Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

မစ်(စ်)သွန်းသွန်း

မစ်(စ်)သွန်းသွန်း's Blog (20)

မစန္ဒာသို့ .... (၁)

မစန္ဒာရေ .... စင်္ကာပူရဲ့ နွေခေါင်ခေါင်ရက်တွေက ပူစပ်ပူလောင်နိုင်လွန်းပါတယ်။ အပူရှိန်လန့်ပြီး အိမ်ပြင်လည်း မထွက်ချင် ၊ ထွက်ချင်ပြန်တော့လည်း ဟိုဝယ်မိ ဒီဝယ်မိ အပိုတွေကုန်လွန်းတာကြောင့် အိမ်တွင်းပဲအောင်းနေတာ ဘယ်နှစ်ရက်ရှိလို့ ဘယ်နှစ်ပတ်မြောက်မှန်းတောင် မသိတော့ပါဘူး။ တစ်နေ့ညကတော့ မိုးချလိုက်တာ။ နောက်တစ်နေ့တစ်မနက်လုံး စိမ့်ပြီး နေလို့ကောင်းတယ်။ ဒါလည်း ခဏပါပဲလေ ။ ဒီကျွန်းရဲ့ ထုံးစံအတိုင်း ပူဆယ်ရက် ၊ အေး တစ်မနက်ပေါ့။ အဆင်မပြေမှုတွေ များတယ် မစန္ဒာရေ ...။ ဘယ်ဂြိုဟ်ထဲဝင်လို့ ဘယ်ဂြိုဟ်များပတ်နေရော့ မသိ။ ဘာမှလည်… Continue

Added by မစ်(စ်)သွန်းသွန်း on September 30, 2008 at 2:17pm — 1 Comment

တိတ်တခိုး

ကြင်သက်စခန်းမို့ လှမ်းခဲ့ကညာ ရင်ခတ်ပန်းတို့ နွမ်းတဲ့နေရာ မြင်လျက်လွမ်းလို့ ပမ်းခဲ့သဟာ အချစ်ရယ် .... မျှော်သာမျှော်တယ် မတော်ကွယ်။ မစ်(စ်)သွန်းသွန်း Continue

Added by မစ်(စ်)သွန်းသွန်း on September 30, 2008 at 2:15pm — No Comments

မျှော်လင့်ခြင်းလက်များ

လွန်ခဲ့သော(၁၀)နှစ်က ညနေခင်းတစ်ခု .....။ အနာဂတ်အိမ်မက်တွေ ကိုယ်စီရှိတဲ့ မိန်းမသားနှစ်ဦး လက်တွဲပြီးလမ်းလျှောက်လာကြတယ်။ သူတို့ဦးတည်နေတာက မြို့လေးအစွန်က ဝါးတံတားလေးဆီ ....။ ကလေးမလေးက မိခင်ဖြစ်သူလက်ကို ကျစ်ကျစ်ပါအောင် တွဲဆုပ်ထားရင်း သူဝတ်ထားတဲ့ ပိုင်ဟွေ့အကျီ င်္ အသစ်ကလေး လေထဲမှာ တဖျတ်ဖျတ်ခါနေတာကို သဘောကျနေတယ်။ တစ်ကယ်ဆို အဲနေ့က သူမရဲ့ (၈) နှစ်ပြည့်မွေးနေ့။ သူငယ်ချင်းတွေ တိုင်ပင်ပြီးပေးထားတဲ့ ပိုက်ဆံအိတ် ရောင်စုံ ၊ ဒီဇိုင်းစုံ လေးတွေ ထဲက တစ်ခုကို သူမလက်ထဲမှာ ကိုင်ထားတယ်။ လေးထောင့် ၊ တြိဂံ ၊ အပြား ..… Continue

Added by မစ်(စ်)သွန်းသွန်း on September 30, 2008 at 2:14pm — No Comments

Bloggingနည်းနည်း Qတာများများ

မွေးနေ့အတွက် အမှတ်တရပို့စ်လေးတစ်ပုဒ် ရေးချင်ပါတယ်။ အရင့် အရင်နှစ်တွေနဲ့မတူတာက ဒီနှစ်မွေးနေ့မှာ ကျမက ဘလော့ရေးဖြစ်နေခြင်းပါပဲ။ ထပ်ပြောရရင် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရပ်တည်တတ်တဲ့ ဘလော့ဂ်ရေးသူတစ်ယောက်ဖြစ်ချင်တာပါ။ ဘလော့တစ်ခုစလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်မှာ ကျမက ဘလော့ဂါတွေရဲ့ စီးဆင်းမှုသမိုင်းကို အတော်အတန်တီးခေါက်မိပြီး ရှိနေပြီ။ ငါလုပ်မည့်ဘလော့ဂ်သည် အုတ်ရော သဲရော ၊ ကျီးရောရော ကြွက်ရောရော ၊ ပေါ်ပင်ဘလော့ဂ်တစ်ခု မည်သည့်အခါမျှ မဖြစ်စေရ ဆိုတဲ့ သန္နိဌာန်လည်း ချပြီးဖြစ်နေပါပြီ။ ဒါက မိမိဘလော့ဂ်နဲ့… Continue

Added by မစ်(စ်)သွန်းသွန်း on September 27, 2008 at 4:52pm — 4 Comments

အရှက်လွဲကြသူများ

ဒီမိသားစုကို ကျမသတိထားမိတာကြာပြီ။ သူတို့ ဒီရပ်ကွက်ကိုပြောင်းလာတာ တစ်လကျော်လောက်ရှိပြီ။ ကျမတို့ ခေါင်းရင်းအိမ်က သားအမိနှစ်ယောက်က သူတို့အိမ်ဘယ်ဘက်တစ်ခြမ်းကို ကန့်ပြီးအိမ်ငှားတင်ထားတယ်။ အဲအခန်းလေးကို ဒီမိသားစုငှားနေကြတယ်။ အသက် (၂၅) နှင့် (၃၀) ကြားဟု ခန့်မှန်းရသည့် ထိုလင်မယားတွင် တစ်တန်းကျောင်းသူ သမီးတစ်ယောက်နှင့် အသက် ၃ နှစ်နီးပါးအရွယ် သမီးတစ်ယောက်ပါလာသည်။ ကျမအခန်းက အိမ်ခေါင်းရင်းဘက်ဖြစ်တာမို့ စကားကျယ်ကျယ်ပြောတတ်သည့် သူတို့လင်မယားရဲ့ စကားသံတစ်ချို့ကို အမြဲလိုလို အတိုင်းသားကြားရလေ့ရှိတယ်။ သူတို့လင်… Continue

Added by မစ်(စ်)သွန်းသွန်း on September 27, 2008 at 4:50pm — No Comments

စာဖတ်တိုင်း လွမ်းမိတဲ့အရာ

စင်္ကာပူရဲ့ နေ့လည်ခင်းအချို့က ပျင်းစရာကောင်းပါတယ်။ မြန်မာပြည်ရဲ့ ကျောင်းပိတ်ရက်တွေကိုတော့ ဟိုသွားဒီသွား စာအုပ်တွေလှန်လှောပြီး ဟိုဖတ်ဒီဖတ်နဲ့ပဲ ကုန်လွန်စေခဲ့တာပဲ။ စင်္ကာပူမှာတော့ အမြန်ရထားခဈေးကြီးတယ် ၊ စာအုပ်အငှားခဈေးကြီးတယ်။ ၂၄ နာရီရတဲ့ အင်တာနက်သည်သာ နေ့လည်ခင်းတစ်ချို့ရဲ့ အဖော်။ စာအရမ်းဖတ်တဲ့မိတ်ဆွေတစ်ယောက်က အီးဘွတ်ခ်ဆိုက်လေး forwardလှမ်းလုပ်လိုက်တော့ ကိုယ်တွေအကြိုက်။ကိုယ်က စာအုပ်ဆို အကြည်တော်ကနေ အရှင်ဆန္ဒာတိက အထိဖတ်တယ်။ အမျိုးအစားမရွေးဘူး။ သီချင်းဆို ခင်မောင်တိုး ကနေ ဂျေမီအထိ နားထောင်တယ်။ အသက်သိပ… Continue

Added by မစ်(စ်)သွန်းသွန်း on September 8, 2008 at 2:45pm — 1 Comment

ရေသေကန်

တည်ငြိမ်နေတဲ့ရေပြင်ကိုမှ ခဲနဲ့လာပေါက်ချင်တော့လည်း ခဏတာလှုပ်ခတ်မှု နင်တို့ရမှာပေါ့လေ တစ်ကယ်တော့ ရေပြင်ဟာ ရေပြင်ပါပဲ သူ့ပင်ကိုငြိမ်းချမ်းမှုတွေနဲ့ ငြိမ်သက်လို့ နင်တို့ လှည့်ကွက်မှာ ဖျတ်ဖျတ်လူးရတာပဲ မြင်ချင်တွေ့ချင်ရင်တော့ ပင်လယ်ဆီပဲသွား ငါက ရေသေကန်တစ်ကန်။ မစ်(စ်)သွန်းသွန်း (4:53 AM) Continue

Added by မစ်(စ်)သွန်းသွန်း on September 8, 2008 at 2:44pm — No Comments

ဘာမှမဟုတ်တဲ့အရာ

မျက်စိကိုအသာလေးမှိတ်ထားပါ။ .ခေါင်းကိုမတ်မတ်ထား ။ခါးကိုမတ်မတ်ထား.တစ်ကိုယ်လုံး မှာ ရှိတဲ့အ ကြောတွေကိုလျော့ ထားပါ။ ။ အံမကြိတ်နဲ့။ မာန်တင်းမထားနဲ့။. မျက်မှောင်မကုတ်နဲ့ ၊ မျက်တောင် မခတ်နဲ့ ။ ကိုယ့်ရဲ့ စိတ်၊ လိုအင်ဆန္ဒတွေကို လက်မခံပါနဲ့ ။ စိတ်ကို အလိုလိုက်ဖို့ တရားအားထုတ်ရတာ မဟုတ်ပါဘူး။ စိတ်ကို အလိုလိုက်နေတာကိုက တရားအားမထုတ်တာ၊ တရားနဲ့ မနေတာပါဘဲ။ ကိုယ့်ရဲ့  စိတ်က ကိုယ်လို သူလို စိတ်ပါ။ လုပ်ချင်တာ လုပ်နေတာ၊ ကိုယ်နားလည်တာ လုပ်နေတာ၊ စိတ်ကို လက်ခံနေတာ တရားမဟုတ်ပါဘူး။ ကိုယ့်မှာဖြစ်နေတဲ့စိတ်တွေက တရားမဟုတ်ပါဘ… Continue

Added by မစ်(စ်)သွန်းသွန်း on September 8, 2008 at 2:43pm — No Comments

စင်္ကာပူဘလော့ဒေး အမှတ်တရ

ကဲ ... ဒီနေ့ စင်္ကာပူမှာရှိတဲ့ ဘလော့ဂါတို့ဆုံကြမဲ့ စင်္ကာပူဘလော့ဒေး တဲ့။ ကျမက ဘလော့ရေးတာ မကြာသေးဘူး။ ဘလော့ဂါပေါက်စပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုတော့ ဘလော့ဂါလို့ခံယူထားတယ်။ ဒီတော့ ကျမလည်း သွားမှာပေါ့။ အိမ်ကထွက်တော့ နေ့လယ် (၃)နာရီ ထိုး ။ သွားရမဲ့ နေရာက စင်္ကာပူရဲ့ အစွန်အဖျားအကျဆုံး Parsir ris Park ။ အဲဒီဘက်ကို အခုထိ တစ်ခေါက်မှ မရောက်ဖူးသေးဘူး အမှန်။ မမီ(မယ်လိုဒီမောင်) က လက်ဆောင်လေးတွေ ယူလာကြဖို့မှာထားတော့ အမြန်ရထားကြာချိန်ရယ် လက်ဆောင်ဝယ်ရမဲ့ အချိန်ကိုပါတွက်ပြီး (၃)နာရီ ထွက်ဖြစ်တယ်။ ဆုံကြမှာက… Continue

Added by မစ်(စ်)သွန်းသွန်း on September 8, 2008 at 2:42pm — No Comments

သူမနှင့် ကျမ

ဒီနေ့ဆိုလျှင် သူမလူ့လောကထဲရောက်ခဲ့သည်မှာ နှစ်ဆယ့်ခြောက်နှစ်တင်းတင်းပြည့်လေပြီ။ သူမသည် ကျမဘဝထဲသို့ ဆရာမတစ်ယောက်အနေနှင့် ဝင်လာခဲ့သည်။ ထိုမှ... ကျမ၏ အမတစ်ယောက်ဆိုလျှင်လည်းဟုတ်၍ သူငယ်ချင်းကောင်းတစ်ယောက်ဆိုလျှင်လည်း ဟုတ်သည့် ကျမလေးစားအားကျရသောသူ ဖြစ်လာခဲ့သည်။တစ်ချိန်က ကျမဘဝ၏ အရေးအကြီးဆုံးအချိန်အစိတ်အပိုင်းတစ်ခုဟု ကျမသတ်မှတ်ထားသောအချိန်၌ သူမနှင့်ဆုံတွေ့ခွင့်ရခဲ့သည်။ “ဒါ သမီးကို အင်္ဂလိပ်စာပြပေးမဲ့ ဆရာမလေး” ဟူသော မေမေ့ စကားအဆုံး၌ သူမ၏ အပြုံးချိုချိုလေးကပ်ပါလာခဲ့သည်။ သူမက ဖြူဖြူသေးသေးပုပုလေး။ ကျမနှင့်ဆိ… Continue

Added by မစ်(စ်)သွန်းသွန်း on September 8, 2008 at 2:40pm — No Comments

သူငယ်ချင်း .. မင်းနဲ့အတူ

ညဥ့်လည်းနက်လို့ မိုးသောက်လုပြီ ငေါင်တောင်တောင် မျက်ဝန်းက မစင်းနိုင်သေးဘူး သူငယ်ချင်းရေ .. မင်းရော ဘယ်နှယ့်လဲ ငါ့လိုပဲ လွမ်းဖျားတွေ အဆိပ်တက်နေမလား.. ငါတို့အတူ ဖြတ်သန်းခဲ့တဲ့ မွေ့ယာခင်းလေး ငိုချင်းများ ချနေရော့လား လွမ်းတယ် သူငယ်ချင်းရယ် … ငါအိပ်ရာမနိုးခင် မင်းဖျော်ပေးထားမဲ့ white coffee ကိုလွမ်းတယ် ကျောင်းသွားဖို့အိပ်ရာလာနှိုးတဲ့ မင်းအနမ်းလေးငါလွမ်းတယ် မင်းရဲ့ မနက်စာထမင်းကြော်လေး ငါလွမ်းတယ်။ မင်းယူနီဖောင်းလေး ငါမီးပူတိုက်ပေးချင်သေးတယ် အိမ်ပြန်နောက်ကျတတ်တဲ့မင်းအတွက်.... ညနေစာနွေးနွေးလေး ငါပြင်ထားပေ… Continue

Added by မစ်(စ်)သွန်းသွန်း on September 8, 2008 at 2:39pm — No Comments

အုံ့ပုန်းချစ်များ (၂)

ကောင်မလေးရေ.... ချစ်သူလို့ သုံးခွင့်မရှိတဲ့ငါ့အတွက် အချစ်တွေကတော့ ရပ်စဲဖို့တော့မတတ်နိုင်ခဲ့ဘူး ဆောရီးပါ ကောင်မလေးရေ.. ငါ့အချစ်တွေ အဓိပ္ပါယ်မဲ့လွန်းနေရင် မင်းယုံကြည်ချက်တွေကို ထိပါးသလိုများဖြစ်ခဲ့ရင် ငါ့ကိုခွင့်လွတ်ပါ ကောင်မလေးရယ် ငါ သိပ်ချစ်လွန်းခဲ့တာပါ ။ ငါ့အတွက် တစ်ဘဝစာအချစ်တွေက မင်းအတွက် ပျက်ရယ်ပြုစရာတွေသာပါပဲဆို မင်း ..ရယ်ပါ အားရပါးရရယ်ပါ ကောင်မလေးရေ... မင်းလှောင်ရယ်သံတွေကိုလည်း ငါချစ်တတ်ခဲ့တဲ့ကောင်ပါ ။ ဘာလို့များ မင်းအဲသည်လောက်ရက်စက်တတ်ရတာလဲ ဘာလို့များ မင်းအဲသည်လောက် နှလုံးသားမဲ့ရတာလဲ ဘာလိ… Continue

Added by မစ်(စ်)သွန်းသွန်း on September 8, 2008 at 2:37pm — No Comments

အုံ့ပုန်းချစ်များ (၁)

ချစ်သူရေ.... ငါ့ကိုယ်ငါ မသိလိုက်တဲ့အချိန်မှာ မသိစိတ်က သိသယောင်ပြုပြီး ရယ်မောနေလေရဲ့ ..။ ချစ်သူလို့ ရေးချမိတဲ့လက်တွေက မသိစိတ်ရဲ့ စေညွှန်ရာလား အသိစိတ်ရဲ့ ရင်ခုန်ရာလား.... ငါနားလည်ပါရစေတော့လို့ ငါ့ကိုယ်ငါ တောင်းဆိုနေမိတယ် ။ မင်းကချစ်တတ်ခဲ့တော့ ငါက နေရက်ခဲ့တယ် မင်းက လွမ်းရက်အောင်ပြုခဲ့တော့ ငါမလွမ်းဘဲမနေနိုင်ခဲ့ပြန်ဘူး ချစ်သူ... ပူလောင်တယ်လို့ ငါသတ်မှတ်ခဲ့တဲ့ မင်းအချစ်တွေမဲ့တဲ့ နေ့... ငါ့အေးချမ်းမှုတွေနဲ့ ကျေနပ်ရမဲ့နေ့ ဒီနေ့.... နာကျင်မှုတွေ ဝင်ရောက်လာခြင်းသဘော ငါကိုယ်တိုင် နားမလည်တတ်ဘူး ချစ်သူ... သေချ… Continue

Added by မစ်(စ်)သွန်းသွန်း on September 8, 2008 at 2:36pm — No Comments

ကျမ နှင့် ဂူလင်(လ်)မက်

နှုတ်ခွန်းဆက်ပုံက ရိုးရှင်းတယ် Welcome to Gullinmard ! ဂူလင်(လ်)မက်မှာ ပျော်ရွှင်သော အဖိုးအိုတွေရှိတယ် ဂူလင်(လ်)မက်မှာ လာခြင်းကောင်းသော ကလေးငယ်တွေရှိတယ် ဂူလင်(လ်)မက်မှာ မိန်းမလှလှလေးတွေ ရှိတယ် ဂူလင်(လ်)မက်မှာ ချိုအေးတေးဖွဲ့ မိသားစု နေတယ် ဂူလင်(လ်)မက်မှာ လူအိုနားနေဆောင်ရှိတယ် ဂူလင်(လ်)မက်မှာ ပျော့အိအိကစားကွင်းရှိတယ် ဂူလင်(လ်)မက်မှာ Gym ရှိတယ် ဂူလင်(လ်)မက်မှာ ရေကူးကန် ပြာလဲ့လဲ့ရှိတယ် ဂူလင်(လ်)မက်မှာ ဥရောပအစားအစာတောင်ရနိုင်တယ် ဓါတ်လှေကားတွေမှာ လေအေးပေးစက်တွေတပ်ထားမယ် ကြွေကြမ်းခင်းတွေမှာ စိန်မှုန်တေ… Continue

Added by မစ်(စ်)သွန်းသွန်း on August 30, 2008 at 12:02pm — No Comments

စောင့်နေရခြင်း

စိတ္တဇဆေးရုံတစ်ခုတွင် ဖြစ်သည်။ ဆရာဝန်က ဆေးရုံတွင်နှစ်ကြာနေပြီဖြစ်သော ၊ ပုံမှန်ပြန်ကောင်းလောက်ပြီဟု ယူဆရသော လူနာ သုံးဦးအား အိမ်သို့ပြန်မပို့ခင် စမ်းသပ်မှုတစ်ခုလုပ်သည်။ အခန်းတွင်းတွင်.... ဆရာဝန်ထိုင်နေသည်။ သူ၏ရှေ့ စားပွဲခုံတွင် ဖန်ခွက်သုံးခွက်အား ဇွန်းတစ်ချောင်းစီတပ်၍ ချထားသည်။ ဖန်ခွက်ထဲမှ ဘာမှ ရှိမနေ။ ဖန်ခွက်တစ်ခွက်စီ၏ ရှေ့တွင် လူနာသုံးဦး ကိုယ်စီထိုင်နေကြသည်။ “ကဲ ... မင်းတို့အတွက် သံပုရာရည် ၊ သောက်ကြ ” ဆရာဝန့်စကားဆုံးသည်နှင့် တစ်ပြိုင်နက် လူနာ နှစ်ဦးက ဖန်ခွက်အလွတ်ကို ဇွန်းနှင့်မွှေ၍ အားရပါးရသော… Continue

Added by မစ်(စ်)သွန်းသွန်း on August 30, 2008 at 11:58am — No Comments

သူမ (သို့မဟုတ်) ရင်၌ဖြစ်သော

သူမသည် ကျွန်တော်၏ အခင်ဆုံးသူငယ်ချင်းဆိုသော နေရာကိုပိုင်ဆိုင်ထားသည်။ သူမသည် ကျွန်တော့်ချစ်သူ၏ အခင်ဆုံးသူငယ်ချင်းဆိုသော နေရာကို ပိုင်ဆိုင်ထားသည်။ သူမသည် လူတစ်ယောက်၏ ချစ်သူဟူသောနေရာကို ပိုင်ဆိုင်ထားသည်။ သူမသည် ဤလူသားသုံးယောက်၏ လေးစားအားကျခြင်း နှင့် အထင်ကြီးမြတ်နိုးခြင်းတို့ကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော် … သူမသည် သူမ၏ အတ္တတွေကိုသာ သူမပိုင်သည်ဟု အတ္တဆန်စွာပြောဆိုလေ့ရှိသော နူးညံ့သည့် မိန်းမတစ်ယောက်ဖြစ်သည်။ သူမသည် လောကကြီး၏ တစ်ကောင်ကြွက်ဆိုသော အမည်သညာကိုလည်း ပိုင်ဆိုင်ထားပြန်သည်။ တစ်ချိန်က ကျွန်တေ… Continue

Added by မစ်(စ်)သွန်းသွန်း on August 30, 2008 at 11:30am — No Comments

ထိုနေ့က မိုးဖွဲဖွဲရွာတယ်

ကျမလုပ်တဲ့အလုပ်က အလှကုန်ပစ္စည်း promoter ။ ကျမတို့ promoter တွေအဖို့ အလုပ်နေရာ အတည်တကျမရှိဘူး။ တစ်လတစ်ခါ စူပါမားကတ်တွေ ၊ ကုန်တိုက်ကြီးတွေမှာ အလှည့်ကျ တာဝန်ယူရတယ်။ ဒီတစ်လ ကျမကံကောင်းထောက်မပြီး စိန်ဂေဟာစူပါစင်တာမှာ တာဝန်ကျတယ်။ ဒီကုန်တိုက်က ပဲခူးကလပ်မှတ်တိုင်နားမှာဆိုတော့ ကျမအိမ်နဲ့ သိပ်မဝေးဘူး။ ကျမက စံပြရုပ်ရှင်ရုံ ဟိုဘက်အခြမ်းက ၁၅ လမ်းမှာနေတယ်။ အလုပ်ပြီးချိန်က ပုံမှန် ည (၇) နာရီဆိုတော့ အိမ်ကို အမြဲလမ်းလျှောက်ပြန်ဖြစ်တာများတယ်။ တစ်ခါတစ်လေ အလုပ်ပင်ပန်းလွန်းရင်မိုးသည်းသည်းမည်းမည်းရွာတဲ့အခါမျိုးဆိုရင်… Continue

Added by မစ်(စ်)သွန်းသွန်း on August 23, 2008 at 1:48pm — 2 Comments

သူတို့အထင် မှန်လေသလားလို့ မတွေးချင်

မနေ့က ရန်ကုန်က လူကြုံပစ္စည်းရောက်လာတယ်ဆိုလို့ သွားယူဖြစ်တယ် ။ အသွားတုန်းကတော့ ရာသီဥတုက ကြည်ကြည်လင်လင်ပဲ ။ အပြန်မှာ မိုးတွေရွာလိုက်တာမှ သည်းကြီးမဲကြီး ။ သွားလေရာ ထီးဆောင်သွားတတ်တဲ့ အကျင့်မရှိတာကြောင့် အိမ်ပြန်ရောက်တော့ တစ်ကိုယ်လုံး ရွှဲလို့ပဲ ။ ပို့လိုက်တာတွေက ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ။ စားစရာအခြောက်အခြမ်းလေးတွေရယ် ၊ နှလုံးအားတိုးဆေးနည်းနည်းနဲ့ စာတစ်စောင် ရယ်ပါ ။ အိမ်ရောက်တော့ ပစ္စည်းလေးတွေ ထားသင့်တဲ့ နေရာထား ၊ စိုနေတဲ့အဝတ်အစားတွေ လဲပြီးတော့ ရေနွေးအိုးလေး အရင်ကောက်တည်လိုက်သေးတယ် ။ နောက်မှ အေးအေး… Continue

Added by မစ်(စ်)သွန်းသွန်း on August 19, 2008 at 6:30pm — 1 Comment

ငါအမြဲ စောင့်ကြည့်ရမဲ့ သစ်ပျိုပင်

ချစ်သူ ... ငါ့ညတွေ ခြောက်ကပ်လို့ အဲဒါ မင်း ရင်ခုန်သံ မင်းရဲ့ အကြည့် မင်း ကတိတို့နဲ့ မထိတွေ့ခဲ့ရလို့တဲ့ ... မင်းကတော့ ပျော်ပါး ကြုံရာလူနဲ့ဆော့ကစားတယ်လို့တော့ မစွပ်စွဲရက်ခဲ့ပါဘူး ကိုယ့်သဘောကိုယ်ဆောင် လူတွေဇောမှာ ငါလည်းမျောပါခဲ့တာပဲ ။ အတ္တနဲ့ မာနကို အချစ်ဆိုတာနဲ့ ဖလှယ်လို့ ငါ့အနာဂတ် အစိမ်းရောင် ကောင်းကင်ကို တမျှော် တခေါ် .. တမေ့ တမော .. မျောပြီးရင်း မျော ..... သစ်ရွက်တွေကြွေတိုင်းသာ ငါရယ်ရမယ်ဆိုရင် ချစ်သူ ... မင်းဟာ ငါ့အမြဲစောင့်ကြည့်နေတတ်ခဲ့တဲ့ သစ်ပျိုပင်တစ်ပင်ပဲ ဖြစ်တော့မပေါ့ ။ Continue

Added by မစ်(စ်)သွန်းသွန်း on August 19, 2008 at 6:28pm — 1 Comment

ကဝေမိုး

စင်္ကာပူမြို့ရဲ့ မိုးအေးအေးမနက်ခင်းမှာ လိုအပ်နေမိတာ ... ခါးသက်သက်ကော်ဖီတစ်ခွက်လား ကဗျာတစ်ပုဒ်လား ဝတ္ထုတစ်အုပ်လား ဂျိုကာတစ်ကောင်လား ချစ်သူဆီက နွေးထွေးမှု တစ်စုံတစ်ရာလေလား ...??? ဘာကိုတောင့်တရမယ်မှန်းမသိစွာ အလွမ်းတွေနဲ့ ငြိမ်သက် ..။ မထားတော့တဲ့ အိမ်မက် မရှိတော့တဲ့ အနာဂတ်မှာ မသေချာခြင်းတွေကို ငတ်မွတ်နေချင်သေးတယ်ဆိုရင် မိုးရေ .... နင်ဟာပြုစားတတ်တဲ့ ကဝေတစ်ကောင်ရဲ့ မျက်ရည်တွေများလား ...။ Continue

Added by မစ်(စ်)သွန်းသွန်း on August 17, 2008 at 2:42pm — No Comments

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service