Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

လွင်ပြင်
Share 
  • Blog Posts (7)
  • Discussions
  • Events
  • Groups
  • Photos
  • Photo Albums

လွင်ပြင်'s Friends

 

လွင်ပြင်'s Page

Latest Activity

Profile Information

Your Blogger Name
အိပ်မက်လွင်ပြင်
Your Identity (if you choose Blog Reader, you have to put www.google.com in next question)
ainmatlwinpyin.blogspot.com/
State/Division
မန္တလေး
Country
မြန်မာ
Occupation
**

လွင်ပြင်'s Blog

လွင်ပြင်

အမှတ်တရ ဟေမန္တ( ၂ )

မာရီယာ မရှိတော့ဘူး ဆိုတာ သိလိုက်ရတော့ အန်ဒရီ.သူမကိုတွေ့ ချင်စိတ် ပြင်းပြ လာတယ်။ သူမ မရှိတော့ပါဘူးဆိုကာမှ သူမကို လွမ်းမိတယ်။ပြီးတော့ အထီးကျန်သွားသလိုပဲ….. နှစ်သက်လို့ ရွေးးချယ်ထားတဲ့ အလုပ်ကိုတောင် စိတ်ဝင်စားမှုမရှိတော့ဘူး။ အဲဒါနဲ့ သူ အလုပ်ကနေ ထွက် လိုက် တယ်။ သူငယ်ချင်း တွေက တောင် သူကို နားမလည် နိုင်တော့ဘူး။ ကားမှတ်တိုင် တစ်ခုမှာ လူတစ်ယောက် (အန်ဒရီ) ရပ်နေတယ်။ သူ့ မျက်ဝန်းတွေက အဆွေးရိပ်သန်းနေတယ်။ မျက်နှာမူရာ ရှေ့တည့်တည့်ကို ကြည့်နေ ပေမဲ့ သူရှေ့မှာ လှုပ်ရှားနေတဲ အရာတွေကို တောင်မှမြင်ပုံမရပါဘူး။ တနေရာ… Continue

Posted on August 20, 2008 at 6:30am —

လွင်ပြင်

ဥပေက္ခာ

လမင်း၏ အေးမြသော
အလင်းရောင်သည်
မှောင်မည်းသော တိမ်တိုက်များကြောင့်
ပျောက်ကွယ်ရလေ၏………

ပင်လယ်၏ ပြင်းထန်သော
လှိုင်းတံပိုးများသည်
ခိုင်မာသော ကျောက်ဆောင်များကြောင့်
ရပ်တန့်ရလေ၏……………..

ငါ၏
စကားလုံးများသည်
ပြတ်သားသော (မင်းရဲ့ )ဥပေက္ခာကြောင့်
ပျက်သုဉ်းရလေ၏………

Posted on August 18, 2008 at 6:48am — 1 Comment

လွင်ပြင်

ခေါ်သံ

ချစ်သူရေ
လောကဆိုတာ ခေါ်သံတွေနဲ့ စုဝေးရာတဲ့
ပျော်စရာခေါ်သံတွေလာတော့ ပျော်ရတာပေါ့ ၊
ငိုစရာခေါ်သံတွေလာတော့ ငိုရတာပေါ့

လောကရဲ့နိယာမကိုလွန်ဆန်လို့မရတော့
ခေါ်သံတိုင်းကို ပြန်ထူးရတာချည့်ပဲလေ
မထူးဘဲမနေလို့မရတဲ့ ….
လောကရဲ့နောက်ဆုံးခေါ်သံ သေခြင်းတရားမတိုင်ခင်
ငါ သိပ်မြတ်နိုးတဲ့
မင့်ရင်ခွင်မှာ ပျော်ရွှင်မှုခေါ်သံတွေနဲ့ပဲ
ငါမှေးစက်ပါရစေနော် ချစ်သူ့

Nay83

သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးပါ…
အားပေးလိုက်ကြပါဦး…
ကဗျာလေးပေးတဲ့ ကိုနေ ကျေးဇူးပါ..

Posted on August 18, 2008 at 5:01am —

လွင်ပြင်

နိုင်ငံရေးဆိုတာ

"နိုင်ငံရေးဆိုတာ" ကို သူငယ်ချင်းက ပြောပြလို့ ဝေမျှတာပါ။ ဖတ်ဖူးတဲ့သူလည်း ပြန်ပြီး ဖတ်သွားကြပါဦး။



တခါတုန်းက စာသင်ခန်းတစ်ခုမှာပေါ့။ ဆရာမလုပ်သူက သူ့တပည့်တွေကို မေးခွန်းလေးတစ်ခုကို စာသင်ရင်းနဲ့ ဗဟုသုတအနေနဲ့ မေးလိုက်တယ်တဲ့။ မေးခွန်းလေးက “ နိုင်ငံရေးဆိုတာဘာလဲတဲ့” ။ ဆရာမရဲ့  မေးခွန်းအဆုံးမှာ ကျောင်းသားအားလုံး ငြိမ်သက်သွားကြတယ် ။ အားလုံးဟာ အဖြေတစ်ခုပေးနိုင်ဖို့ ဥာဏ်မှီသလောက် စဉ်းစားကြပေမဲ့ တစ်ယောက်မှ မဖြေနိုင်ကြဘူး။

အားလုံးမဖြေနိုင်တဲ့အဆုံးမှာ ဆရာမက
Continue

Posted on August 18, 2008 at 4:57am — 1 Comment

လွင်ပြင်

ကမ္ဘာငယ် ပျက်သုဉ်းခြင်း

သိမ်မွေ့လှပတဲ့ နှုတ်ခမ်းတစ်စုံက
ရက်စက်ပြင်းထန်တဲ့ စကားလုံးတစ်ချို့
ပျော်ရွှင်မြူးတူးနေတဲ့ နတ်ဆိုးတကောင်းအလား
ခုန်ထွက်အန်ချလေသောအခါ…..


ဒဏ်ရာကင်းမဲ့တဲ့ နှလုံးသားတစ်စုံကို
လက်ရာမြောက်တဲ့ ဓါးသွားတစ်လက်နဲ့
ကကြိုးကကွက်မြိုင်တဲ့ ကဝေပျိုတကောင်အလား
ထိုးစိုက်မွန်းခြယ် လေသောအခါ…..


တည်ငြိမ်အေးဆေးတဲ့ မျက်နှာပေါ်က
အံသြကြောက်မက်ဖွယ်ကောင်းတဲ့ မာန်မာနတွေ
ခြောက်လန့်အိပ်မက်ပေးတတ်တဲ့ တစ္ဆေတကောင်အလား
ပန်ဆင်ခြယ်သထားလေသောအခါ……

Posted on August 14, 2008 at 7:30am — 1 Comment

Comment Wall (3 comments)

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

At 8:44am on August 18, 2008, လွမ်းသုရင် said…
ဟဲဟဲ ဂွတ်မောနင်...လွင်ပြင်း)
At 11:14pm on August 14, 2008, အညာသား said…
အောက်အီးအီးအွတ် !!!!! ....
မင်္ဂလာပါခင်ဗျာ။
At 6:23am on August 13, 2008, Kyaw Zay Ya said…
မင်္ဂလာပါဗျို့.......... themes ရွေးတာ လာတူနေတယ်ဗျာ..ဟတ် ဟတ် ဟတ်
 
 

Badge

Loading…
 

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service