Time is running out so fast.... Everyday... Wasting Time or Using Time ? Maybe we can get everything if we have money, but not for Time.

ညားခါစ ဇနီးမောင်နှံတွေရဲ့ ဘ၀ဟာ ပျားရည်စက်လိုပဲ ချိုမြိန်လွန်းလှတယ်။ ဒါပေမယ့် မကြာလိုက်ပါဘူး အဲဒီ ချိုမြိန်တဲ့ အရသာဟာ ခါးသက်သွားခဲ့ရတယ်.....
သူမဟာ အတွင်းရေးမှူး တစ်ဦးပါ။ အလုပ်ကိစ္စကြောင့် မန်နေဂျာနဲ့အတူ ညစာစားပွဲတွေကို အမြဲလိုလို တက်ရောက်ရတယ်။ တစ်ခါက အခြားကုမ္ပဏီတစ်ခုနဲ့ အလုပ်ကိစ္စ ဆွေးနွေးခဲ့ကြတယ်။ သူမက လုပ်နေကျ အတိုင်း အချက်အလက်တွေကို ကော်ဖီသောက်ရင်း လိုက်မှတ် နေခဲ့တယ်။ သူမသောက်ခဲ့တဲ့ ကော်ဖီခွက်မှာ နှုတ်ခမ်းနီရာတွေ ထင်ကျန်ခဲ့တာကို မြင်တော့ အားတုန့်အားနာ ဖြစ်ပြီး ပေနေတဲ့ဖက်ကို မသိမသာ ကိုယ့်ဖက်ကို လှည့်လိုက်မိတယ်။ ဒါကို တစ်ဖက်ကုမ္ပဏီ က အတွင်းရေးမှူး မလေးက မြင်ဖြစ်အောင် မြင်လိုက်တယ်။ ဆွေးနွေးပွဲအပြီး သန့်စင်ခန်းထဲမှာ အဲဒီအတွင်းရေးမှူးမလေးနဲ့ သူမ ထိပ်တိုက်တိုးခဲ့တယ်။
"နှုတ်ခမ်းနီအရောင်က အရမ်းလှတယ်နော်.... ဒါပေမယ့် အဲဒီအရောင်က ဖန်ခွက်ပေါ် ပေကျန်ခဲ့တော့ အရုပ် ဆိုးသွားရော ကျွန်မတို့လို အတွင်းရေးမှူးဆိုတာ ကုမ္ပဏီရဲ့ ရှေ့ပြေးပါ...အဲလိုဈေးပေါတဲ့ နှုတ်ခမ်းနီကို မသုံးသင့်ဘူး" သူမမျက်ရည်တွေ ဝေ့တက်လာခဲ့တယ်။ လက်ထပ်ပြီးနောက်ပိုင်း ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင် နိုင်ဖို့အတွက် "အလုပ်လုပ် ငွေစု" ဆိုတဲ့အရာက သူတို့ဘ၀မှာ အရေးအပါဆုံး ဖြစ်နေခဲ့တယ်။ သူမအတွက် အ၀တ်အစားနဲ့ အလှပြင်ပစ္စည်းဆိုတာ အထွေထွေ ကုန်ကျစရိတ်ထဲက အနည်းဆုံးအရာပါ။ အရွယ်တင်တယ် ဆိုတာ ဂုဏ်ယူဖို့ကောင်းတဲ့ အရင်းအနှီးတစ်ခုလို့ ထင်ပြီး ဈေးနှုန်းတွေကို သူမ ဂရုမစိုက်ဘဲ အပေါဆုံး နှုတ်ခမ်းနီတွေကိုပဲ ၀ယ်သုံးခဲ့တယ်။ ဒါပေမယ့် ဒီနေ့လို အဖြစ်အပျက်က သူမရင်ကို မခံချင်စိတ်နဲ့ ခံစားချက် တချို့ကို ကိန်းအောင်းစေခဲ့တယ်။
သူ့ကို အဲဒီအဖြစ်အပျက်တွေ သူမ မပြောပြခဲ့ပေမယ့် သူနဲ့ ဈေးဝယ်ထွက်တိုင်း သူမရဲ့ စိတ်ဟာ အရင်ကနဲ့ တူမနေဘူး ဆိုတာ သူမကိုယ်တိုင်ခံစားမိခဲ့တယ်။ တစ်ခြားမိန်းကလေးတွေလိုပဲ ကြွားဝါချင်တဲ့ သူမရဲ့စိတ်ကို မပြည့်စုံခြင်းက လိုက်မဖြည့်ပေးနိုင်ခဲ့တော့ ကျောင်းတုန်းက ငွေကြေးကြောင့် လက်ထပ်ခြင်းကို ရွေးခဲ့ကြတဲ့ မိန်းကလေးတွေကို တော်တယ်လို့ တစ်ခါတလေ သူမတွေးခဲ့မိတယ်။ အဲဒီလိုသာ သူမ ရွေးခဲ့မိရင် ဒီနေ့လို အဖြစ်မျိုး ကြုံရလိမ့်မယ် မဟုတ်ဘူးလို့လည်း မိုက်မိုက်မဲမဲ တွေးမိပြန်တယ်။ သူအသုံးမကျလို့ အခုလို ဖြစ်ရတယ်ဆိုတဲ့ အဖုထစ်လေးတစ်ခုက သူမရင်ထဲ ခိုဝင်လာခဲ့တော့တယ်။ သူ့ကို ဖွင့်မပြောခဲ့ပေမယ့် သူနဲ့ ပြောဖို့အတွက် သူမရဲ့စကားတွေဟာ နည်းသထက်နည်းလာခဲ့တယ်။
ပြောင်းလဲလာတဲ့ သူမရဲ့ စိတ်ကို တစ်နေ့မှာ သူမ အကောင်အထည် ဖော်လိုက်မိတယ်။ အဲဒီနေ့က ကုန်တိုက်တစ်ခုရှေ့ အဖြတ် အလှပြင်ပစ္စည်းတွေ ပရိုမိုးရှင်းလုပ်နေတာနဲ့ ကြုံခဲ့တယ်။ အရောင်းစာရေးမ တစ်ယောက်က သူမကို လှမ်းတားပြီး ပြင်သစ်ထုတ် နှုတ်ခမ်းနီတစ်တောင့် ထုတ်ပြပြီး သူမကို အစမ်း ဆိုးစေခဲ့တယ်။ အရောင်ကလည်း လှ၊ ကြာရှည်ခံပြီး အခြားပစ္စည်းပေါ်မှာလဲ မပေကျန်ခဲ့တတ်တဲ့ အကြောင်း အားပါးတရ ရှင်းပြတော့ သူမရဲ့ လိုချင်တဲ့စိတ်ကို သူရိပ်မိသွားတယ် ထင်ပါရဲ့ ပိုက်ဆံအိတ်ကို သူ ထုတ်လိုက်တယ်။ ဈေးနှုန်းမေးကြည့်တော့ ၈%လျော့ဈေးဆိုပေမယ့် သူတို့ဘယ်လိုမှ မထင်မှတ်ထားတဲ့ ဈေးနှုန်းပါ။ ပိုက်ဆံအိတ်ထုတ်နေတဲ့ သူလက် တွန့်သွားခဲ့တယ်။ သူမကို သူတစ်ချက် ကြည့်လိုက်ချိန်မှာ ၀မ်းနည်းမှုတစ်မျိုးက သူမ ရင်ထဲကို တိုးဝင်လာခဲ့တယ်။ လူတွေကြားထဲက သူမ ထွက်ပြေးလာခဲ့မိတယ်။ အဲဒီနောက်မှာတော့ သူမနဲ့သူ ပထမဆုံးအကြိမ် အကြီးအကျယ် စကားများကြတော့တယ်။ နှုတ်ခမ်းနီ တစ်ဗူးကြောင့် သူတို့ရဲ့ နွေးထွေးလှပတဲ့ အိမ်ထောင်ရေးဟာ လမ်းဆုံးကို ရောက်သွားခဲ့ရတယ်။
(ခ)
နှုတ်ခမ်းနီတွေကို သူမပိုင်ဆိုင်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေကို မပိုင်ဆိုင်နိုင်ခဲ့ဘူး.........
ကွာရှင်းပြတ်စဲပြီး သိပ်မကြာဘူး..ကုန်သည်တစ်ဦးနဲ့ သူမလက်ထပ်ဖြစ်ခဲ့တယ်။ သူမ လက်ထပ်တဲ့နေ့က သူ့ဆီက ပါဆယ်ဗူး တစ်ခု လက်ခံရရှိခဲ့တယ်။ အဲဒီဘူးလေးကို သူမ ဖောက်တောင်မကြည့်ဘဲ ဘီရိုရဲ့ ချောင်တစ်နေရာမှာ ထိုးထည့်ထားလိုက်တယ်။ သူမကို ၀မ်းနည်းအောင် လုပ်ခဲ့တဲ့ သူ့ကို သတိတောင် မရချင်တော့ဘူး။ ဒုတိယအကြိမ် အိမ်ထောင်ပြုခြင်းက သူမရဲ့ အလိုဆန္ဒအားလုံးကို ဖြည့်ပေးနိုင်ခဲ့တယ်။ အ၀တ်အစားကအစ အလှပြင်ပစ္စ္စည်း၊ ဖိနပ်တွေကအဆုံး အားလုံးဟာ နာမည်ကြီး တံဆိပ်တွေပဲဖြစ်တယ်။ သူမလိုချင်တဲ့ ဘ၀နဲ့ ပျော်ရွှင်မှုတွေကို ငွေကြေးတွေနဲ့ ခိုင်းစေခဲ့တယ်။
ခင်ပွန်းဖြစ်တဲ့ ကုန်သည်က မနက်စောစော အိမ်ကထွက်ပြီး ညနက်မှ ပြန်လာတတ်တယ်။ တစ်ခါတလေ အိမ်ပြန်မအိပ်တဲ့ ညတွေလည်း ရှိခဲ့တယ်။ သူမအတွက် သူ့ရဲ့ ဖြေရှင်းချက်တွေက အလုပ်များတယ်၊ အလုပ်ကြောင့်ဆိုတဲ့ စကားတွေပဲဖြစ်တယ်။ ခင်ပွန်းရဲ့ အင်္ကျီပေါ်မှာ နီရဲနေတဲ့ နှုတ်ခမ်းရာတစ်ခုကို တွေ့လိုက်မိမှ အိမ်ပြန်နောက်ကျတာနဲ့ ပြန်မအိပ်ခဲ့တဲ့ အဖြစ်တွေကို သူမ သဘောပေါက်လိုက်တယ်။ ခင်ပွန်းကို မေးတော့ စိတ်ပျက်တဲ့ လေသံနဲ့ "မိန်းမဆိုတာ မိန်းမလိုနေ..တခြားဘာမှ လိုက်ပတ်သက်နေစရာ မလိုဘူး... အခုလို နေရာမျိုးမှာ နင်ကျေနပ်သင့်တယ်.. စိတ်ဆိုး စိတ်တိုဖို့ မစဉ်းစားနဲ့... ငါ့ကိုနင် လက်ထပ်ခဲ့တာဟာ ငါ့စည်းစိမ်တွေကြောင့်ပဲ မဟုတ်လား... ချမ်းချမ်းသာသာနဲ့ နေစမ်းပါ"
ကျိန်းခနဲ ဆောင့်ပိတ်သွားတဲ့ တံခါးနဲ့အတူ ခင်ပွန်းဟာ အိမ်ကနေ ထွက်သွားခဲ့ပြီး ရက်အတော်ကြာ ပြန်မလာခဲ့ဘူး။ သူမ စိတ်ပျက်လက်ပျက် အော်ရီမိတယ်... ခင်ပွန်းရဲ့ မျက်စိထဲမှာ သူမဟာ ကပ်ပါးကောင် တစ်ကောင် ဖြစ်နေပါရော့လား...
အ၀တ်အစားတွေကို ထုတ်သိမ်းနေတုန်း ဘီရိုရဲ့ ချောင်ထဲမှာ ထိုးသိပ်ထားတဲ့ ဗူးတစ်ခုကို သူမ တွေ့လိုက် မိတယ်။ ဖောက်ကြည့် လိုက်တော့ ဟိုးအရင်တုန်းက သူနဲ့ ဈေးဝယ်ထွက်တုန်းက တွေ့ခဲ့မိတဲ့ ပြင်သစ်လုပ် နှုတ်ခမ်းနီလေး...နှုတ်ခမ်းနီဗူးရဲ့ ဘေးမှာ စာလေးတစ်စောင်.... "နှုတ်ခမ်းနီ တစ်ဗူးကြောင့် ငါတို့လမ်းခွဲ ရမယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး... ပြန်စဉ်းစားမိတိုင်း ရင်နာလို့ မဆုံးဘူး။ အရင်တုန်းက ထားခဲ့တဲ့ ဂတိသစ္စာတွေဟာ မျက်စိရှေ့မှာတင် မီးခိုအဖြစ်နဲ့ ပျောက်ဆုံးခဲ့ကြရပြီ။ နင့်ကို ဆုံးရှုံးလို့ ရခဲ့တဲ့ ငါ့ဒဏ်ရာ တွေဟာ ဒီနေ့အထိ အရှင်လတ်လတ်ပဲ ရှိနေသေးတယ်။ ဒါတွေကို ပြောနေလို့လဲ အရာမရောက်တော့ပါဘူး... အိမ်ထောင်သစ်နဲ့ နင်ပျော်နိုင်ပါစေ...ဒီနှုတ်ခမ်းနီလေးက နင့်အတွက် ကံကောင်းခြင်းတွေ သယ်လာနိုင်ပါစေ"
နှုတ်ခမ်းနီကို အိတ်ထဲ ထိုးထည့်ပြီး "ပြီးဆုံးခြင်း" ဆိုတဲ့တံခါးကို ဒုတိယအကြိမ် သူမ ပိတ်ခဲ့ပြန်တယ်။ အေးစက်တဲ့ အဲဒီလက်ထပ်ခြင်းမျိုးက သူမအတွက် ဘာသံယောဇဉ်မှ ကျန်မနေခဲ့တော့ပါဘူး။
(ဂ)
တီဗွီအစီအစဉ်တစ်ခုမှ သူ့ရဲ့ အင်တာဗျူးကို သူမကြည့်လိုက်ရတယ်။ သူဟာ ပြည်တွင်း အလှကုန်ပစ္စည်းတွေ ဖြန့်တဲ့ ကုမ္ပဏီတစ်ခုကိုတောင် ပိုင်ဆိုင်ထားပါလား... သူ့ ကုမ္ပဏီရဲ့ အဓိက ဖြန့်ကုန်တွေဟာ နှုတ်ခမ်းနီပါတဲ့။ ဘာကြောင့် နှုတ်ခမ်းနီတွေပဲ ဖြစ်ရတာလဲလို့ အင်တာဗျုးသူတွေက မေးတော့ သူက စိတ်ထိခိုက်စွာနဲ့ "နှုတ်ခမ်းနီ တစ်ဗူးကြောင့် ကျွန်တော့် အိမ်ထောင်ရေး ဆုံးရှုံး သွားခဲ့ရဖူးတယ်။ အဲဒီနှုတ်ခမ်းနီက ဈေးအရမ်းမကြီးပေမယ့် သူ့အတွက် ကျွန်တော်မ၀ယ်ပေးနိုင်ခဲ့ဘူး။
အဲဒီနှုတ်ခမ်းနီဟာ သူ့အတွက် ဘယ်လောက် အရေးပါသလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး။ ဈေးပေါတဲ့ နှုတ်ခမ်းနီကို သုံးခဲ့လို့ ဖန်ခွက်ပေါ် ပေကျန်ခဲ့တဲ့ နှုတ်ခမ်းရာတွေဟာ သူ့စိတ်ကို တော်တော်လေး ထိခိုက်စေခဲ့တယ်။ မပေတတ်တဲ့၊ မကပ်ကျန် ခဲ့တတ်တဲ့ နှုတ်ခမ်းနီက သူ့အတွက် လိုအပ်ကြောင်း ကျွန်တော် မသိခဲ့ဘူး။ နောက်မှ သူနောက်အိမ်ထောင် ပြုမယ့် နေ့ရောက်မှ သူ့သူငယ်ချင်းဆီက အဖြစ်မှန်တွေကို ကျွန်တော်သိခဲ့ရတယ်။ အဲဒီနှုတ်ခမ်းနီကို ကျွန်တော်ဝယ်ပေးခဲ့ပေမယ့် သူဟာ တစ်ခြားသူရဲ့ ဇနီးမယား ဖြစ်သွားခဲ့ပါပြီ.. အဲဒီနေ့ကစပြီး နှုတ်ခမ်းနီတွေကို ဖြန့်ဖို့၊ ဖန်ခွက်ပေါ် မပေကျန်ခဲ့တတ်တဲ့ နှုတ်ခမ်းနီတွေကို မိန်းကလေးတိုင်း ၀ယ်နိုင်ဖို့ လုပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်"
တီဗွီဖန်သားပြင်ကို သူမ ငေးစိုက်ကြည့်ရင်း မျက်ရည်တွေက ပါးပြင်ပေါ်ကို အဆက်မပြတ် စီးကျလို့ လာခဲ့ တယ်။ သူမလက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားတဲ့ နှုတ်ခမ်းနီလေး တစ်ခုကတော့ ကျိုးပဲ့လို့ နေခဲ့ပြီလေ.....
"မှားယွင်း" ပြီးမှ "နောင်တ"ဆိုတဲ့အရာက အမြဲတံခါး လာခေါက်တတ်တယ် ဆိုတဲ့ အကြောင်း.. သေးငယ်တဲ့ ပြဿနာတစ်ခုနဲ့ ဆုံးဖြတ်ချက် ကြီးကြီး မချမိစေဖို့ ဒီဇာတ်လမ်းက ပြောပြသွား ခဲ့ပါတယ်။
Comment Wall (18 comments)
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network
www.mmmanuforum.co.cc ကို လာရောက် ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်..။
ဆိုတာရှိတယ် .... အဆင်ပြေလိုပြေညား သွားကြည့်ပါလား
ဟဲ 2
တို့လည်းသွားမလို့
ကျန်းမာပါစေ ပုစဉ်းလေးရယ်
ပုစဉ်းလေးကိုဖတ်၇တာ
အ၇သာရှိပါပေတယ်........
a sin pya lar ............
good night.
ဘာကိုပြောတာလည်းဟင်
အဓိပါယ်ကို ပြောတာလား
ပုဇ့ဉ်းအကြောင်းကို ကြိုက်လို့ သူငယ်ချင်းတစ်ယောက်ဆီ လက်ဆင့်ကမ်းပေးလိုက်တယ်သိလား
View All Comments