(မှတ်ချက်။ ။ ဤသီအိုရီကိုဖတ်ပြီး အရက်ဖြစ်ချင်စိတ်ဝင်သွားသူများ ရှိသည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရလေသတည်း)
ဤ အရားသမက် သီအိုရီ (၀ါ) အမားသမူး နိယာမအား ဘလော့ဂါ ရှက်ကီများ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဘော်ဘော် အမားသမူးများ၊ ကြုံရင်ကြုံသလိုကစ်တတ်သော မမများ၊ ပါရမီဖြည့်ဘက်အဖြစ် အမြည်းလုပ်ပေးရန်စိတ်ဝင်စားသော အမျိုးသမီးများ အစရှိသူတို့က ရက်သတ္တတစ်ပတ်ခန့် ဆွေးနွေးမှုပြုခဲ့ကြလေသည်။ ထိုသို့ ဆွေးနွေးကြရာ၌ ` အရက်မြင် ကြင်သူပြစ်။ ရမ်ကောင်းလျှင်တစ်ခွက် ဘော့ဒကာကောင်းလျှင်တစ်ပက်။´ အစရှိသော စာပေထဲမှ ယမကာရသဖွဲ့များအထိပင် ပါအောင် ငြင်းခုန်ခဲ့ကြလေသည်။ အဆုံးသတ်၌ ကိုကိုဖရီး ဦးဆောင်တည်ထောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ယမကာများသမဂ္ဂ - League for Myanmar Drinkers (LMD) မှ အမာခံ၊ အမူးခံများဖြစ်သော သဘာငါးပိ၊ ဥက္ကထု၊ အတွင်းထဲမူး၊ ဘန်ဒါရေမူး၊ စားးးရင်းစစ် တို့မှ ဦးဆောင် အတည်ပြုကာ မူကြမ်းရေးဆွဲနိုင်ရန် ကြိုးပမ်းခဲ့ကြရာ အောက်ပါအတိုင်း ရရှိပါသည်။ ထိုသို့ရရှိလာသော အချက်များကို ပြန်လည်စိစစ်ရေးဆွဲရာ အောက်ပါအတိုင်း အဓိကအခန်းကဏ္ဍ သုံးခု ခွဲခြားနိုင်လေသည်။
အခန်း (၁) အရက်မသောက်မီ
၁) အရက်သည် အိုခြင်းကင်း၏။
၂) အရက်သောက်ခြင်းသည် ကာလသုံးပါလွတ်ကင်း၏။
၃) အရက်သည် လျှာပေါ်တွင် ခါး၏။ သို့သော်နှလုံးသားထဲတွင် ချိုစေသည်။
၎) အရက်အား ဘုရားမကြိုက်သည်ဖြစ်၍ မိမိအကြိုက်ဟု သာခံယူ၍ သောက်သုံးပါ။
၅) အရက်သည် အစွန်းနှစ်ပါးကိုသာသွား၏။
၆) ခံယူချက်မှားလျှင် အရက်သောက်ခြင်းသည် အစွန်းမလွတ်ဖြစ်ကာ ဟိုမရောက် ဒီမရောက်နှင့် ညိတတ်၏။
၇) လူမှန်လျှင် သေမည်မှာ မလွဲ။ ကိုယ်လုပ်ချင်တာ လုပ်ပြီးသေရသည်က မြတ်၏ ဟု ခံယူရမည်။
၈) အချစ်နဲ့ အရက်မှာ မတရားတာ မရှိ။
၉) အသည်းမာသော ယောက်ျားဖြစ်လိုလျှင် အရက်ကိုဆောင်ပါ။
၁၀) အရက်ဖြင့်ဧည့်ခံခြင်းသည် ဆိုရှယ် အဂ္ဂိရတ် ထိုးနည်းတစ်နည်းဖြစ်သည်။
၁၁) အရက်သည် ကိုယ်ကျန်းမာရေးကို ကျဆင်းစေသော်လည်း စိတ်ကျန်းမာရေးကို မြှင့်တင်ပေးလေသည်။
အခန်း (၂) အရက်သောက်စဉ်
၁) အရက်သည် အဖော်နှင့်သောက်မှ သောက်ကောင်းသည်။
၂) အဖော်နှင့်သောက်မှ မူးသည်၊ အဖော်နှင့်သောက်မှ အရသာရှိလေသည်။
၃) 5D ဟုခေါ်သော D ငါးလုံးကို သိရမည်။ ၎င်းတို့မှာ (Dinner, Drink, Drunk, Discuss, Die) တို့ဖြစ်သည်။
၎) အရက်သည် နည်းနည်းသောက်လျှင်ကောင်း၏။ နည်းနည်းထပ်များလာရင် နည်းနည်းထပ်ကောင်းလာ၏။ များများသောက်လျှင် အများကြီးကောင်းသည်ဟု ရှေးပုဂ္ဂိုလ်များ ဆိုရေးရှိခဲ့လေသည်ကို ခံယူရမည်။
၅) အရက်နှင့် အမြည်းသည် လူကိုမစောင့်၊ နောက်ကျလျှင် ကိုယ့်အတွက်မကျန်။
၆) အမြည်းစားရုံမျှဖြင့် အရက်သမားဟု မသတ်မှတ်ရ။
၇) အရက်ကို ပါးစပ်ဖြင့်သာမက ဦးနှောက်ဖြင့်လည်း သောက်ပါ။
၈) ရေမရောသော အရက်အား သောက်သုံးသူသည် အကောင်းနှင့်အဆိုးကို ခွဲခြား သိသူဖြစ်၏။
၈) နေရောင်အောက်တွင် အရက်မသောက်ရ။
၉) မျက်နှာသစ်လျှင် ရိုးရိုးရေကိုသာသုံးပါ။
၁၀) ဆီးခဏခဏသွားလျှင် မမူးပါ။
၁၁) မာကာကောင်းမရှိလျှင် အရက်ဝိုင်းကောင်းတစ်ခု (သို့) ဝါရင့်အရက်သမားများဝိုင်း မဟုတ်။
၁၂) ချီးယားစ်မလုပ်လျှင် အရက်သောက်ခြင်း မပီသ။
၁၃) သင်သောက်လျှင် ကျွန်ုပ်မမူးပါ။
၁၄) ကျွန်ုပ်သောက်သည် ထို့ကြောင့် ကျွန်ုပ်ရှိသည်။ (မှတ်ချက်။
ကိုသင်ကာ၏ မူပိုင်စကား)
၁၅) အရက်သည် ဒီတိုင်းလည်းကောင်း၏။ ရေရောလည်း ကောင်း၏။ Coke ရောလည်းကောင်း၏။ (ဘယ်လိုသောက်သောက် ကောင်းသည်ဟု ဆရာဝန်တို့က မှတ်ချက်ပြုထားသည်။)
၁၆) အရက်သည် သစ္စာရှိ၏။ သောက်သလောက်သာမူး၏။
၁၇) သောက်သက်ရင့်သူများသည် ရေရောသော အရက်အား ဖောက်ပြန်တတ်သော မိန်းမကဲ့သို့ ရှောင်ရှားသင့်၏။
၁၈) အရက်နှင့်ရည်းစားသည် Perfect ဖြစ်တဲ့ Condition တစ်ခုတွင်မှ သောက်၍ပိုအရသာ ရှိခြင်း၌တူညီသည်။ (Source: အမည်မသိ ရှေးစာဆိုတစ်ဦး)
၁၉) သောက်နေသော ခင်ပွန်းသည်အား ဖွယ်ရာသော အမြည်းလုပ်ပေးခြင်းဖြင့် ပါရီဖြည့်ဖက် ဇနီးသည်မှ ၄င်း၏အချစ်ကို ဖော်ပြနိုင်သည်။ (Source: အမည်မသိ ရှေးစာဆိုတစ်ဦး)
အခန်း (၃) သောက်ပြီးသောအခါ
၁) နောက်ကျမှ မူးသူများသည် အရင်မူးသူများကို ထိန်းကျောင်းရရိုးရှိသည်။
၂) အရက်သမားတိုင်း အမူးသမားမဟုတ်ချေ။
၃) စောစောကွဲလျှင် စောစောကဲရသည်။ သို့သော် အခွင့်အရေးတို့ လက်လွှတ် ရတတ်၏။
၎) ကိုယ်ကမူးချင်လျှင် ကိုယ့်ဟာလေးတော့ ကိုယ်ခိုင်အောင်လုပ်ထားသင့်သည်။ (မှတ်ချက်။ ။ ခြေထောက် အစရှိသည်...)
၅) ပုခုံးချင်းမှီကာ တစ်ယောက်အိမ် တစ်ယောက်ပြန်ပို့ပေးနေကြသူများကို ကြည့်ခြင်းအားဖြင့် အရားသမက်များ၏ ချစ်ခင်ဖေးမမှုကို တွေ့မြင်နိုင်၏။
၆) အရက်သောက်ပြီးနောက်ပိုင်း လုပ်သမျှအားလုံးသည် (ဥပမာ-ကော်ဖီသောက်ခြင်း) အရက်၏ နောက်ဆက်တွဲ (၀ါ) အရက်နှင့်သက်ဆိုင်သည်ဟု မှတ်ယူရမည်။
(မှတ်ချက်။ ။ အကြံပြုချက်များကို အဖွဲ့ချုပ်တည်ရှိရာဘလော့ဂ်တွင် ဖြစ်စေ၊ ဤဘလော့ဂ်တွင်ဖြစ်စေ လိုအပ်သလို အဆိုပြုတင်သွင်းနိုင်ပါသည်။)
[ပါဝင်ရေးသားသူများ။
သင်ကာ၊ နေနတ်နွယ်၊
သခင်ကြီး၊
စိုးဇေယျထွန်း၊
မင်းကျန်စစ်၊ ကိုကိုဖရီး၊
ဟန်သစ်ငြိမ်]