ကျနော် မန်းကို ပြန်တဲ့ တစ်ခေါက်ကပေါ့။ အောင်မင်္ဂလာကားကွင်းကို ညီက ကားနဲ့ လိုက်ပို့ပေးတယ်။ အချိန်စောနေသေးလို့ နှစ်ယောက်သား အအေးဆိုင် တစ်ဆိုင်မှာ ထိုင်ရင်း စကားပြောနေဖြစ်ကြတယ်။ သူနဲ့ စကားပြောနေရင်း ကျနော် စိတ်ဝင်စားနေတာ သူ့ရဲ့ တော်ကီ မဟုတ်ဘဲ သူ့ နောက်ကျော၊ ကျနော့် မျက်နှာချင်းဆိုင်က အဖြစ်အပျက်ကလေး ဖြစ်နေတယ်။ အထူးအဆန်းတော့ မဟုတ်ပေမယ့် သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဦးမလဲ၊ ဘယ်လိုများ လုပ်မလဲလို့ စိတ်ဝင်စားနေမိတယ်။ လေးဘီးကားလေး တစ်စီးပေါ်ကို လက်တွန်းလှည်း ဝိုင်းတင်နေကြတယ်။ တ
…
Continue
Added by ပီကေ on December 4, 2008 at 9:30pm —
1 Comment
စနည်း / စနီး၊ စနဲ / နာမ် - ရှေ့ပြေးနိမိတ်အနေဖြင့် ကြားရသောအသံ။
စနည်းနာ / စနဲနာ / ကြိယာ - လူအများ ပြောသံဆိုသံကို ထောက်လှမ်းသည်။
ဒါ မြန်မာစာဌာနက ထုတ်တဲ့ မြန်မာအဘိဓာန်မှာ ဖော်ပြထားချက်ပါ။ ကျနော်တို့ စနည်းနာတယ်လို့ သုံးလေ့ရှိတယ်။ မလုပ်ခင် ထောက်လှမ်းတယ်လို့ ကျနော်တို့ နားလည်ထားကြတယ်။ အဓိပ္ပာယ်ကို ပိုပြီး ရှင်းလင်း နားလည်ချင်တာနဲ့ အဘိဓာန်စာအုပ်ကို လှန်ပြီး ဖတ်ကြည့်မိတယ်။ အဲဒီစာအုပ်နဲ့ အတူ တခြား စာအုပ်တစ်အုပ်ကိုလည်း သွားသတိရမိတယ်။ စနည်းနာခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ
…
Continue
Added by ပီကေ on November 28, 2008 at 4:00pm —
No Comments
သားသားကြီးလာရင် ဘာလုပ်မလဲလို့ မိဘတိုင်းက ကိုယ့်သားသမီးကို မေးဖူးကြမယ်။ စဉ်းစားတတ်လာတဲ့ ၁၀ နှစ်သား လောက်မှာလည်း ကိုယ်ပိုင် အိပ်မက်လေးတွေ ကိုယ်စီ မက်ခဲ့ကြမယ်။ လူတိုင်းလူတိုင်းက ကိုယ်တန်ဖိုးထား ကိုးကွယ်နေတဲ့လူပဲ ဖြစ်ချင်ကြတာ။ ထူးဆန်းတာက ဘယ်ကလေးမှ သားကြီးလာရင် လူဆိုးကြီးလုပ်မယ်၊ လူသတ်သမားကြီး လုပ်မယ်လို့ မပြောခဲ့ကြပါဘူး။ တကယ်တမ်း စဉ်းစားတတ်လာတော့ ဘဝရဲ့ အပြစ်အနာအစာတွေ မြင်တတ်လာပြီ။ ကောင်းခြင်းနဲ့ မကောင်းခြင်းကို ကိုယ်ပိုင် အဘိဓာန်နဲ့ သက်မှတ် တတ်လာပြီ။ ဒီလို ခွဲတတ်လာတာ
…
Continue
Added by ပီကေ on November 15, 2008 at 9:34pm —
No Comments
ကျနော်တို့ မြန်မာနိုင်ငံမှာ ကြီးပြင်းပြီး မြန်မာရေသောက်၊ မြန်မာစကား ပြောနေကြတော့ တချို့ အသုံးအနှုန်းတွေကို ဘာလို့ ဒီလိုသုံးတာလဲလို့ မေးလာရင် မဖြေတတ်တဲ့သူ များပါတယ်။ ခက်တာက မြန်မာအချင်းချင်း ဘာလို့ ဒီလိုသုံးတာလဲလို့ ဘယ်သူမှ မေးမှာ မဟုတ်ဘူး။ နိုင်ငံခြားသားတစ်ယောက် (သို့) မြန်မာစကားပြောနဲ့ စိမ်းနေတဲ့ သူတွေကပဲ မေးကြလိမ့်မယ်။ မေးလာရင်ကော တိတိကျကျ မဖြေနိုင်တဲ့ သူက များပါတယ်။ 'သွား' နဲ့ 'လာ' ဟာ မြန်မာစကားမှာ အခြေခံကျတဲ့ လှုပ်ရှားမှုပြ ကြိယာဖြစ်တယ်။ ဘယ်လိုအချိန်မှာ 'သွား'
…
Continue
Added by ပီကေ on October 6, 2008 at 7:30pm —
No Comments
ဟိုး အစောကြီးကတည်းက ကောင်မလေးရဲ့ မိဘတွေက သူ့ ကောင်လေးနဲ့ကို လုံးဝ သဘောမတူတာပါ။ မိဘအသိုင်းအ၀ိုင်းရဲ့ အခြေအနေတွေ မတူကြတော့ အမြင်မတူတာတွေဟာ နောက်နောင် တစ်သက်လုံး ဒုက္ခ ရောက်စရာတွေချည်းလို့ လူကြီးတွေက အကြောင်းပြကြတယ်။ မိဘတွေရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲ အမြဲလိုလို စကားများကြတယ်။ ကောင်မလေးဟာ ကောင်လေးကို အသက်ထက်ဆုံး ချစ်နေလေတော့ သူ့ကောင်လေးကို ဘယ်လောက် ချစ်သလဲ ဆိုပြီး အမြဲ မေးလေ့ရှိတယ်။
ဒီမေးခွန်းအတွက် ကောင်လေးမှာ ဖြေပြစရာ စကားလုံးတွေ ရှားနေတော့ တခါတလေ ကောင်မလေးက အေ
…
Continue
Added by ပီကေ on September 26, 2008 at 5:43pm —
1 Comment
ကျနော် မန်းကို ပြန်တုန်းက အိမ်မှာ ဟိုးအရင်က ၀ယ်ထားတဲ့ စာအုပ်တစ်အုပ်ကို ပြန်ဖတ်ရအောင် ဆိုပြီး ရန်ကုန်ကို ယူလာခဲ့လိုက်တယ်။ ဆရာမောင်သာနိုး ရေးတဲ့ မြန်မာ့စကားနဲ့ စာပေ ဆိုတဲ့ စာအုပ်ပါ။ ပြန်ဖတ်ကြည့်လိုက်တော့ ဝေမျှပေးချင်တာတွေ တအား များနေတယ်။ အဲဒီအထဲကမှ မြန်မာစာကို ချစ်တဲ့ လူတိုင်း သိထားသင့်တဲ့ ဗဟုသုတတွေကို မျှဝေပေးမယ်လို့ အခု ဒီခေါင်းစဉ်နဲ့ အခန်းဆက်ဆောင်းပါး ရေးမယ်လို့ စိတ်ကူးလိုက်မိတယ်။ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်အတွက်တော့ အနည်းဆုံး မပျောက်မပျက
…
Continue
Added by ပီကေ on September 20, 2008 at 10:30pm —
No Comments
ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ
…
Continue
Added by ပီကေ on September 15, 2008 at 6:00pm —
1 Comment
ကျနော်တို့ မြန်မာစာမှာ “ရေးတော့အမှန် ဖတ်တော့အသံ” ဆိုတဲ့ ဆိုရိုးလေး ရှိပါတယ်။ ဘာလို့ ဒီစကားရပ် ပေါ်လာသလဲလို့ ပြန်စမ်းစစ်ကြည့်ရင် ကျနော်တို့ မြန်မာစာမှာ ရေးတဲ့ အတိုင်း ဖတ်လို့ မရတာကြောင့်ပါ။ ဥပမာ ရန်ကုန် ဆိုတဲ့ စကားလုံးကို ကျနော်တို့ ဘယ်လို ဖတ်မလဲ။ ဆင်ကြီး ဆိုတာကိုကော ဘယ်လို ဖတ်မလဲ။ ကလေးက အစ ဖတ်တတ်ပါတယ်။ ရန်ဂုန်၊ ဆင်ဂျီး လို့ ဖတ်ကြတယ်။ ကျနော် သိသလောက် ငယ်ငယ်ကတည်းက အခုအချိန်ထိ သင်ရိုးညွှန်းထဲမှာ ဘာကြောင့် အဲဒီလို ပြောင်းဖတ်ရသလဲ ဆိုတာ ကျနော်တို့ မသင်ခဲ့ရပါဘဲနဲ့ မြန်မာတေ
…
Continue
Added by ပီကေ on September 13, 2008 at 5:00pm —
1 Comment