တစ်ယောက် တစ်လှမ်းစီလှမ်းခဲ့ကြရင်း ( ကိုယ့် စည်းချက်နဲ့ကိုယ် )
လမ်းခုလတ်မှာ ရင်ဘတ်ချင်းတိုက်မိခဲ့ကြတယ် ။
အဆောင်ရှေ့မှာ သီချင်းအတူ ထိုင်မဆိုဘူးခဲ့ဘူး
လ္ဘက်ရည်ဆိုင် အတူ မထိုင်ဘူးခဲ့ဘူး
တိုက်မိတဲ့နေရာလေး လှတယ်
ငါတို့တွေ တတ်သလောက်သီးပြီး နိုင်သလောက် ပွင့်ခဲ့ကြတယ် ။
လ္ဘက်ရည်ဆိုင် အတူထိုင်ဖူးမှ သူငယ်ချင်းမဟုတ်ဘူး
ရင်ဘတ်ချင်း နှီးနွယ်ဖို့က အရင်းပါ ။
ငါတို့ ပျော်ဝင်ခဲ့ကြတဲ့ အဲဒီ အရောင်ထဲ
ညတွေက တစ်သည်းသည်း လင်းလို့ ။
ဒီအကွေ့မှာ မင်းက ဟိုတက်နဲ့လှော် လို့
ဒီဇာတ်ကွက်မှာ မင်းကတစ်ခန်းရပ်တယ်
မင်း ဆိုချင်တဲ့ သီချင်း
ဒီ အခင်းအကျင်းထဲ လင်းမြဲ ပြက်မြဲ ဆိုတာ
မင်း အတွက်တော့ မင်းသောက်နေကျ Mild Seven တစ်ဖွာတည်းပါ ။
လေထဲပျံမယ့်ငှက်ထဲ
မင်းက တက်ကြီး တစ်ဆွဲဆွဲနဲ့
မမြဲဘူး ဆိုပေမယ့် ငါကလည်း မရဲဘူး သူငယ်ချင်း ။
ဟောဒီမှာ
လေတွေတိုက်နေသရွေ့ တော့
ခင်ဗျားတို့နဲ့ ကျွန်တော့်ရဲ့
အနံ့ အသက်တွေကို
ရှုရှိုက်နေရဦးမှာပါ ...။ ။စည်းချက်မှန်တဲ့ ဘင်အကျမှာ
ငါတို့ ခြေလှမ်းတွေ ညီကြဦးမှာပါ
ခပ်တင်းတင်း ဆုပ်မိတဲ့ လက်နှစ်ဘက်
ရုတ်တရက်ကြီး ဆွဲမဖြုတ်ပါနဲ့ သူငယ်ချင်း
ဟောဒီရင်ဘတ်ထဲ မိုးသည်းခဲ့ပါတယ်
ငါ့မှာ ယောကျာ်းကြီးတန်မဲ့ပေါ့ ။
ငါ့ရင်ဘတ်ထဲ အရောင်တစ်ခုလွတ်ကျ
နောက်… ငါ့ကို လေဆိပ်မခေါ်နဲ့ သူငယ်ချင်း ။
သူငယ်ချင်းတစ်ယောက်မှ ခံစားရေးဖွဲ့ပါသည်။
Comment Wall (125 comments)
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network

လာလည်သွားတယ်ဗျာ..............ဒီနေ့စတုကိုအချည်ဖြေကြမယ်
ကော်ဖီ လေးသောက်ပြီး ချယ်လ်ဆီး ပွဲလေး ကြည့်ရအောင်။ ။
Only ချယ်လ်ဆီး ပရိတ်သတ် သာ စားနိုင်ပါမည်။ ။ :P
ဒီလို ဖဲ့မှာနော်.. ဟီးးးး....
(ကိုရင်နော်)
View All Comments