Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Zau Seng Awng

“ ဆိုရိုးစကားတွေ နဲ့ ရင့်မှည့်လာတဲ့ ပန်းသီး ”

“ ဆိုရိုးစကားတွေ နဲ့ ရင့်မှည့်လာတဲ့ ပန်းသီး ”

ခုနစ်ထပ်လောက် ဆင့်ထားတဲ့ ဆံပင်နဲ့
ရောင်ပြေးလေး လျှမ်းပြတော့
သာသာယာယာတွေးမိ
ဖန်စီမကျတာအထိ အခုမှ စတယ်....
အားလုံး..... တွေ ချည်းပါပဲကွယ်
မီးတစ်ချက် တောက်' ကစားပြရင်
ရင်သပ်ရှုမောသွားတတ်မြဲ...။

ဆန် နဲ့ စပြီး ဆန် နဲ့ ဆုံးတယ်
နှစ်လေးငါးဆယ် တွေးကြည့်တဲ့အခါကျ
လှော်တက်ကို တစ်ချက်မကူနိုင်တောင်
လှေဝမ်းထဲက ရေ' ခပ်ထုတ်ရုံတတ်မှ
ငါတို့လည်း ဘာမှ မကူနိုင်ဘူး
မင်းက
ဒါလေးတစ်ခုတော့
သူလိုငါလိုသာ တွေးလိုက်ပါ။ ။

( သိင်္ဂါရ )

Tags: ကဗျာတစ်ပုဒ်, နဲ့, ပတ်သက်ပြီး, ပြောစရာ, ရှိဦးမလားလို့

Share

Reply to This

Replies to This Discussion

သိပ်နားမလည်ဘူး။ ရှင်းပြပါဦး ကဗျာဆရာရေ။

Reply to This

မကလျာ...
ခေတ်ပေါ်ကဗျာ ရဲ့ ၀ိသေသ တစ်ခု က
ကဗျာ ရေးသူ ဆိုတာ ကဗျာ ရေးပြီးတာနဲ့ သေဆုံးသွားပြီ လို့ မှတ်ယူလိုက်ရမယ် တဲ့....
ကဗျာ ဖတ်သူ ဘက်က ခံစားမှု၊ တွေးမြင်မှု၊ လိုက်ပါ စီးမျောမှု တို့ အပေါ်
လေးစား ထား လိုက် ကြ ပါ စို့ ဗျာ...။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service