Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Phoe Thu  Taw

Phoe Thu Taw's Blog (4)

The apple tree in my heart

ငါ့ရင်ထဲက ပန်းသီးပင် ခဏတော့ တိတ်ဆိတ်သွားတယ်.. ငါ့ကမ္ဘာငယ်လေး.. ရင်ခုန်သံ ရပ်သွားလို့လဲဖြစ်တယ်.. စိုက်ပျိုးခဲ့တဲ့ သစ်ပင်ငယ်လေး.. အပင်လောင်းလေး ဘ၀မှာတင် သေသွားတယ်.. မြေဩဇာပဲ မကောင်းလို့လား ဥယျာဉ်မှူးပဲ မကောင်းတာလား ဘာပဲပြောပြော… အပင်ငယ်လေး သေသွားတယ်…. ရေမြေကိုလည်း အပြစ်မတင်ပါဘူး.. ရာသီဥတုကိုလည်း အပြစ်မတင်ပါဘူး.. ဥယျာဉ်မှူးကတော့ ကိုယ့်ဟာကိုယ် အပြစ်တင်တယ်.. အပင်လေး ကြီးထွားစေချင်တဲ့ သူ့ဆန္ဒကိုလေ.. ဥယျာဉ်မှူးရင်ထဲမှာတော့ ထာဝရရှင်သန်နေဦးမှာပဲ.. စကတည်းက စိုက်ခဲ့တာ.. ပန်းသီးပင်လေးကို.... ဖိုး… Continue

Added by Phoe Thu Taw on August 27, 2008 at 4:34pm — 1 Comment

လူငယ်နှင့်စိတ်လေခြင်း

လူငယ်နှင့်စိတ်လေခြင်း လူငယ်နှင့်စိတ်လေခြင်း ဆိုသဖြင့် လူငယ်ထုတစ်ရပ်လုံးကို ပြောဆိုခြင်းမဟုတ်ပါ။ ကျွန်တော်နှင့်နီးစပ်သော လူငယ်များ စိတ်လေတက်သည့် အခါများကို ပြောလိုချင်းဖြစ်ပါသည်။ ထိုပြင် ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်ရံစိတ်လေလေနေတက်ပါသည်။ လူများဘာကြောင့် စိတ်လေရလဲဆိုလျှင် အဓိကအချက်မှာ မယ်မယ်ရရ လုပ်စရာအလုပ်တစ်ခုမရှိသောကြောင့်ဖြစ်ပါသည်။ မယ်မယ်ရအလုပ်ဆို၍ ကျောင်းသားကျောင်းတက်၊ ၀န်ထမ်း ရုံးသွား သည်များကိုပြောဆိုခြင်းမဟုတ်ပါ။ ဒီကိစ္စများက ပုံမှန်လုပ်ရိုးလုပ်စဉ်များ ဖြစ်ပါသည်။ ကျောင်းသားများလည်း ကျော… Continue

Added by Phoe Thu Taw on August 19, 2008 at 12:23am — No Comments

လွတ်လပ်သောကိုယ်ပိုင်မီဒီယာ (သို့မဟုတ်) ဘလော့ဂ်

လွတ်လပ်သောကိုယ်ပိုင်မီဒီယာ (သို့မဟုတ်) ဘလော့ဂ် ဘလော့ဂ်ရေးသားခြင်းသည် သတင်းမီဒီယာဂျာနယ်သတင်းစာများလို ရေးသားသူ၊ တည်းဖြတ်သူ၊ နှင့် ထုတ်ဝေသူဟူ၍ ခွဲခြားထားခြင်းမရှိသော အမျိုးအစားဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော ဘလော့ဂ်ရေးသား သူသည် သူတင်ပြလိုသော သတင်းအချက်အလက်၊ နည်းပညာ၊ အနုပညာ အစရှိသဖြင့် စိတ်ကူးရည်မှန်းရာကို လွတ်လပ်စွာ ကိုယ်တိုင်တည်းဖြတ် တင်ပြနိုင်ပါသည်။ ထို့ပြင် ဘလော့ဂ်ရေးသားသူအများစုသည် လူသိထင်ရှားသူများ မဟုတ်ကြသဖြင့် သူလိုကိုယ်လို လူထုအတွင်းမှ လူများဖြစ်သောကြောင့် လူထုနှင့် နီးစပ်သော သတင်းများရရှိန… Continue

Added by Phoe Thu Taw on August 16, 2008 at 7:30pm — 2 Comments

မသေချာခြင်း

မသေချာခြင်း ပြာလဲ့လဲ့ မီးခိုးငွေ့တို့ လွင့်တက်သွား…. ဟိုးအဝေးမှာ ကျန်ခဲ့တဲ့ မြို့ငယ်.. အမှောင်ထဲကို တိုးဝင်သွားတဲ့ သင်္ဘောငယ်…. အနာဂတ်များစွာနဲ့ လူတွေလိုက်ပါသွားတယ်.. အနာဂတ်များစွာနဲ့ လူတွေ ကျန်ခဲ့တယ်.. လူးလွန့်တဲ့ လှိုင်းတွေလို.. လူ့ဘ၀ရဲ့ လှိုင်းတွေထဲ.. ငါတို့ ပစ္စုပန်ကို သေချာ ကိုင်ထား.. မှိုင်းပြပြ မီးရောင်အောက်မှာ.. ရေးနေတဲ့ ကဗျာက ငါ့အတွက် ပစ္စုပန်လား.. သေချာပါတယ်.. အခုက ပစ္စုပန်ဆိုရင် မနက်ဖန်က အနာဂတ်လား.. မနက်ဖန်သာ ပစ္စုပန်ရောက်သွားရင် အခုက အတိတ်လား.. ဒီလိုပါပဲ… သင်္ဘောငယ်လေး အမှောင်ထဲကိ… Continue

Added by Phoe Thu Taw on August 11, 2008 at 7:36pm — 1 Comment

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service