Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

အင်္ဂလိပ်ကားတွေထဲမှာ အရက်သောက်ရင် ဖန်ခွက်မြှောက်ကာ cheer လုပ်ပါသည်။ on the rock ဆိုရင် တစ်ခါတည်းအကုန်သောက်ကြသည်။ မြန်မာလို မောင်ဖုန်းမြင့်ပြောသလို ချကွာ အကုန်သောက်ဟုပြောကြသည်။ ဗီယက်နမ်သူငယ်ချင်းတစ်ယောက်နဲ့သောက်တော့ (အွန်ဟစ်) ဆိုတာ ဗီယက်နမ်စကားနဲ့ on the rock ထိုင်းစကားကြတော့ (မော့ခါး) လို့ကြားဘူးတယ် တခြားဘာသာစကားသိလို့ရှိရင် ဝေမျှကြပါ

Share

Reply to This

Replies to This Discussion

mgphonemyint said:
ပြင်သစ်လိုပြောတာရှိတယ်..မေ့နေလို့..
ဗို့တထ်ရာ....ဘာဖြစ်တယ် ဆိုလားပဲ..
မမှတ်မိတော့ဘူး...။ ဟတ်ဟတ်

cheer ကိုပြင်သစ်လို encourager
, အီတလီလို allietare တဲ့ ဟုတ်လားတော့သိဝူး။ bot.talk.google.com ကရှာထားတာ ။ :D

Reply to This

ဘယ်လိုမှ မပြောဘူး သားတို့က ဒီလိုပဲ မော့သောက်လိုက်တာပဲ။..ကြိတ်ထားကွ ငါ့ကောင်ကြီး ဟီးဟီး :P

Reply to This

မြန်မာလိုပဲပြောမယ်
ချဗျာ......

Reply to This

အဲဒါတွေတော့ မပြောတတ်ဘူး ခွက်ချင်းတိုက်ခါနီး ပြောတာလေးတော့ ပြန်ပြောပြမယ်။
“ကဲ ကဲ လာထား ဘာမှ မလုပ်ပဲချမ်းသာစေ”
နောက်တစ်ခုရှိသေးတယ်
“ကဲ ဟေ့ ကြီးမာရှည်သန် နောက်မိန်းမ ခနခနရ”

Reply to This

ပြောနေတာနဲ့ ဘီယာတွေတောင် ပူကုန်ပြီ။ တော်တော်ခက်တဲ့သူတွေပဲ။

Reply to This

cheer လုပ်သလိုမျိုး အရေးကြီးတာ တစ်ခု လုပ်သင့်သေးတယ်ဗျို့
အဲဒီ cheer လုပ်နေတဲ့ အချိန်မှာပဲ လုပ်ရတာပဲဗျ ..
ခွက်ကို သေချာကိုင်
ကိုယ်နဲ့ cheer လုပ်မယ့် သူငယ်ချင်းရဲ့ မျက်လုံးကို သေချာကြည့်
လေးလေးစားစားပြော ...

သူငယ်ချင်း ``မင်းမှာ ပိုက်ဆံ တကယ်ပါတယ်နော်´´လို့

ဟီးဟီး ..အဲဒါလေးအရေးကြီးတယ်ဗျို့
ခဏခဏခံရလွန်းလို့ ....

Reply to This

တရုတ်လိုကျတော့ `ကမ်းပေး´ လို့သုံးတယ်။ ကျုပ်ကြားဖူးတာ တစ်ခုဝေမျှချင်တယ်။ Cheer လုပ်ရခြင်းက အာရုံငါးပါး ပြည့်စုံစေချင်လို့တဲ့။ အရက်သောက်တဲ့အခါ (၁) အရက်ကို မြင်ရတယ်။ ခွက်ကို ပါးစပ်နားဆွဲယူလာတဲ့အခါ (၂) အနံ့ရတယ်။ ခွက်ကို ပါးစပ်နဲ့တေ့လိုက်တဲ့အချိန်မှာ (၃) အတွေ့အထိ အာရုံရတယ်။ သောက်လိုက်လို့ လျှာပေါ်ရောက်တော့ (၄) အရသာရတယ်။ လိုနေတာက အကြား (hearing) ဆိုတဲ့ သောတအာရုံပဲ။ အဲဒါကို လိုချင်လို့ ဖန်ခွက်ခြင်း ထပ်ကနဲနေအောက် Cheer လုပ်တာတဲ့။ ဒါဆိုရင် အာရုံငါးပါးပြည့်စုံတဲ့ အရက်သောက်ခြင်းဖြစ်သွားပြီပေါ့။

Reply to This

ကျွန်တော်တို့ ပြောနေကြ ကတော့....
For Wisdom & Love (ချစ်ခြင်းမေတ္တာ နဲ့ ဥာဏ်ပညာ အတွက်) လို့ပေါ့ဗျာ....

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service