသို့၊
ကြွေလုကျဆင်း၊ ဘဝတွင်းမှာ၊
မြနှင်းပဝါ လွှမ်းခြုံစေ။
ကိုယ့်ထံတွင်ကား ...
မြေသားလိမ်းကျံ၊ ရေကိုဆန်ကာ၊
မီးလျှံလောင်မြိုက်၊ ညလမိုက်တွင်၊
ကိုယ့်ထိုက်ကိုယ့်ကံသာရှိစေ။
သုံးရာသီမှာ ...
တိမ်လွှာတံတား၊ ပန်းရထားနှင့်၊
နှင်းသားညက်ညင်၊ စံအိမ်ပြင်ဝယ်၊
ကြယ်စင်တခင်း၊ လမင်းချစ်သူ၊
လှစ်ယူပျော်စံ၊ သူပန်ဆင်ဖို့၊
လွမ်းလို့နေလည်း၊ ကိုယ်ဖြန့်ကျဲမည်၊
အသည်းနှင့်ပင် ရင်းရစေ။ ။
Continue
Added by Harry on August 30, 2008 at 1:34am —
No Comments
ဒီစာက ညီလေး ချီရွန် ဆီကို သူ့ ဘလော့ဂ် မှာ မြန်မာ စာလုံးပေါင်းနဲ့ ပတ်သက်တာတွေ့လို့ စာလုံးပေါင်းနဲ့ပတ်သက်ပြီး နည်းနည်း ပြောချင်တာနဲ့ ရေးလိုက်တဲ့စာဖြစ်ပါတယ်။
အဓိက ကတော့ Cbox နဲ့ Comment တွေမှာ ပြောထားကြတဲ့ တစ် နဲ့ တ အသုံးအနှုန်းပါဘဲ။ "တစ်ခု၊ တစ်နေ့" လို့ရေးမှာလား၊ "တခု၊ တနေ့" လို့ရေးမှာလား ဆိုတာပေါ့။
ဒီလိုပြောတဲ့နေရာမှာ ကျနော် လေ့လာမှတ်သားဖူးတာတွေကို ပြောခဲ့တာပါ။ ဒါတွေဟာ ကျနော့်ရဲ့ အယူအဆ သက်သက်နဲ့ ကြားဖူးထားတွေကို ပြောပြခြင်းသာ ဖြစ်ပါတယ်။ မှန်တာ မှားတာ ဝေဖန်ပိုင်းခြားဖို့ကတော့ ပညာရှင်များရဲ့ ကဏ္ဍဖြစ်ပ…
Continue
Added by Harry on August 23, 2008 at 1:42pm —
No Comments
ရင်ထဲမှာ အမြဲလွမ်းလို့၊
အသဲနွမ်းနဲ့ ခေါ်မယ်၊
အမြဲတမ်းကွယ့် ပျော်စေရွယ်၊
ဖျော်ဖြေမယ် ကဗျာငှက်၊
အလာခက် ဝါရွက်ကြွေအောင်၊
ညာရက်လေ သဲမြညှာသက်။
ဝေတခက် ခြွေရက်လေတယ်၊
ကြွေရွက်တွေ မြေသက်၊
ပွေခက်မပြေ အခြေပျက်လို့၊
နေထက်မကပူကာ၊
နွေရက်ညဘဝင်ဆူအောင်၊
ကြင်သူရယ် နေရက်နိုင်တာ။
စိမ်းသွေ့သွေ့ စိမ်းငွေ့ဖြာ၊
စိမ်း၍သာ နေစေအုန်း၊
ရေမြေဆုံး ချစ်ကြင်လျက်သာ၊
ပြစ်မမြင်ရက်ပါ၊
ရင်ထက်က လွမ်းကဗျာကို၊
ခရမ်းပြာ မြင်လှည့်ပါလေး။ ။
ဟယ်ရီ
Continue
Added by Harry on August 18, 2008 at 8:47pm —
2 Comments
လတပေါင်း၊
မြနှောင်းရွက် ညှာတံကြွေနဲ့၊
ခါယံနွေရည်။
မိန်ရက်နွေ ရွှေရည်ကြောမှာ၊
အိပ်မက်ကြွေ ဝေသီမျောလို့၊
နေခြည်မောရီ။
အနွမ်းရာသီကဝေးစေဖို့၊
ခရမ်းပြာညီမလေးရေ၊
သီလျတေးဖွဲ့ကာချီမယ်၊
လဲ့ပြာရီနွေး။
အလှမ်းကွာ၊
လွမ်းကဗျာတေးအရိပ်မှာ
ခရမ်းပြာတမှေးအိပ်ကွယ်၊
ထွေးသိပ်မယ်လေး။ ။
ဟယ်ရီ
Continue
Added by Harry on August 18, 2008 at 8:46pm —
No Comments
ရွက်ကြွေညမှာ
မျက်ရည်စနဲ့သာနေမယ်ခင်။
လရောင်လိမ်းကျံ၊
တိမ်လွှာကို ပန်ဆင်ရင်း၊
ပါးပြင်ယံ မွှေးမြဖြူလို့၊
ဘဝမြူ ကင်းစင်ပကာ၊
နှင်းလွင်ညကဗျာသွင်နှယ်၊
ဆင်းသွင်မြပဝါဆင်စေ၊
ကလျာခင်ချစ်သွေး။
မနမ်းသာ ဝေစွင့်လန်းတဲ့၊
ခရမ်းပြာ မေပွင့်ပန်းကို၊
မမြန်းသာ ခြွေလင့်မလှမ်းနိုင်ဘု၊
နေသင့်ပန်းလို နွမ်းပျက်ကြွေကာ၊
တမ်းရက်ရှည် လေနီမွှေ့တော့၊
လွမ်းမျက်ရည် ဝေသီဝေ့ပြီကွယ့်၊
ကြွေပြီလေ့ ရည်မြသွေးနဲ့၊
နေခြည်မေ့ဆီကဝေးပေါ့၊
သီလျဆွေး အလွမ်းဖြာလို့၊
ညီမလေး ခရမ်းပြာရယ် ...
လွမ်းကဗျာရေး။ ။
ဟယ်ရီ
Continue
Added by Harry on August 18, 2008 at 8:46pm —
No Comments
နွေပန်းချီ ခြေရာဖွဲ့လို့၊
လေပွေသီ ဝေကာလှည့်ချိန်၊
ဖြေရာမဲ့ အဝေးကိုရွယ်၊
ဝေဒနာဖွဲ့တေးဆိုမယ်။
နှုတ်အပြောချို တမ်းဝေးပြန်တဲ့၊
ဥသြပျိုလွမ်းတေးသံက
နွမ်းဆွေးဟန် အရောက်လာမယ့်၊
ပိတောက်ဝါ အပြေးလာခဲ့ချိန်ပေါ့၊
တစ်ယောက်သာ တေးကဗျာဖွဲ့ပါလို့၊
အတွေးမှာနွဲ့သီလာသူရေ ... ၊
အဆွေးကမ္ဘာနဲ့ချီကာရယ်၊
ဝေးကွာခဲ့တယ်။
စဉ်အမြဲမကွာ၊
ရင်ထဲမှာ သူသာရှိပါလို့၊
ပြင်သည်းညှာ ပူပါဘိလေရဲ့၊
လူတကာမသိ ဖွင့်မပြောသာတော့၊
တင့်မောစွာနေလေတော့ကွယ်၊
မေကျော့ငယ်ထွေး။
မလှမ်းသာ၊
ခရမ်းပြာဝိုင်တစ်ခွက်ကိုဖြင့်၊
အနွမ်းဗျာဆိုင်လက်နဲ့၊
မကိုင်ရက်လို့…
Continue
Added by Harry on August 18, 2008 at 8:45pm —
No Comments
စပယ်မြစ်ပေါ်က
နှင်းဆီရွက်လှေငယ်
ချယ်ရီကန္တာရကိုဖြတ်ဖို့ 
သစ်ရွက်ဖိနပ်လေး
မေ့ကျန်ခဲ့သေးသတဲ့ ...။
ခရမ်းပြာရောင်သမ်းလို့
အလွမ်းနဲ့ ဖြည့်ထားတဲ့ဝိုင်ခွက်
သစ်ခွပွင့်ပေါ်
အိပ်ပျော်ကာနေလေရဲ့
ညီမလေးရေ ....
ဘာပဲဖြစ်ဖြစ်
နှစ်ချို့အောင် သိမ်းထားလိုက်ပါ့မယ်။
ကန်ရေပြင်အမှောင်ည
ကွဲအက်ရှတဲ့ လရောင်ခြည်လို
မပီဝိုးဝါး နီးဝေးခါးသီးစိမ်းမြ
ရာမယန သမင်လိုက်ခန်း
လွမ်းလိုက်တာကွယ်။
ဆဟာရမှာ
ပျပျလေးမြင်နေရတဲ့
သက်တန့်ရဲ့အဆုံး
ကိုယ်သွားရှာဦးမယ်
လိုက်ခွင့်ကြုံရင်တောင်
မခေါ်ရက်ပါဘူး ကလေးရယ်
ကန္တာရမှာ ...
ကော်ဖီဆိုင်မရှိ
ဝိုင်မရိ…
Continue
Added by Harry on August 18, 2008 at 8:44pm —
No Comments
ချစ်သူ့စိတ်မှာ၊
လိပ်ပြာလိုအမြဲ၊
အရိပ်ပမာခိုတွဲလို့၊
နှစ်ကိုယ်မခွဲ နေလိုချင်လဲ၊
မေငြိုငြင်မှာစိုးတာမို့၊
ပန်းကိုချိုးလို့ အပန်ခက်၊
အပင်ထက်မှာသာ ယဉ်။
သူ့ ဘဝအမောတွေ ပြေပါစေတော့ရယ်လို့၊
အနုအရွအပြောတွေ ချွေကာဖြေလျော့မိမှ၊
သမုဒယသဘောတွေ ဝေလာလေတော့၊
ထွေဗျာပွေပေါ့ ကိုယ့်စိတ်အလျဉ်၊
အရိပ်ထင်ကာ သူရှိမြဲ။
ခက်ချေပြီလေ ..
ရတက်ပွေသီ အိပ်မရဘဲ၊
စိတ်ကအမြဲ သူ့ထံမှာ၊
အခုပြန်ကာ ပြေးတွေ့ချင်လဲ၊
ဝေးတမြေ့ခင် သူ့ဘဝနံဘေးမှာ၊
အယုအယတေး သီခွင့်မရှိသူမို့၊
မချိရင်ပူလို့ တမ်းတကာ၊
နွမ်းလျစွာ ဒီဘဝအဆွေးတွေနဲ့
အလှမ်းကကွာ မညီမျှေ…
Continue
Added by Harry on August 18, 2008 at 8:43pm —
No Comments
တမျက်နှာကို အစဉ်မညှိုးရအောင်၊
အချစ်ကဗျာကို အပင်ပျိုးလို့၊
သခင်ချိုးဖို့ ပန်းခင်းဖေါ်မယ်၊
မင်းပျော်ရင် ကိုယ်ကျေနပ်၊
အနေတတ်ပါတယ်။
တသက်တာ ထာဝရနံဘေးမှာလဲ၊
မပျက်ကွာ ကဗျာအလှလေးတွေနဲ့၊
မကြာခဏ တေးအလှဆင်လို့၊
လေးနှမခင်ကို ပျော်တော်ဆက်ရန်၊
မနက်ဖြန်မှာ အသက်တဖန်ရှင်သန်စေသမျှ၊
နေရဦးမယ်။
တွေ့သမျှရန် ဘေးဘယာခရီးဆိုလဲ၊
ရှေ့ကအမှန်ပြေးကာဆီးလို့၊
အနီးနားက စောင့်ရှောက်မယ်ပေါ့၊
တကယ်တော့လေ သူရန်မခစေဖို့ပဲ၊
ပြန်ရစေရယ် မမျှော်ကိုး၊
အပျော်မိုးတွေ သူ့အပါးစွေရင်တော့၊
အနားမနေချင် တမင်ပြေးခွာဖယ်၊
အဝေးကမ္ဘာဝယ် ရှောင်ကာပုန်း။…
Continue
Added by Harry on August 18, 2008 at 8:42pm —
No Comments
နတ်တို့ရဲ့အရိပ်
အိပ်မက်တွေဟာ
မနက်ခင်းမှာရွာချသတဲ့
ကဲ . . အရမ်းသဲတဲ့အိပ်မက်မိုး
အညှိုးနဲ့ရွာ မင်းမှေးစက်ရာပုခုံး
လိုလိမ့်အုန်းမယ်ကွယ့်
ညီမလေး ခရမ်းပြာ။ ။
ကျိန်စာသင့်တဲ့လက်နဲ့
ပင်နယ်တီကိုအဖမ်းခက်လှတယ်၊
ကံကြမ္မာမှော်ဆရာက
ပြခဲ့တဲ့အနီကတ်နဲ့ 
ကိုယ် . . .
ဒိုင်ပွဲတစ်ခါရပ်ခဲ့ရပြီးပါပြီ။
ကိုယ့်ရင်ထဲကမင်းနဲ့
ကိုယ့်ရင်ထဲကအသင်း . . .
အလျဉ်းသာပြိုင်ရရင်တော့
'အိုးလ်ဒ်ထရက်ဖို့ဒ်' တစ်ကွင်းစာအလွမ်းနဲ့ 
နိုင်ပွဲမဲ့ ချန်ပီယံရဲ့သမိုင်းအစ
'မန်ချက်စတာယူနိုက်တက်' ရဲ့ဘဝလို
ကိုယ် ... မဖြစ်ချင်ဘူး။
ချယ်ရီပွင့်ဝိုင်ချို…
Continue
Added by Harry on August 18, 2008 at 8:41pm —
1 Comment
နွေပန်းချီ၊
လေပွေသီ ဖြေရာမဲ့လို့၊
ဝေဒနာဖွဲ့တေး။
နှုတ်အပြောချို၊
ဥသြပျို လွမ်းတေးသံက၊
နွမ်းဆွေးဟန်ပေး။
ပိတောက်ဝါ၊
တယောက်သာ တေးကဗျာဖွဲ့၊
ဝေးကွာခဲ့လေး။
စဉ်အမြဲသာ၊
ရင်ထဲမှာ သူသာရှိလို့၊
ပူပါဘိသေး။
ဖွင့်မပြောသာ၊
တင့်မောစွာ နေလေတော့ကွယ်၊
မေကျော့ငယ်ထွေး။
မလှမ်းသာ၊
လွမ်းကဗျာသီရဆွေးပေါ့၊
ခရမ်းပြာညီမလေးရယ် ..
ဒီဘ၀ဝေး။ ။
ဟယ်ရီ
Continue
Added by Harry on August 18, 2008 at 8:40pm —
No Comments

နတ်စောင်းသံလား၊ မှတ်ထင်မှားခဲ့၊
စကားသံစဉ်၊ ကြားပြန်လျှင်လည်း၊
နားဝင်လဲချို၊ ရင်လဲဖိုခဲ့၊
မှန်လိုကြည့်ချင်၊ သူ့ရုပ်သွင်ကို၊
မြင်ရလေတိုင်း၊ ရင်မှာလှိုင်းဆင်၊
သူခိုင်းရင်ပျော်၊ သူကခေါ်ရင်၊
ကြယ်စင်တတင်း၊ ငွေလမင်းနဲ့၊
ဆောင်ကြဉ်းလို့သာ၊ အရောက်လာမယ်၊
သူသာပျော်ရင်၊ ကိုယ်ငိုချင်လည်း၊
ရင်ကိုခ…
Continue
Added by Harry on August 18, 2008 at 8:37pm —
2 Comments