Nine Nine SaNay: ရှောင်သင့်သောယောက်ျားများ
>
> သမီးရည်းစားဖြစ်နေတဲ့အချိန်ဟာ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ဖို့
> သင်ယူနေတဲ့အချိန်ပါ။ ကိုယ်ရဲ့အကျင့်စရိုက်ကို နားလည်အောင် သင်ယူနေသလို
> တစ်ခြားလူတစ်ယောက်ရဲ့ အကျင့်စရိုက်တွေကိုလည်း နားလည်အောင် သင်ယူနေတဲ့ အချိန်ပါ။
> အဲဒီလိုတစ်ယောက်အကြောင်း တစ်ယောက် နားလည်အောင် သင်ယူနေတဲ့အချိန်မှာ မလိုအပ်တဲ့
> အမှားတွေကို ရှောင်တတ်ဖို့လိုပါတယ်။ ဘ၀မှာ ပျော်ရွှင်မူမပေးနိုင်ဘူးလို့ထင်တဲ့
> ယောက်ျားလေးတွေကို ရှောင်တတ်ရပါမယ်။
>
> (၁) playboys/lady killers
>
> ဒီလိုယောက်ကျားလေးတွေဟာ မိန်းကလေးတွေကို သဘောကျလောက်အောင်
> ပြုမူပြောဆိုတတ်တဲ့လူတွေပါ။ အဲဒါတွေဟာ စိတ်ထဲက အမှန်စစ်စစ်တွေ မဟုတ်ပါဘူး။
> သူတို့ဟာ ကိုယ့်အပေါ်မှာကောင်းသလို တစ်ခြားကောင်မလေးတွေ အပေါ်မှာလည်း
> ကောင်းတတ်ကြပါတယ်။ ကိုယ့်က အဲလိုယောက်ျားလေးကိုမှ အမှန်တကယ်ချစ်မိပြီဆိုရင်
> ကိုယ်ပဲခံစားရမှာပါ။
>
> (၂) bad boys/rebels
>
> လင်ဆိုးမယား တဖားဖားဆိုသလိုပါပဲ။ ဒီလိုယောက်ျားလေးကိုမှ ချစ်မိခဲ့ရင်
> ကိုယ့်ရဲ့အနာဂတ်ဟာ ပျော်ရွှင်ဖို့ လှမ်းဝေးလှပါတယ်။ ဦးနှောက်ရှိတဲ့
> မိန်းကလေးတိုင်း ဒီလိုယောက်ျားမျိုးကို ရှောင်သင့်ပါတယ်။
>
> (၃) slackers
>
> ကပ်ပါးကောင်တွေလိုပါပဲ။ အပြင်ထွက်တိုင်း ပိုက်ဆံအိတ်မေ့ခဲ့တယ်၊ ငွေထုတ်ဖ
>ို့မေ့ခဲ့တယ်လို့ အကြောင်းပြပြီး မိန်းကလေးတွေကို ပိုက်ဆံရှင်းခိုင်းတတ်တဲ့
> လူမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးလူကို လှူမဲ့အစား လမ်းဘေးက အလှူခံတွေကို
> လှူခဲ့သင့်ပါတယ်။
>
> (၄) mama's boys
>
> အီတလီယောက်ျားလေးတွေဟာ မင်္ဂလာဆောင်ပြီးရင်လည်း အမေနဲ့ပဲ နေချင်ကြပါတယ်။
> အမေဟာသူတို့ကို ကောင်းကောင်း ပြုစုနိုင်လို့ပါတဲ့။ မင်္ဂလာဆောင်ပြီးရင်လည်း
> ဘာမဆို အမေရဲ့ အဆုံးအဖြတ်၊ အမေကျွေးတာကိုပဲ စားမယ်၊ အမေနဲ့
> ခွဲမအိပ်နိုင်သေးဘူးလို့ ပြောတဲ့ နို့နံ့မစင်သေးတဲ့ ယောက်ျားတစ်ယောက်ကို
> ယူရဲပါသလား။
>
> (၅) moody type
>
> ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်စရာစကားတွေ ပြောနေတုန်း အခုပဲ ထပေါက်ကွဲတတ်တဲ့
> စိတ်အပြောင်းအလဲ မြန်တဲ့ယောက်ျားမျိုးပါ။ တစ်နေရာရာကို ကိစ္စတစ်ခုနဲ့သွားဖို့
> သေချာချိန်းထားပြီးခါမှ ချက်ချင်း ဖျက်ပစ်လိုက်တတ်တဲ့ လူမျိုးပါ။
> စိတ်အပြောင်းအလဲဟာ ရာသီဥတုထက် ပြောင်းလွဲမြန်ပါတယ်။ ဒီလိုလူရဲ့စိတ်ကို
> ငြိမ်အောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် ကိုယ်ရဲ့ ပျော်ရွှင်မူဟာလည်း နေသာလိုက်၊
> မိုးရွာလိုက်၊ မုန်းတိုင်းထန်လိုက်ပါပဲ။
>
> (၆) passive-aggressive type
>
> ဒီလိုယောက်ျားလေးမျိုးကို ကြုံဖူးပါသလား။
> ဆိုပါစို့...တစ်ခုခုသွားစားရင် ''ခင်ကြိုက်တာစားပါ .. ခင်ကြိုက်တာမှာပါ''
> ဆိုပြီး အစားအစာတွေ လာချတဲ့အချိန် ဘာလို့ ဒီဟင်းကိုမှာရတာလဲ .. ဘာလို
>့ ဒီဆိုင်မှာ လာစားရတာလဲ စသဖြင့်ရန်လိုတတ်သော လူစားမျိုးပါ။ သူ့စိတ် ထဲက
> စိတ်ကူးကို ထုတ်ဖော်မပြောပဲ လူတွေကို ခန့်မှန်းခိုင်းတတ်တဲ့ လူစားမျိုးပါ။
> ကိုယ်သဘောလို့ပြောပြီး နောက်ဆုံးတော့ သူ့သဘော ဖြစ်သွားတတ်တဲ့ လူစားမျိုးပါ။
> ဒီလိုသွယ်ဝိုက်ပြီး လူကို ထိန်းချုပ်တတ်တဲ့ ယောက်ျားမျိုးဟာ ကြောက်စရာ
> အကောင်းဆုံးပါပဲ။
>
> သင်ဟာ ဘယ်လိုယောက်ျားမျိုးလဲ။
> သင်ဟာ ဘယ်လို ယောက်ျားမျိုးကို လက်ထပ်ယူချင်ပါသလဲ။ ဆီလျှော်အောင်
> ဘာသာပြန်ထားခြင်းသာဖြစ်သည်။
Comment Wall (28 comments)
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network
နှစ်သစ်မှာပျော်ရွှင်ပါစေ။ အလုပ်အကိုင်တွေ အောင်မြင်ပါစေ။
Chistmas Graphic Comments
View All Comments