Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

screw
Share 

Screw's Friends

screw's Groups

 

screw's Page

Latest Activity

Profile Information

Your Blogger Name
screw
Your Identity (if you choose Blog Reader, you have to put www.google.com in next question)
screw
Date of Birth
June 30, 1979
State/Division
yangon
Country
yangon
Occupation
nothing
Your Favourite 5 Websites
zorpia.com,planet.com.mm,hi5.com

screw's Photos

Loading…

Screw's Blog

screw

မင်းမရှိတဲ့.........................

အဲဒီမိုးတွေ ငါအပေါ်ရွာချ

အငြိုးတကြီးနဲ့ လေ........................

မင်းမရှိတဲ့ ငါ့အနားမှာ

မနက်ဖန်တွေက ချိုမြိန်ပ့ါမလား.................

ရက်စက်ခြင်းတွေက

မနားတမ်း ခါးသီးစွာနဲ့ 

မင်းမရှိတဲ့ ငါ့နံဘေးမှာ ..................

အထီးကျန်ဆိုတာ

ငါ့အဖော် တဲ့လား

မင်းမရှိတဲ့ ငါ့မနက်တွေမှာ.....................

တကယ်ကို မင်းမရှိတဲ့

င့ါနေ့ ရက်တွေက

ကြမ်းတမ်းလွန်းနေတော့....................

အဲဒီမိုးတွေ ငါအပေါ်ရွာချ

အငြိုးတကြီးနဲ့ လေ........................

Posted on December 8, 2008 at 4:17pm —

screw

အလင်း

ထွန်းထားခဲ့မယ်၊

အခန်းထဲမှာ ငါ့အလင်း

နေလာခဲ့တာ ကြာပြီဆိုတော့

သေရမှာကို ကြောက်နေပြီလား။

ဇီဝိန်ကြွေလို့ 

မမြင်ရတဲ့ နံနက်သစ်ကို

ခရီးထွက်ဆို တွန့် ဆုတ်ခြင်းကို

ထိုးခွဲလိုက်မယ်။


အိပ်မက်က တစ်စုံတစ်ရာ

ယုံကြည်စရာ မရှိ

ဖျက်ဆီးခြင်းကို

ဖန်ဆီးပေး၏။

ခုချိန်ဒီခါများ အိပ်မက်တွေရဲ့ နောက်

ငါလိုက်လိမ့်မယ် ထင်နေသလား၊

တံလျှပ်တွင်းက ငါတက်ခဲ့ပြီ။

လုပ်စရာရှိတာ တွေလုပ်ရင်း

နေ၀င်ချိန်မှာ

ဒီအခန်းထဲမှာ ငါ့အလင်း

ထွန်းထားခဲ့မယ်။။။။။။

Posted on December 5, 2008 at 7:55pm —

screw

ဆုတောင်း...........

ငါ့ရဲ့နှလုံးသားမှာ

ချစ်တတ်တဲ့ စိတ်တွေမရှိခဲ့ရင်

သိပ်ကောင်းမှာဘဲ

ခုတော့အချစ်စိတ်တွေနဲ့
လောင်ကျွမ်းနေခဲ့ရတယ်..

Posted on December 5, 2008 at 7:47pm —

screw

လွတ်မြောက်မှု အခန်းငယ်

အိုင်စတိုင်း ၀င်လာခွင့်မရှိ၊

နယူတန် ၀င်လာခွင့်မရှိ၊

အာခီမီးဒီး(စ်) ၀င်လာခွင့်မရှိ။



အိုင်စတိုင်း ရောက်လာခဲ့ရင်

အခန်းငယ်ကို စကြာဝဌာထဲ

ထုတ်သွားဦးမယ်။



နယူတန် ၀င်လာခဲ့ရင်

အခန်းငယ်ထဲ သက်ရောက်မှုနှင့်ဆွဲအားတွေ

ရောက်ရှိလာဦးမယ်။



အာခီမီးဒီး(စ်)ကတော့ အရှက်မရှိတဲ့

မေ့တတ်ခြင်းကို အခန်းငယ်ထဲမှာ

ထားခဲ့မှာစိုးရတယ်။



အခန်းငယ်မှာ ဘာမှမရှိခြင်းက

ပြီးပြည့်စုံမှု တစ်ခုပေါ့။


တွေးခေါ်မှုတွေကို အခန်းငယ်ထဲမှာ

မြှုပ်နှံထားပြီး လေ့လာရင်း

အထီးကျန်ခြင်းရဲ့ လွတ်လပ်မှုကို

တွေ့ရှိခဲ့ပြီ။



ဘာမှမသိခြင်းဟာ… Continue

Posted on December 5, 2008 at 7:30pm —

screw

_______သူ

မင်းခေါ်ခဲ့တဲ့ ခရေပင်လမ်းက


ပုံပြင်တွေ မသိခဲ့သူ။


မင်းခေါ်ခဲ့တဲ့ ( snack shop)က

ထိုင်ခုံတွေအကြောင်း မသိခဲ့သူ။


ရိုးသားမှု အရင်းခံနဲ့ တာ

မင်းကို ချစ်ခဲ့သူ။


ဆိုလိုခဲ့တဲ့ အကြောင်းအရာတွေနဲ့ 

လွဲမှားနေခဲ့ သူ။


နောက်ဆုံးမှာ ကောက်ကြောင်းတွေ

ပျောက်ဆုံးသွားလို့ 

ကိုယ့်အသည်းကို

ခလုတ်တိုက် လဲကျသွားသူ.........။

Posted on December 5, 2008 at 7:30pm —

Comment Wall (1 comment)

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

At 10:22pm on August 16, 2008, Kyaw Zay Ya said…
မင်္ဂလာပါဗျို့.....
 
 

Badge

Loading…
 

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service