Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Information

Poem Lovers

The one who loves to read or write poems

Members: 127
Latest Activity: 3 hours ago

Comment Wall

Add a Comment

You need to be a member of Poem Lovers to add comments!

Zau Seng Awng Comment by Zau Seng Awng on August 13, 2009 at 3:14pm
ကဗျာတစ်ပုဒ် ရေးထားတာလေး ဖတ်ချင်ကြဦးမလားလို့.....

“ ကဲ.....ပြောပြနေရတုန်း ”

# နှုတ်ခမ်းနီ ၀တ်ထားတဲ့
တူညီဝတ်စုံတွေ ဖြတ်ပြေးသွားတယ်.....
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
လွန်ခဲ့တဲ့ နှစ် ၅၀ က မျက်မှန်ကိုင်းကြီးများနဲ့
ခါးဆိုလည်း မတ်ထားတယ်။
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
ဘယ်လမ်း ဘယ်ကို ဆိုတဲ့ မြေပုံသိရုံ နဲ့
မသွားဘဲ ရောက်ပြီးထားသလို အိုက်တင်မျိုး
ဆယ့်လေးငါးကျပ်တန် သရော်ပြုံး
တွဲခိုတတ်တုန်းပဲလား။
မင်းက ဘယ်နေရာက ကြည့်နေတာလဲ။
# လေ၀င်လေထွက်လည်း ကောင်းခဲ့ကြပါတယ်...
ဘာကောင်ကြီး ထွက်လာမလို အသံမျိုးနဲ့
တစ်နေကုန်ပဲ ထိုင်အော်နေတော့မလား
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
လန်းတယ် ဆန်းတယ် အနုံဥာတ အာ' နဲ့
စိတ်ကို ကျောင်းထား...
ယောဂတွေမှာပဲ ခံစားနေဆဲလား...
သူတို့က မင်းကို တစ်နေရာက ကြည့်သွားတာ...။

# ဖြစ်ပြီးရင်တော့ ပျက်ကြစမြဲပဲ ပြောပေါ့။
ပြီးမှ ဘာလေးညာလေး လုပ်ချင်မိတယ်ညှိ
ဘာမှမသိတဲ့သူတွေ ကျန်နေဦးမှာပါလေ...
နွေ.....ပါပဲ
အလျှောက်အလှမ်းကတော့ နွေ...ပါပဲ
အ၀ိုင်းနဲ့ ကြက်ခြေခတ် ကစားသော ကလေးအထာ
မကျေညက်လို့သာ
ထပ်ထပ် ကစားရတာလို့ သဘောထား
ငါတို့.....
ဒီလို ပြောဖြစ်ကြတာတောင်
နှစ်သံသရာလောက်က
ငြိဖူးခဲ့ကြတာ ရှိသေးလို့...။

# ဘေးဘီဝဲယာထက်
အာရုံစိုက်သင့်တာကတော့
မင်းက ဘယ်နေရာမှာ ရှိနေတာတဲ့လဲ။ ။

( သိင်္ဂါရ )
Zau Seng Awng Comment by Zau Seng Awng on August 13, 2009 at 2:33pm

Zau Seng Awng Comment by Zau Seng Awng on August 13, 2009 at 2:24pm
“ တစ်ခြမ်းသေ ”

 လူစင်စစ်ဖြစ်ရက်နဲ့ ချစ်ခွင့်မရှိခဲ့'Half-Death' by THEINGARRA.doc
ပြီးခဲ့တာတွေ ပြီးစေသား...




ညများနဲ့Y နေ့များမှာ




ငါက.....
အူလှိုက်သည်းလှိုက်ငိုချင်းတွေ
အတွင်းသိအစင်းသိ အိပ်မက်တွေနဲ့Y
တစ်နယ်တစ်ကျေးက လွမ်းလိုတယ်။
(သိင်္ဂါရ)
Zau Seng Awng Comment by Zau Seng Awng on August 13, 2009 at 2:05pm
အခုလို ချီးကျုးစကားတွေ ကြားရတာ ကဗျာအတွက် ကျွန်တော် ရူးသွပ်ခဲ့ရတဲ့ နေ့တွေအပေါ် လက်ခုပ်တစ်ချက် တီးပေးလိုက်သလိုပါပဲဗျာ...။
ကျေးဇူးတင်ပါတယ် မကလျာအိအိစိုးရေ.....
kalyar Comment by kalyar on August 12, 2009 at 11:27am
ညဖြစ်ကြောင်းပြောသွားတဲ့ တနင်္ဂနွေအတွက် ပြောချင်တာလေး။
ကဗျာဆရာဟာ စကားလုံးတွေကို ကျွမ်းကျင်စွာ ဖွဲ့ဆိုသွားတယ်။
စမ်းကလေး တစ်ပေါက်မှ မစီးလွင့်
ဆားကလေး တစ်ကျင်းမှ မကြဲချင့်...စတဲ့ အဖွဲ့အနွဲ့တွေက ဆန်းတယ်။
Zau Seng Awng Comment by Zau Seng Awng on August 11, 2009 at 7:19pm
ကဗျာလေးတွေ ဝေဖန်ပေးကြပါဦးဗျာ....
“ ည' ဖြစ်ကြောင်း ပြောသွားတဲ့ တနင်္ဂနွေ ”

 ဘယ်သူ စိုက်ပျိုးတဲ့ တောအုပ်လဲ…
နေပြောက် ထိုးလောက်စရာ မရှိအောင်ဘဲ
ပိန်းပိတ်လှချည့်…
 ပန်းတိုင်း ပွင့်ဖူးခွင့် ရှိသော နွေဦးမှာတောင်
ကိုယ့်အမှောင် နဲ့ ကိုယ် လုံလောက်နေခဲ့
ဒီ ခင်တန်း ဒီ ချိုင့်ဝှမ်း
ဒီ ဆူးရိုင်း ချုံခက်တွေ ဖြန့်ကျက်လို့
နက်သထက် နက်ကြောင်း
တော´ က တော´ ပီသထားရဲ့
လေမိုး ပြက်ထရာ…
မြောက်လေ သုန်နွဲ့ရာ…
သစ်ကြီး ၀ါးကြီး ကျွမ်းမြိုက်ရာ…
ချောင်းရိုးတလျှောက်လို တသွင်သွင်ပေါ့…
 ညှင်းသွဲ့ လင်းလဲ့သော အခါ မရှိ၊
စိုးစီ ရစ်သီသော အခါ မရှိ၊
နှစ်စဉ် နှစ်စဉ်
အုံ့ဆိုင်းလာသော အမှိုင်းအမွှားများပဲ…..
နေ့စဉ် နေ့စဉ်
သိုင်းရီလာသော အနွယ်အခက်များပဲ…..
အရိုင်းဆန်ထားပြီး…
စမ်းကလေး တစ်ပေါက်မှ မစီးလွင့်
ဆားကလေး တစ်ကျင်းမှ မကြဲချင့်ဘဲ
ကြမ်းထ သွေ့နွမ်းမှုသက်သက်သာ
အထပ်ထပ် တော်လည်းပဲ့တင်ထားတော့…..တယ်။ ။

( သိင်္ဂါရ )
3rd August 2009
saw gangster Comment by saw gangster on July 21, 2009 at 9:58am
......လိပ်ပြာ.....
သူငယ်ချင်းထက်...
အိပ်မက်တွေပို...
ရင်ဖိုမြတ်နိုး.....
ကိုယ့်စိတ်တွေ မရိုးတော့ဘူးကွာ.....။ ။
saw gangster Comment by saw gangster on July 21, 2009 at 9:56am
အလွမ်းဆိုတာ....
ကမ်းမရှိတဲ့ ပင်လယ်လို
လှိုင်းထန်လှုပ်ခတ်လွန်းတယ်.....ကွာ
ဏီမိုးz Comment by ဏီမိုးz on March 22, 2009 at 8:38am
အင် ဟိုဟာလေ ကျနော် အဲ
ye myat thu Comment by ye myat thu on March 7, 2009 at 9:17am
ရူပဗေဒဆိုညွန်းပြသည်
ဒြစ်စဉ်တခု အမှုန်နဲ့ထုက ၊ ဓာတ်တွေလွင့်ပါးပျက်မသွားဘဲ ၊ ဒြစ်စဉ် သစ် သာ ဖြစ်ပေါ်လာသည်၊ ထို့ကြောင့်မျှော်ကိုး သင်ဖိုထိုးလော။
ပြဒါးမှရွှေ ဖြစ်နိုင်ပေသည်။
CHAOS ညွန်ပြ ဒီလောကဝယ် ပရမ်းပဒါ ဖြစ်ကြပါလည်း အားလုံးလိုက်နာ စည်းချက်သာဟု ညွန်းပြ သုံးသပ်ကြသည် နွားမပေါင်ကြိုး ကမ်းပါးပြို။ ခဏပေါင်တုန်း မိန်းမငို။
ဟောကင်းသုံးသပ်အဆုံးဖြတ်တွင် စင်္ကြာဝဋာ နေရာအလိုက် အချိန်သွားရာ ပြောင်းလဲတာကြောင့် အချိန်ပေါင်နှံရောင်းချရန်နှင့် ချေးရန်ဝယ်ရန် စတ်ရည်သန်သည် အချိန် BANK ထောင်ဦးမယ်ကွဲ့လေး။
ပြင်းအားပျော့အား သတ်မှတ်ထားတဲ့ ထို လေးအားတွင် စာရင်းမဝင် မှတ်မတင်လည်း မင်းလေး ထံနား အမြဲ ရောက်နားကာ ခစား ချင်သား ထိုဆွဲအား ကို မည်သည့် စာရင်းတွင်ထည့်မည်နည်း။
 

Members (127)

MELODYMAUNG LagoonEain moehmaung ခရေငယ် မောင်မိုးသား Harry ခွန်နှင်းစက်သွေး ချစ်သူမောင် thitsinn R-kar htet myat မစ်(စ်)သွန်းသွန်း Yan Aung snow Nay Soe Naing Baby boy screw Zau Seng Awng tharphyo Pinkgold မင်းသိုက်ထွန်း SeptemberDream အိတာ moe81288 kalyar AungMyoHan Black Dream rainmaker minnyoonthit amon niniwin
 
 

About

MBS MBS created this Ning Network.

Badge

Loading…
 

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service