Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

လဂွန်းအိန်
  • Male
Share 

လဂွန်းအိန်'s Friends

လဂွန်းအိန်'s Groups

 

အရိုးရှင်းဆုံးသောအရာ...ငါ့ရင်ထဲက ကဗျာ...။

Gifts Received

Gift

လဂွန်းအိန် has not received any gifts yet

Give လဂွန်းအိန် a Gift

Latest Activity

ဆရာဆူဒိုနင်ရဲ့ ဆောင်းပါးကို ကျွန်တော်လည်းဖတ်လိုက်ရပါတယ်...။ ဒါပေမယ့် ကူမှတ်တမ်း ဆိုတာကြီးက နဲနဲထောက်နေသလိုပဲနော်..။ ကျွန်တော့ကို ရွေးခွင့်ပေးရင်တော့ ကွန်မှတ်တမ်း ဒါမှမဟုတ် ကွန်လွှာ လို့ပေးမိမယ်ထင်တယ်...။ :D
October 30
ဆရာဆူဒိုနင်ရဲ့ ဆောင်းပါးကို ကျွန်တော်လည်းဖတ်ရပါတယ်..။ ကူမှတ်တမ်းဆိုတာကြီးက နဲနဲထောက်နေသလားလို့...။ ကျွန်တော့ကို တစ်ခုရွေးပါလို့ပြောရင်တော့ .. ကျွန်တော့အနေနဲ့ ကွန်မှတ်တမ်း ဒါမှမဟုတ် ကွန်လွှာလို့ပေးမိမယ်ဗျ...။ :D
October 30

Profile Information

Your Blogger Name
လဂွန်းအိန်
Your Identity (if you choose Blog Reader, you have to put www.google.com in next question)
Blogger
Put your own existing valid Blog URL (Your Blog will be checked by Administrators before you can log in)
http://www.lagoonaing.iblogger.org
Date of Birth
January 5, 1984
State/Division
ရန်ကုန်
Country
မြန်မာ
Occupation
BA(ဗိုက်မှောက် အိပ်ခြင်းကိုဆိုလိုသည်။)
Wanna Talk Something?
ကျွန်တော်တို့ဟာ ကျွန်တော်တို့တစ်သက်သာကောင်းကျိုးတွေအတွက်သာမက နောင်လာမယ့် မျိုးဆက်တွေကောင်ကျိုးကျန်ရှိစေဖို့ရာ နေထိုင်ရှင်သန်လှုပ်ရှားနေကြတာပါ..။

လဂွန်းအိန်'s Photos

Loading…

လဂွန်းအိန်'s Blog

လဂွန်းအိန်

အတွေးသက်သက်မျှသာ ...

အချိန်ဆိုတဲ့ ဒိုင်မေးရှင်းတွေရဲ့အလွန်
မသက်သာစွာနဲ့..မျှင်းလျချတဲ့သက်ပြင်း

မတည်ငြိမ်တဲ့ လောကဓံတရားဆိုတဲ့
ဘောင်ဘင်ခတ်မှုတွေကြားထဲက..

သင့်မြတ်မှုလေး..နဲနဲဖြစ်ဖြစ်တော့
ပေးကြပါဦးလေ..မိတ်ဆွေတို့..

နေရာဆိုတဲ့ သတ်မှတ်ချက်ရဲ့အောက်က
မေတ္တာတရားနဲ့ မိုးတဲ့အရိပ်မရှိတော့

သွေးပျက်နေတဲ့ ထမင်းလုံးတစ္ဆေ
တစ်ကောင်တည်းပဲပေါ့..နေပါစေ

ဘာရယ်ညာရယ်မဟုတ်တဲ့…ငါ
အတွေးသက်သက်မျှသာ….။

Posted on August 30, 2008 at 1:22pm —

လဂွန်းအိန်

မုန်တိုင်းထန်တဲ့တိုင်းပြည်ကလူတွေရဲ့အကြောင်း..။

ဒီကဗျာလေးကတော့ ကျွန်တော့် ဘလောဂါ ဘ၀ ရဲ့ အစအဦးမှာမဟုတ်ခဲ့ပေမယ့်၊နာဂစ်မုန်တိုင်းအပြီးမှာရေးခဲ့တဲ့ကဗျာလေးပါ..။ကြိုက်ကြတယ်လို့ပြောကြပါတယ်..။ကျွန်တော်လည်း ကြိုက်ပါတယ်..။ကိုယ့်ဟာကိုရေးပြီး ပြန်ကြိုက်မိတာပေါ့ဗျာ..။ :D

လေပြင်းတွေ တိုက်နေတယ်
ကိုယ်ကျိုးတွေလိုက်နေတယ်။

ဒီလှိုင်းတွေတက်လာတယ်
စိတ်ရိုင်းတွေဖျက်လာတယ်။

ကူးရင်းနှစ်တဲ့လူတွေ အတွက်
ကူရင်းနှစ်တဲ့သူတွေ ရှိခဲ့မှာပါ။

ကူရင်းနှစ်တဲ့သူတွေကိုမှ
ထူရင်းပြန်နှစ်ရက်တဲ့သူတွေလဲရှိနေတယ်လေ။

နာဂစ်ကြောင့်လူတွေ နာကျင်ငိုကျွေးနေကြပေမယ့်
တစ်ချို့ကတော့ ကွက်လပ်တွေ ပြည… Continue

Posted on August 30, 2008 at 1:21pm — 3 Comments

လဂွန်းအိန်

နဂါး...

ရှေးရှေ..ရှေးရှေ တုန်းကတဲ့...။ တရုတ်ဘုရင် ကြီးတစ်ပါးဟာတဲ့...။နဂါးတွေကို အလွန်ပဲ သဘောခွေ့လို့ သူ့နန်းတော်ထဲမှာ နဂါးရုပ် အကြီးကြီးတွေ ထားပြီး တန်ဆာဆင်ထားရောတဲ့...။အဲ..နေ့တိုင်း..နေ့တိုင်းပဲ ..အဲဒီနဂါးရုပ်တွေကို ရစ်သီ ရစ်သီ နဲ့ ကြည့်ပြီး အားရကျေနပ်နေတော့တာပေါ့..။ပါးစပ်ကလည်း ..`အင်း..နဂါးတစ်ကောင်လောက်များ ငါ့ဆီကို လာခဲ့ရင်များ၊သက်ရှိ နဂါးတစ်ကောင်လောက်များ ငါတွေ့ခွင့်ရလိုက်ရင်တော့လား..´ ဆိုပြီးတော့ တစ်တွက်တွက် နဲ့ ပွားမန်းလေးမန်းနေသေးတယ်ဆိုပဲ...။အဲဒီလို မန်းပါများလာတော့ နဂါးပြည်က နဂါးမင်းက ..`အင်း..ဒ… Continue

Posted on August 30, 2008 at 1:00pm — 1 Comment

လဂွန်းအိန်

ကြေကွဲခြင်းမြစ်

ငါဟာ မြစ်တစ်စင်းပါ..
ဒါပေမယ့် ငါမကောက်ကွေ့ခဲ့ပါဘူး.....။

“ငါ” ဆိုတဲ့မြစ်ဟာ မြစ်ကျိုးအင်းတွေမရှိဘူး..
“ငါ” ဆိုတဲ့မြစ်ဟာ တစ်ခါတစ်လေ ရေစီးထန်တယ်...။
တစ်ခါတစ်လေ ဖြည်းနှေးစွာစီးဆင်းတယ်...။

တောင်တန်းတွေပေါ်က တောအုပ်တွေကြားထဲ
စီးဆင်းရတာပျော်ရွင်သလိုပဲ..
မြေပြန့်လွင်ပြင်တွေပေါ်မှာ လေပြေတွေနဲ့
ကခုန်ဖို့ငါ ကကြိုးကကွက်တွေ လေ့ကျင့်ခဲ့တယ်...။

ငါမကျက်မိတဲ့ ဖတ်စာအုပ်အတွက်
ငါမချစ်တဲ့ မြို့လေးအတွက်
ငါမတွယ်တာတဲ့ ကပွဲသဘင်တွေအတွက်

“ငါ” ဆိုတဲ့မြစ်ဟာ မြစ်လက်တက်တွေမများဘူး..
အများဆုံမှ တရားယုံကြတဲ့ မြစ်တွေနဲ့ ငါမတူဘ… Continue

Posted on August 21, 2008 at 7:47pm —

လဂွန်းအိန်

ထောင့်တစ်ထောင့်မှာ ...

တစ်ခါတစ်လေတွေးမိတယ်…
လောကကြီးဟာတရားမျှတရဲ့လားလို့…

ငါကြိုးစားသလောက်
ငါ မအောင်မြင်ခဲ့ဘူး…

ငါချစ်သလောက်
ငါ အကြင်နာမခံရဘူး…

ငါနားလည်ပေးသလောက်
ငါ နားလည်မခံရဘူး…

ငါရိုးသားခဲ့သလောက်
ငါ လိမ်လည်လှည့်ဖြားခံခဲ့ရတယ်…

ငါတန်ဖိုးထားတဲ့အရာတွေ
ငါထားရှိတဲ့ ရည်မှန်းချက်တွေ
ငါ ဦးတည်ခဲ့တဲ့မျှော်လင့်ခြင်းတွေ…

ဒါတွေအားလုံးမှားနေတာလား
မှားခဲ့တာများလား
လမ်းမှားကြီးပေါ်မှ ခြေလှမ်းမှားတွေနဲ့များ
ငါလျှောက်လှမ်းနေတာလား…

တစ်ခါတစ်လေတော့များ…
ထောင့်တစ်ထောင့်မှာ ထိုင်ပြီး
ငြိမ်သက်စွာနဲ့…
ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့ရာ… Continue

Posted on August 17, 2008 at 7:32pm — 3 Comments

Comment Wall (53 comments)

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

At 4:54pm on January 21, 2009, saw gangster said…
လဂွန်းအိန်..ဆိုတာ ရာဇ၀င်ထဲမှာတော့ သူရဲကောင်းတစ်ယောက်ပဲ....
ခင်ဗျားကရော...ဘ၀ကို သူရဲကောင်းဆန်ဆန် ရင်ဆိုင်နိုင်မှာပါနော်...
At 2:44pm on October 23, 2008, Pinkgold said…
မင်္ဂလာပါ ကိုလဂွန်းအိမ်
At 4:27pm on October 21, 2008, ကလေးငယ်လေး said…
လာလည်ပါတယ်ရှင်.. :)
At 1:00pm on October 16, 2008, ဖားကြီး said…
အစ်ကိုရေ တွေ့ရတာ ၀မ်းသာပါတယ်ဗျာ စာတွေလာဖတ်သွားပါတယ်
At 9:01pm on October 6, 2008, ဇောင်း said…

လာလည်သွားတယ်ဗျာ..............
At 7:27pm on September 22, 2008, လဂွန်းအိန် said…
ကျွန်တော်က "အိမ်" နဲ့စာလုံးပေါင်းတာမဟုတ်ဘူးဗျ..။ကျွန်တော်က "အိန်" နဲ့..။ဟို "အိမ်" တွေကဘယ်ကဆင်းသက်လဲတော့မသိဘူး ..။"အိန်"ဆိုတာက အိန္ဒ ဆိုတဲ့ မိုးသိကြားလို့ အနက်ရတဲ့စာလုံးကနေ ပြီး ယူထားတာဗျ ...။ ငှဲငှဲ ..နာတွ .... ။ :D
At 7:36pm on September 21, 2008, TharPhyu said…
မင်္ဂလာပါ.. လာလည်ပါတယ်...
လဂွန်းက ဘယ်နှစ်အိမ် ရှိလဲဗျ...း)
At 12:50pm on September 21, 2008, kmaungnyein said…
မြန်မာဝီကီမှာမရေးပါဘူးဗျာ၊ ဘာများဖြစ်လို့လဲဗျာ အစ်ကိုဖန်ဒူကြီးရ :)
At 10:16pm on September 20, 2008, LagoonEain said…
ရွှေစိတ်တော် အနည်းငယ်မှ မညိုပါဘူး သွေးသောက်ရယ်
ကျုပ် ရဲ့blog မှာ video files တင်ပုံတင်နည်း နိသျည်းလေးသာ
မစ စမ်းပါ...သေရည်အ၀သောက်ရစေ့မယ်
At 8:41pm on September 20, 2008, mrericzan said…
လဂွန်းအိန် ရေ လာလည်သွားတယ် ။
လဂွန်းအိန် ရဲ့ Blog တွေကအရမ်းကောင်းတယ်ဗျာ ။ ကျွန်တော်ဆီကိုလဲလာဖို့ဖိတ်ခေါ်ပါတယ် ။
 
 

Badge

Loading…
 

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service