သို့
ချစ်ရပါသော မမမွန်
ရယူခြင်း...ပေးဆပ်ခြင်း
အဲဒီလို ငြင်းခုန်နေကြသူတွေထဲမှာ
ကျွန်တော် ဘာ့ကြောင့် လူရာမ၀င်နိုင်ခဲ့တာလဲ
ကျွန်တော်လည်းပဲ ချစ်တတ်ခဲ့ပါတယ် မမမွန်။
ထားလိုက်ပါတော့ မမမွန်
ကျွန်တော့်အတွက် ပိတ်ထားတဲ့ တံခါး
ကမ္ဘာကုန်အောင် ပွင့်မသွားဘူးပဲ ထားလိုက်ပါတော့
နင့်နင့်သီးသီး စကားလုံးတွေတော့
တစ်ချိန်ချိန်မှာ လျော့ပါးသွားမလား
အဲဒီလို မျှော်လင့်ထားခဲ့ပါတယ် မမမွန်။
နည်းနည်းပါးပါး ခါးသက်ပေမယ့်
ဖြေသိမ့်နိုင်သလောက်တော့ ကျွန်တော် စိတ်လျှော့ထားခဲ့ပါရဲ့
“မသာကောင်..သေခြင်းဆိုး” လို့ ကြားနေရတာက
ဝေးသွားတာထက…
Continue
Added by မောင်မိုးသား on November 5, 2009 at 3:48pm —
No Comments
ခုနေခါမှာ
ငါ့ကိုမေးလာကြည့်
ဘဝမှာ
ရည်မှန်းချက်ကဘာလဲလို့..
ငါမပြောတတ်တော့ဘူး...
ဘဝကပေးလာတဲ့
လမ်းကြောင်းထဲမှာပဲ
အလိုက်သင့်မျောပါနေလို့ပေါ့။
အသက်က ၃၀
ငွေများများ ရှာနိုင်တဲ့အလုပ်လည်း
တစ်ခါမှမလုပ်ဖူးလို့
သဌေးဖြစ်ဖို့လည်း
ရည်မှန်းလို့မရဘူး။
အောင်မြင်ကျော်ကြားမှုဆိုတာကလည်း
ငါနဲ့မသက်ဆိုင်တဲ့အရာတစ်ခုဖြစ်နေဆဲပဲ၊
ဒါပေမယ့် ငါလည်း
ဆန်ကုန်မြေလေး တစ်ယောက်တော့
မဟုတ်ခဲ့ပါလေ..
တာဝန်တွေရှိတယ်
ဝတ္တရားတွေ ရှိတယ်၊
ပုံစံခွက်ထဲအမြဲမနေချင်ပေမယ့်
လူတစ်ယောက်မှာရှိသင့်တယ်ဆိုတဲ့
အသက်မွေးမှုတစ်ခုတော့လုပ်နေလေရဲ့...။
ကိုယ့်အိပ…
Continue
Added by Theingar Kyaw on August 12, 2009 at 4:20pm —
1 Comment
ရော့…ဒီမှာ
မရိုးသားတဲ့ ငါ့စာ
ဟေ့…ဟော့ဒီမှာ
မရိုးသားတဲ့ ငါ့ကဗျာ
ငါ့ကိုယ်ငါ…ဟန်တစ်လုံးပန်တစ်လုံးနဲ့
ပန်ကန်လုံးလောက် မာနထားတတ်ရုံနဲ့
ငါ့ကိုယ်ငါ ကဗျာဆရာလို့ ကင်ပွန်းတပ်ခဲ့တာ။
“အ ” ပြီး “နု” နေလို့
“ပညာ” ပေးခံလိုက်ရတာများ
ငါက ကိုယ့်ကိုယ်ကိုယ်
“အနုပညာသမား” တဲ့
ငါ့…ငါ..ငါ ဟားစရာ။
ရော့…ဒီမှာ
ငါ့ မရိုးသားတဲ့ကဗျာ
ခိုးထားတဲ့ ဒါဏ်ရာနဲ့
အချိုးများတဲ့ ဟန်တစ်ရာနဲ့
အဖိုးထားခဲ့ ကန်ရာလည်း
ညှိုးသွားခဲ့ ပြန်တာပဲ။
ကဗျာ…ကဗျာဆိုပြီး…
ငါက အဖာတစ်ရာနဲ့
ကဗျာတွေပဲထုတ်
ဟိုအစုတ် ဒီအစုတ်ကို
ဟိုချုပ် ဒီချုပ်နဲ့
ဟိုလုပ် ဒီလုပ…
Continue
Added by ကျော်ညိုသွေး@ကိုဂစ်တာ on August 6, 2009 at 1:54pm —
No Comments
ဆရာတွေ များလွန်းပေါ့
ငါလေ တစ်အားမွန်းတယ်ဟေ့
တစ်ခါတစ်လေ သွားတွန်းမယ်ဟေ့
ရွှန်းတယ်လေ့ ဆော်တွေရယ်။
အတော်လေတယ် ဂေါ်နေတယ် တစ်အား
အော်…အမေရယ် ကယ်ပါဗျား
တစ်ကယ်ပါလား ပဲများလိုက်တာ
ဟယ်…ငါများ အသဲမှားခိုက်စရာ
အယ်…ခါသွား ဘဲသွား ဆိုဒ်ပါ။
ကဲ…သွားလိုက်ပါ ၀င်နှောလို့
ရင်ရော…တင်ရော..အပြင်သဘောအမိုက် ဂေါ်
ပြင်ပြောလိုက်နော် သဘောခွေ့အောင်
ချောပေ့ တောင်ဖျား။
ဟော…တွေ့အောင်လား အဟိ
ပြောဓလေ့ဆောင်မလား မသိ
ဟော…ဟေ့ကောင်များ အပီကပ်သွားကြည့်
တီရှပ်အနား လိပ်တင်လို့
ရှိတ်ရင်…ပြချင်တဲ့သူဟုမှတ်။
ဂလု..အဟတ်…အတော်လှတယ်
ဂျပု့ အထပ်က…
Continue
Added by ကျော်ညိုသွေး@ကိုဂစ်တာ on July 31, 2009 at 4:57pm —
2 Comments
Bogyoke Aungsan Kabyar
၁၉ ဇူလိုင် မမေ့နိုင်က
စကားအဖြစ် ကျန်ကာရစ်လို့
တေ…
Continue
Added by ထူးပ on July 19, 2009 at 12:00am —
No Comments
မိုးတွေရွာနေတုန်း ကျွန်တော့်ကိုမွေးခဲ့
အဖေ ကားငှားမရ မိုးကြီးလို့ကားသမားတွေကမလိုက်
အမေ့ဗိုက်ထဲမှာ ကျွန်တော်လည်းမွန်းကျပ်နေပြီ။
ကျွန်တော့်ကြောင့်အမေလည်း မွန်းကျပ်နေပြီ။
အဲ့ဒီ့သိဟ်ရာသီမှာ...
ဒီလိုအဖြစ်တွေဆို မင်္ဂလာယူ အကူအညီပေးတတ်တဲ့
အန္ဒိယသားလည်း
ပေါ်ပေါက်ခဲ့တယ်။
မိုးတွေရွာတိုင်း....
မိုးရာသီရောက်တိုင်း
စီစဉ်တကျ အဖေက ပြောပြတယ်
ကျွန်တော်မွေးဖွားရာ ဒေသနဲ့ အဖြစ်တွေကို။
အဲ့ဒီ့တုန်းကခေတ်တွေကိုပေါ့။
အဲ့ဒီ့တုန်းက စံနစ်တွေကိုပေါ့
အဲ့ဒီ့တုန်းက အဖြစ်တွေကိုပေါ့။
မိုးတွေရွာနေစဉ်....
မိုးတွေရွာနေတုန်း
မိုးနေရွ…
Continue
Added by ကျော်ညိုသွေး@ကိုဂစ်တာ on June 23, 2009 at 11:30am —
No Comments
အမှတ်တမဲ့တွေ မဲ့ သွားတဲ့ ကာလ
အမှတ်တရတွေ ရ ခဲ့တဲ့ ကာလ
"အစ်ကိုအတွက် အရေးအကြီးဆုံးအချက်တွေက ဘာ(များ)ဖြစ်မလဲ ခင်ဗျ"
ကျွန်တော်အတွက် နံပါတ်(၁) အရေးကြီးဆုံးက " အနုပညာ" (လိမ်တာ)
ကျွန်တော်အတွက် နံပါတ်(၂) အရေးကြီးဆုံးက " အမေ" (နံပါတ်စဉ် မှားတပ်ပြီ ထင်တယ်)
ကျွန်တော်အတွက် တတိယမြောက် အရေးကြီးဆုံးက " ကျွန်တော့်ပရိသတ်" (ပရိသတ်၊ ဘယ်ကပရိသတ်လည်း
သူ/ကျွန်တော်မှာပရိသတ်ဆိုတာရှိလို.လား)
ကျွန်တော်အတွက် စတုတ္တမြောက် အရေးကြီးဆုံးက "အတ္တ" (နံပါတ်စဉ် (၁) သို. ရွှေ.ပေးကြပါခင်ဗျာ)
အရုပ်တွေလည်း မရှိ၊ အရောင်တွေလည်း…
Continue
Added by တေလေ on April 25, 2009 at 8:00pm —
1 Comment
.
မိသားစုတိုင်းမှာ .................
မျက်လုံးကထွက်တော့ မျက်ရည်တဲ့
ပုံစံခွက်ထဲက မယ်လိုဒီတွေ။
ကိုးရီးယားဇတ်လမ်းတွဲထဲက
အဖြည့် ခံ ပါရမီရှင်တွေသနားတယ်။
အရှိကိုအရှိအတိုင်းထား
နောက်မြီးတို ဖိနပ်ပါး
ဆေးစက်ကျရာ အရုပ်ထင်တယ်။
လမ်းတစ်ဝက်မှာ ရပ်နေတဲ့ ရုပ်ရှင်။
ဖုန်းမှားဝင်လာတဲ့ တနင်္လာ။
အိမ်မြှောင်အမြီးပြတ် ဇာတ်လမ်း။
အုတ်အော်သောင်းနင်းမီးလျှံမှာ
ဘူဇွာတော်လှန်ရေးတွေ ပါမယ်။
သဘာဝရဲ့ နေရာထိုင်ခင်းတွေက လှတယ်
စိတ်ငြိမ်ဆေးတွေနဲ့ သင်ပုန်းချေလို့ ရမလား
ရေသာများပြီး ငါးမတွေ့ တဲ့ အခါ
လကို ကွန်ချက်ဖမ်းပြီ…
Continue
Added by decemberkhin on March 2, 2009 at 2:09pm —
1 Comment
ခရီးသွားခြင်း
ငါ့ဆီမှာ
ဒဲဒလပ်စ်ရဲ့
အသစ်စက်စက် တောင်ပံတစ်ဖက် ရှိတယ်
ချစ်သူဟာ
ကွယ်ပျောက်သွားနှင့်ပြီးတဲ့
ရှေးဟောင်းမြို့တော်ကြီး တစ်ခုကနေ
ယန္တယားဘီးတွေကို
ယူဆောင်လာသူ ဖြစ်တယ်
ပတ်ဝန်းကျင်က ပဲ့ဖြစ်တယ်
နားလည်တတ်မှုက ဂီယာဖြစ်တယ်
ငါ့နှလုံးသားက အင်ဂျင်သက်သက်ဖြစ်တယ်
သွေးထိုးစကားများကို လောင်စာအဖြစ်နဲ့ မောင်းမယ်
စိတ်ဆန္ဒအားလုံးကို နှင်းခွဲမီးလို ထွန်းတယ်
မနာလိုသူတွေက မီးခိုးလိုအူကြတယ်
ဘရုတပ်ကို ရှောင်ကွင်းမယ့် ဘရိတ်ကို ငါဖန်ဆင်းတယ်
အနှောက်အယှက် ရန်တွေအတွက်
တီတီတွမ်တွမ် မြည်သံပေးမယ်
(ငါ့ကိုဟွန်းမတီးပါနဲ့ -…
Continue
Added by Nyi Lynn Seck on January 5, 2009 at 8:48am —
No Comments
ကိုယ့်သမိုင်းကို ကိုယ်ပြန်ဖွင့်ကြည့်တိုင်း
ဟော့ဒီ ခပ်ရိုင်းရိုင်း မိုးသားကိုပဲ မြင်တယ်။
ငါဆိုတဲ့ကောင်လေ
ဟော့ဒီ မိုးသား ဆိုတဲ့ ကောင်ပေါ့
လောကကြီးနဲ့ သဟဇာတ မဖြစ်လိုက်ပုံများ
ကိုယ့်ဘ၀မှာ ရွာချခဲ့သမျှမိုးရေတွေ
အမြဲတမ်း ပင်လယ်ရေလို ခါးတူးနေတဲ့ အကောင်။
မိုးသားဆိုတဲ့ကောင်လေ....
သနားချင်ပြီဆိုရင် မြက်ပင်ကိုတောင် မနင်းမိအောင် ရှောင်ခဲ့တဲ့အကောင်။
မသနားဘူးဆိုရင်တော့ ကိုယ့်ညီအရင်းကိုတောင်
နှာခေါင်းကသွေး ခြေဖ၀ါးအောက် သွေးပေါက်ပေါက်ကျအောင် ထိုးတဲ့ကောင်။
ကျေနပ်နေတဲ့အခါ ကိုယ့်နောက်ကျောက ဓါးရာအထပ်ထ…
Continue
Added by မောင်မိုးသား on December 19, 2008 at 1:18pm —
1 Comment
ဟိုး ..အရင်က
တစ်ထပ်ပြီး တစ်ထပ်
ကောင်းကင်ကို မိုးထိုးတက်သွားတဲ့ တိုက်တွေရဲ့ကြား
ငါ ခေါင်းမော့ပြီး လမ်းသလားရတာ
မုန်းလိုက်တာလို့ ထင်ခဲ့တယ်။
ငါ့မှာ ဘာမှ မရှိခဲ့ဘူး။
မီးပွိုင့်စိမ်းနဲ့ မျဉ်းဝါ၀ါ
ငါ သေချာကြည့်ပြီး လမ်းကူးတယ်။
ဒါပေမယ့် .....
ကိုယ်ပိုင်ဂွေကို ကိုယ်တိုင်ကိုင်ပြီး
မြေပြင်ကို လေယာဉ်လို မောင်းနေကြသူတွေကြားမှာ
ငါ အလျင်စလို လမ်းဖြတ်ကူးနေရတာကိုလဲ မုန်းတယ်။
ငါ့မှာ ဘာမှ မရှိခဲ့ဘူး။
ပြီးတော့ ....
ရန်ကုန်မြို့ရဲ့ ခေတ်ရေစီးကြောင်းမှာ
သုံးတောင် ချုပ်ရမယ့် တစ်ဝတ်စာကို
သုံးခါ ချုပ်ဝတ်တဲ့ ကောင်မလေးေ…
Continue
Added by မောင်မိုးသား on December 14, 2008 at 6:00am —
1 Comment
ညှင်းတစ်လှည့်.. နင်းတစ်လှည့်တဲ့...
တုံးအောက်ကကောင်.. ခေါင်းမထောင်နိုင်တာကြာပေါ့
လမ်းဘေးပွင့်ပန်း... မနမ်းလည်းနေ.. မလှမ်းလည်းနေ...
အရောင်တွေလှန်းဖွင့်တဲ့... သောင်ပြင်ခြေရာမှာ
ပေါက်ပန်းတစ်ပွင့်တော့ မဟုတ်ဘူး...
လရိပ်ခိုဖို့ မမွေးခဲ့သလို
လောင်းရိပ်မိဖို့လည်း.. မတွေးခဲ့ဘူး..
အဆွေးနဲ့ ဆွဲတဲ့ ပုံပြင်တွေအားလုံး..
တစ်နှစ်သုံး.. အပြီးအဆုံးမှာတော့
ရာဇ၀င်မှတ်တမ်း.. တစ်ကယ်လှမ်းကြည့်ဖို့တောင်မသင့်တော့ဘူး..
ရေ၀င်ပြေးလှည့်... ရေအေးကြည်သာ..
ဒီကန်ကမ္ဘာမှာလည်း.. ...
လူသူကင်းမဲ့ ယာခင်းပျက်တဲ့.. အိပ်ရာဝင်တေးတစ်စုံနဲ့…
Continue
Added by balar_boy on November 20, 2008 at 1:35am —
No Comments
ကျိန်စာသင့်ဝန်ရိုးစွန်းရာဇ၀င်
ဆောင်းတစ်ညမို့ထင်ပါရဲ့...
လမင်းကြီးတောင်.. တစ်ခြမ်းကွေးလေး...
တိမ်အရိပ်နဲ့ အိပ်ရာဝင်တဲ့ လမ်းရှည်တွေမျောတုန်းပဲ...
လမ်းနီယွန်မှာ ကြယ်တံခွန်ခင်းဖြန့်
ညစ်ထေးထေးအိပ်မက်နဲ့ နေ၀င်နေထွက်လိုက်...
နိဂုံးတွေအစဉ်လိုက် ကြွေခဲ့ခြင်း သမိုင်းကြောင်းပေါ့....
နံပါတ်မရှိတဲ့ သီချင်းတွေနဲ့ပဲ
ကွတ်လပ်ဘယ်နှစ်ခုဖြတ်ခဲ့ပီလည်း...
အခုကောင်းကင်တော့ ပြည့်ဖောင်းနေပါရဲ့.....
နံရံအထူအပါးတွေမှာရောင်ပွင့်လင်းမူ
အမှားရာစုတစ်ခုစာဆုတ်ဖြဲလွင့်စင်မွဲမှုန်...
အင်းယားညနေအဟောင်းမှာ ဒူးထောက်ဝပ်ဆင်း…
Continue
Added by balar_boy on November 17, 2008 at 4:48am —
1 Comment
ကောင်မလေးရေ...
..............................
..............................
တစ်သက်လုံးမှာမှ
တခါပဲ သာမယ့် “လ” လို
ငါက မင်းကို ထင်ခဲ့တယ်..။
အင်း ........
ပိုင်ဆိုင်ခွင့်မရှိတဲ့ မင်းက
ငါ့ရှေ့ မှာ အရမ်းလှပြနေခဲ့တာကတော့
ဇာတ်နာအောင် တမင်လုပ်ထားတဲ့
ခပ်ပေါပေါ ဟာသ တစ်ပုဒ်ပဲ ဖြစ်မယ်။
ကောင်မလေးရေ ...တကယ်တော့
ခပ်ပေါ့ပေါ့သာ မဟုတ်ဘူးဆိုရင်
ပါးစပ်က ပြောရုံပဲဆိုတဲ့ ဆုတောင်းတောင်
လွယ်မယောင်နဲ့ ခက်ပါတယ်။
ငါကတော့လေ...
ဒုက္ခတွေ ဘယ်လောက်မိုးသည်းပါစေ ....
လွမ်းစရာရှိတာကိုတော့ လွမ်းနေရဦးမှာပါပဲ။
မိုးလင်းမိုးချုပ…
Continue
Added by မောင်မိုးသား on October 21, 2008 at 5:30am —
4 Comments
အချစ်ရထားတစ်စင်းဟာ
နှလုံးသားမြို့တော်ကို ဖြတ်မောင်းလို့
ငါ့ရင်ခွင်ဘူတာမှာ
လာဆိုက်ခဲ့. .
လောင်စာကုန်ခေါင်းတွဲက
အော်ဟစ်တောင်းခံနေလေရဲ့
သူ့အတွက်လောင်စာ
ဘယ်မှာလဲ. .တဲ့
ရှိပါတယ် အဆင်သင့်
ငါ့ရင်မှာ နင့်ကနဲ
ခံစားရတဲ့အခိုက်
ကျလာတဲ့ မျက်ရည်တွေဟာ
မင်းအတွက် လောင်စာသစ်တွေပါ. .
Continue
Added by moe81288 on October 11, 2008 at 5:34pm —
2 Comments
ဘ၀မှာ အနစ်နာခံစရာ
ခပ်များများနဲ့ လောကကို
ပေတေတေ နာလံထူနေတုန်း
ဗြုန်းကနဲ အတွေးထဲ
မင်းကိန်းအောင်း နေမှန်း
ငါ သိလိုက် ရတော့
ငါ မင်းကို မလိုအပ်ဘူး........
မပြတ်သားနိုင်တဲ့ သံယောဇဉ်
မင်းကို ခင်တွယ်နေတုန်း
ငါ လျှောက်မယ့်လမ်းက
တွဲလက်တွေမှာ
မင်း မလိုအပ်ပြန်ဘူး ။
မမြင်ရရင် ညတွေ နက်နက်လာလို့
အတွေးထဲ ခေါင်းခဲနေ
အချိန်တိုင်း မင်းအကြောင်းတွေ
ငါ့ရင်ဘတ်ထဲ တမ်းတ မျက်ရည်
ပြိုမကျနိုင် လိပ်ခဲတည်း ဖြစ်ခဲ့ရပြီ။
ခပ်ကြီးကြီး ပန်းသီးမှ စားချင်တဲ့
ငါလို ခပ်စုတ်စုတ် အနှုတ်
မျှော်လင့်ချက်အတွက် မျိုသိပ်ရင်း
မင်းကို ဘ၀ ခ…
Continue
Added by နန်းစမ်ငင်းလှိုင်း on October 5, 2008 at 3:35pm —
No Comments
အနေတွေဝေး
နှလုံးသားတွေ အေးနေပေမယ့်
ရင်ခုန်သံတွေကတော့ (သံစဉ်တွေအလား)
မင်းအတွက် ဆိုညည်းဆဲပါ ။
မာယာက
မုတ်သုန်နဲ့အတူ (ငါ့အနား)ခုန်ပေါက်
ဘယ်သူတွေပဲလှောင်လှောင်
ငါက မျှော်လင့်ချက်တစ်ခုကို
အမှီသ၀ဲပြုရင်း (နင့်အချစ်ကို)
မ၀ံ့မရဲ ခူးဆွတ်နေဦးမှာ ။
အချစ်ဆိုတာ
ပူလောင်တဲ့ မီးလျံတွေ ဖြစ်နေဦးတော့
ပိုးဖလံလေးအဖြစ်နဲ့
တိုးဝှေ့ နေပါ့မယ်။
(ငါ့ကို) နင်ပြန်မချစ်လည်းရတယ်။
ငါ့အချစ်ကို မသိသလိုထားလည်းရတယ်။
ဒါပေမယ့် ......
(တခြားတစ်ယောက်ကိုမချစ်ရင်ပဲကျေနပ်ပါတယ်)
Continue
Added by Cloud on September 30, 2008 at 9:56am —
5 Comments
အဲဒီနေ့ သစ်ရွက်တို့ အသက်မချူတော့တဲ့နေကပေါ့
ငါရင်ထဲ မုန်တိုင်းတို့ ချွေသက်သွားတဲ့
ပန်းတစ်ပွင့် အလှဲထိုးခံရတယ်…
လျှပ်စစ်တို့ ခြောက်တဲ့ ည
မီးစာကုန်ခမ်းနေတဲ့ မီးအိမ်တစ်လုံး
မျက်လုံးတို့ အလင်းရောင်းကို ရှာခဲ့ပေမယ့်
အဲဒီည ကြယ်တစ်လုံးမှ မလင်းဘူးကွယ်…
မှော်ဆရာပေးတဲ့ စောင်းကြိုးတစ်လက်
ချစ်သူလက်တို့ ထိမိလေသောအခါ
စောင်းသံတို့ နှစ်နားသံဆင့် မှော်ကြိုးတို့ တင်းကုန်၏
ချစ်သူလက်ဖြင့် တီးခတ်သော အခါ
မိုးကြီုးသွားတို့ အခန်းဆက်မြည့်လျက်
ငါရင်ကို ကျိမ်စာ တစ်ပုဒ် ရွတ်ဆိုတယ် …
အမုန်းခင်းခြင်းတဲ့ ရာသီ
အလွမ်း ဖြို…
Continue
Added by sandar on September 29, 2008 at 11:18pm —
No Comments
ငါလေ ....
လမ်းမတွေပေါ်ရောက်တာ တော်တော်ကြာမှ
ကားသော့ ကို သတိရတယ် .......
....................................................
.....................................................
.....................................................
.....................................................
.....................................................
ငါလေ .........................
ဘ၀မှာ တစ်ခါလောက် ....
ကိုယ်ပိုင်ကားသော့လေးကို မြှောက်ပြီး
ခပ်ကြွားကြွားလေး လမ်းလျှောက်ချင်ဖူးချင်တယ် .......
Continue
Added by မောင်မိုးသား on September 29, 2008 at 3:00am —
2 Comments
သံယောဇဉ်ကိုအထားအသို မတတ်တော့ . .
ငါ့ရဲ့ မျက်တွင်းဟောက်ပက်က
ရေတွင်းလောက်နက်တယ်။
မ၀ံ့ရဲရဲအိပ်မက်ကို
အိပ်မက်ထဲထည့်မက်မိတာ ခုနှစ်ခါ
လန့်နိုးရတာလဲ ခုနှစ်ခါပါပဲ။
ငါ့ရဲ့ အဲဒီနိုးတစ်ဝက်အိပ်မက်တွေဟာ
ဘယ်တော့မှ မချိုနိုင်တာကိုလဲ သိတယ်။
တကယ်တော့ . . . .
ကြက်ယက်သလို ရှာထားရတဲ့ မေတ္တာတရားပါ . . .။
အခုတော့ ခွေးတစ်ကောင် အန်သွားခဲ့သလို
ဘာမှကို မကျန်ခဲ့ပြန်ဘူး။
ဖိတ်စာမပို့ဘဲ ရောက်လာခဲ့တဲ့ ဥပေက္ခာတရားတွေ
ငါ့ ရဲ့ ကမ္ဘာကို သိမ်းပိုက်ကျူးကျော်။
ကဲ ... သိမ်ငယ်ခြင်းတွေရေ ...
ပျော်သလိုသာ နေကြဦးတော့ ....
အခု .... ငါ ...…
Continue
Added by မောင်မိုးသား on September 23, 2008 at 6:30am —
4 Comments