ဘလော့ ပို့စ်မှာ Flash တစ်ခု ဘယ်လို ထည့်မလဲ ?
နောက်မှ ရေးမလို့ ထားတာပါ .. မေးတဲ့လူ နှစ်ယောက် ရှိနေပြီ ဖြစ်လို့ ကျော်ပြီး ရေးလိုက်ပါတယ်။
တစ်ခုခုနဲ့ လုပ်ပြီး ရှိနေတဲ့ flash file(*.swf) ကို ဘလော့မှာ တင်ချင်ရင် .. မိမိမှာ ရှိနေတဲ့ ဖိုင်ကို hosting တစ်ခုခုမှာ အရင်တင်ရပါတယ်။ အဲဒီအတွက်ကို
ဒီမှာ ပြောပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် .swf လို bandwidth များတဲ့ ဖိုင်မျိုးအတွက်တော့ google page က အကောင်းဆုံးပါ။
www.page.google.com အကြောင်းကိုလည်း ခုနက ပို့စ်မှာ ပြောပြီး ဖြစ်ပါတယ်။ တကယ်လို့ google page မရှိဘူးဆိုရင် တစ်ယောက်ယောက်ကို တင်ခိုင်းပြီး သုံးတာ ပိုအဆင်ပြေပါလိမ့်မယ်။ (ဘယ်သူ့ တင်ခိုင်းရမှန်းမသိရင် ကျနော့်ဆီသာ ပို့လိုက်ပါ။ ကျနော်တင်ထားပေးမယ်)
တင်ပြီးပြီဆိုင်ရင် ခုနက နေရာမှာ ပြောထားတဲ့ အတိုင်း လင့်ကူးလာပြီး အောက်က အစိမ်းနဲ့ ပြထားတဲ့ နေရာမှာ ပြောင်းပေးပေါ့။
<embed pluginspage="http://www.macromedia.com/go/getflashplayer" width="
200" quality="high" src="
http://heartbrade.googlepages.com/thanlone.swf" height="
150" wmode="transparent" type="application/x-shockwave-flash"/></embed>
အနီနဲ့ ပြထားတဲ့ size နှစ်ခုကို မိမိထည့်ချင်တာနဲ့ ကိုက်အောင် ပြင်ပေးပေါ့။ ပြီးရင်တော့ ဘလော့ရဲ့ post မှာပဲ ဖြစ်ဖြစ် side bar widget မှာပဲ ဖြစ်ဖြစ် တင်လို့ ရပြီ ဖြစ်ပါတယ်။
အလယ်မှာ ရှိစေချင်တာ ဆိုရင်တော့<center> ခုနက code တွေ ဒီမှာထည့် </center>
ပြီး အဲလိုလေး ညှပ်ပေးလိုက်ရုံပါပဲ။ ကျေးဇူးတင်ပါတယ်ဗျာ ...