Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

nelayne
  • 25, Male
  • -
  • Myanmar
Share 

Nelayne's Friends

nelayne's Groups

nelayne's Discussions

 

nelayne's Page

Latest Activity

Profile Information

Your Blogger Name
A FOoLofr3D
Your Identity (if you choose Blog Reader, you have to put www.google.com in next question)
Blogger
Put your own existing valid Blog URL (Your Blog will be checked by Administrators before you can log in)
http://www.google.com
Date of Birth
April 28, 1984
State/Division
-
Country
myanmar
Occupation
-
Your Favourite 5 Websites
-
Your Favourite 5 International Blogs
-
Your Favourite 5 Myanmar Blogs
-
Wanna Talk Something?
-

Nelayne's Blog

nelayne

ဒါပေမဲ့ '' 7 ''

ရနံ့တချို့ရနေတယ် ...
အသံတော့မကြားရဘူး ဖွဖွလေးပါပဲ အေးနေတယ် ...
ဒါပေမဲ့ နွေးတယ်လေ ...

မြင်နေရက်နဲ့လဲ မမြင်မိပြန်ဘူး ...
တွေဝေခြင်းဆိုတာ မီးနီရာကနေ မီးစိမ်းလိုက်တာ ...
ဒါပေမဲ့ မတ်မတ်ရပ်လျှက်ပါပဲ ...

အမြဲပြောနေကြစကားတွေလဲ အမြဲလိုမဟုတ်ခဲ့ပါဘူး ...
မလိုအပ်တော့လို့ ပါးစပ်ကထွက်မလာတော့တာ ...
ဒါပေမဲ့ ကောင်းကောင်းကြီးပြောပြလျှက်ပါပဲ ...

မျှော်လင့်ခြင်းဆိုတာလဲ ရပ်စောင့်နည်းတမျိုးဖြစ်တယ် ...
လပေါင်းများစွာက နှစ်တစ်ခုကို ရပ်စောင့်နေခဲ့တာ မဟုတ်ပါဘူး ...
ဒါပေမဲ့ မိုးရေထဲမှာ ကလေးတယောက် ငိုလျှက်ပါပဲ ...

သတိရ… Continue

Posted on September 22, 2008 at 6:45pm —

nelayne

အချိန်ပေါ် အရိပ်ကျခြင်း

အလျားသက်သက် အနံသက်သက်
သုံး ခုနဲ့ ကုန်ခဲ့တဲ့အချိန်တွေ ....
၁နာရီနောက်ပိုင်းရဲ့ မျှော်လင့်ခြင်းဟာ
ဗရမ်းဗဒါနဲ့ ကြမ်းတွေရမ်းခါစေတယ်

နားတွေ အသံမျှော်တဲ့ကာလ
နှာသီးတွေ အနံ့မျှော်တဲ့ကာလ
နှုတ်ခမ်းတွေ အနမ်းမျှော်တဲ့ကာလ
မျှော်လင့်ခြင်းတွေ ဖျားနာစေတယ်

တရွေ့ရွေ့ပျက်သုံးခဲ့ရတဲ့ အချိန်
ပုံမုန်ထက်ပိုတဲ့ ယုံကြည်မှု
ဘယ်နဲ့ ညာမှားစီးမိသလို
လက်တံတိုဟာ ရှည်လွန်းတယ်

ရောမတွေ သေဆုံးခြင်းဟာ
ငါ့မျှော်လင့်ခြင်းနဲ့ တိုက်ရိုက်ပတ်သတ်နေတယ်
အလျှင်စလိုနဲ့ ပျက်ရယ်ပြုခြင်းတွေ
ရောမကို အချိန်ကိုက် လောင်ကျွမ်းသွားရတယ်
မျှော်လင့်ခြင… Continue

Posted on September 21, 2008 at 2:49pm — 1 Comment

nelayne

အလွမ်း ကောက်တဲ့ ရာသီ

ချစ်သူရေ
အလွမ်းတွေစေခဲ့ . . .
ကော်ဖီတခွက်နဲ့ အိပ်ယာပြောက်တယ်လေ . . .
ရင်ခုန်သံတွေ အစွမ်းကုန် လောင်ကျွမ်း
အလွမ်းတွေ တမြိုက်မြိုက် လောင်ကျွမ်း
ငါ့ညချမ်းဟာလဲ အပူတွေလွှမ်းလေတယ် . . .

ချစ်သူရေ
အလောင်ကြမ်းနဲ့ ငါလွမ်းနေပြီ
ဆောင်းတွေခေါ်မလာနဲ့အုံး ဒီအပူမျိုးမှာ ငါရူးနေအုံးမယ်
ခြေမျက်စိကအစ မျက်ခုံးမွှေးနှစ်ခုကြားထိ
နှစ်ခြမ်းကွဲလုကွဲခင် ရောင်စုံမေးနှစ်လုံးကွေးကွေး အနားသတ်ထိ
လည်တိုင်ဖွေးဖွေး ကော်လံအစိမ်းလေးရဲ့ အတွန့်အခေါက်အမောက်လေး ထိ
မှဲ့ရိပ်လင်းတဲ့ ပါးပြင်အခြေဆင်းထိ ငါ . . . လွမ်းအုံးမယ်

ချစ်သူရေ
နံရံပါးေ… Continue

Posted on August 26, 2008 at 7:44pm —

nelayne

အတိတ် တော၊ တောင်၊ ကန်၊ မြစ်

ကောင်းကင်ထဲမှာ ဒေါင်းတွေအဆုပ်လိုက်ပျံသန်း
မမောပန်းနိုင်တဲ့ ကြိုးကြာလမ်းတွေ ရိုးမအနောက်ခြမ်း
ဧရာအစွန်းမှာ ဟင်္သာတို့လူလူလွန့်လွန့် ကမ်းမရှိတော့တဲ့နဖူးအိမ်
ဦးပိန်လိုအရှည်မျိုးမှာ ငါးပလူးတို့ဒိုင်ပင်ထိုး လေကြမ်းနဲ့ဇရပ်ကျိုးတွေ
မင်းကွန်းအသံတွေတခြမ်းအက်လို့ ဧရာလွမ်းတဲ့ လမ်းကြမ်းပေါ်က လှေခြေရာ
အင်းလေးလိုညမှာ ညောင်ရွှေတွေ ရင်ခေါင်းသံနဲလွမ်းကြ ဒိုက် တို့စည်ရှည်တီးတဲ့ည
လမ်းတံတားခတွေနဲ့ ဥတို ယိုင်နဲ့နဲ့ကျားကန်ရင်း ချစ်ရှာတယ်
ဧရာဝတီမလေးဟာ အလယ်ပိုင်းရဲ့ကွမ်းတောင် ရွှေသရဖီရဲ့ သခင်မ
ညောင်ဦးကမ်းကို လက်ပစ်ကူးတဲ့ '… Continue

Posted on August 26, 2008 at 7:41pm —

nelayne

တနေ့တာ ရှုရှိုက်သံများ

သူမကပြောတယ် မစိမ်းပြပါနဲ့တဲ့
ဒါမို့ ကျနော်နီနေတယ် ...

ဒေ၀ရက္ခကို အဖေခေါ်ဖို့ရယ်
ပိုက်ဆံပေးတဲ့အလုပ်ရှင်ကို ကြိမ်းဆဲဖို့ရယ်
နေ့စဉ်မှတ်တမ်းစာအုပ်မှာ မှင်ပြာတွေရဲနေခဲ့တယ် ...။

ခြေသလုံးမွေးတွေကြားမှာ သန်းတကောင်အိပ်နေရင်း
အိပ်မက်တွေအဒွန့်ရှည်အောင် ကျနော်ငြိမ်နေရမယ်
လက်ပံပင်ကြားက သွေးကြောတွေ ဥသြကိုမျှော်နေပုံမှာလဲ
ကျနော်ငြိမ်နေရမယ် .... ။

မလိုချင်ပဲရခဲ့တဲ့ ကိုယ်ဝန်အတွက်
မငိုချင်ပဲ ငိုခဲ့ရတဲ့ သေဆုံးမှုတခုလောက်
လူသား ဆန်တာဘယ်မှာ ရှာတွေ့နိုင်မှာတဲ့လဲ ...
ကျမကို ကျကျနန ပြင်ဆင်ပြီး ကျီးတို့ကိုအစာကြွေးပါတဲ့… Continue

Posted on August 26, 2008 at 7:39pm —

Comment Wall (4 comments)

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

At 7:01pm on October 3, 2008, yamin said…
Photobucket
At 11:36pm on August 29, 2008, နှင်းဆီနက် said…
လာလည်သွားပါတယ်..
At 8:41pm on August 26, 2008, chanmyasoe said…
မင်္ဂလာပါ
At 5:30pm on August 26, 2008, Green Asterisk said…
:) လာခဲ့ လာခဲ့
 
 

Badge

Loading…
 

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service